ဇန် ၂၆ ရက် နေ့လည်ပိုင်း ဆီဆိုင်မြို့ တိုက်ပွဲအခြေအနေ

Views


-နံနက်ပိုင်းက ခမရ ၄၂၄ ရှိ တပ်ဖွဲ့ဝင်များ ခမရ ၄၂၃ သို့ ပူးပေါင်းခဲ့ပြီး ခမရ ၄၂၄ တပ်ဌာနချုပ်ထဲသို့ ရောက်ရှိလာသော အကြမ်းဖက်သမားများအား လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့။ ရန်သူထိခိုက် အကျအဆုံးများပြား။

-နံနက်ပိုင်း မှစတင်ပြီး ဟိုပုံးမြို့နယ်အတွင်းရှိ နမ့်ဘော်လုံ၊ နားပုံ၊ မတ်ကျောက်၊ ဖောင်းဆိုင်း၊ မိုင်းလန်း ကျေးရွာများသို့ SSPP/SSA ယူနီဖောင်းဝတ် “ဝ” စကားပြော လက်နက်ကိုင် အင်အား ၂၀၀ ခန့် ရောက်ရှိလာခဲ့။

-၀၉၁၅ နာရီခန့်တွင် ရန်သူသေဆုံးအလောင်းနှင့် ဒဏ်ရာရရှိသူများအား Light Truck ကား ၄ စီးဖြင့် သယ်ဆောင်ကာ အလောင်းများအား ရေဖြူရွာအနီး မြှုပ်နှံပြီး ဒဏ်ရာရသူများအား တောလမ်းမှတစ်ဆင့် ကယားပြည်နယ်ဘက်သို့ သယ်ဆောင်သွားကြောင်း မျက်မြင်ဒေသခံရွာသားများ PNO အဖွဲ့ထံ သတင်းပို့

-၁၀၀၀ နာရီခန့်တွင် ခမရ ၄၂၃ သို့ အင်အားဖြည့်ပေးသော စစ်ကူစစ်ကြောင်းများ၊ ဒရုန်းတပ်ဖွဲ့များ ရောက်ရှိ ပူးပေါင်းပြီး လေကြောင်းပစ်ကူ၊ အမြောက်ပစ်ကူဖြင့် ဆီဆိုင်မြို့တွင်းရှိ ရန်သူများအား တုန့်ပြန်တိုက်ခိုက်လျက်ရှိရာ ထိတွေ့တိုက်ခိုက်မှုများ ပြင်းထန်လျက်ရှိ။

-၁၁၁၅ ချိန်တွင် ဆီဆိုင်မြို့ဝန်းကျင် နယ်မြေရှင်းစစ်ကြောင်းတစ်ခုနှင့် PNLO အဖွဲ့မှ ဗကအဆင့်ရှိ မိုးကျော်အဖွဲ့တို့ လွယ်ထွဲရွာ ဦးခွန်စံလှ(ကုန်စုံဆိုင်)အနီး ထိတွေ့တိုက်ပွဲဖြစ်။

- ၁၂၂၀ ချိန် လွယ်ထွဲရွာအနောက်ဘက် တောင်ကုန်းအနီး နယ်မြေရှင်းလင်းနေသော PNA ပသစ ဌာနေ မှ ဦးနေဝင်းထွန်း ဦးစီး အဖွဲ့နှင့် အကဖ အဖွဲ့တို့ ထိတွေ့မှုဖြစ်။

-၁၃၀၀ ချိန် ဦးအောင်ခမ်းထီး ဦးစီး PNO အဖွဲ့မှ ပအိုဝ့်ကျေးရွာ ၄၅၀ မှ ပအိုဝ်လူငယ် ၈၀,၀၀၀ ကျော်အား တပ်အသင့်စုစည်းပြီး KNDF၊ PNLAနှင့် SSA အဖွဲ့များအား တိုက်ထုတ်ရန် နှိုးဆော်စာ ထုတ်ပြန်။

- ၁၄၃၀ ချိန် PNA ဦးနေဝင်းထွန်း ဦးစီးအဖွဲ့ လွယ်ထွဲရွာသို့ ဆုတ်ခွာ အခပ လျက်ရှိရာ သကသ များနှင့် ထိတွေ့မှုပြင်းထန်လျက်ရှိ။

- ၁၄၅၀ ချိန် မ ၄၂၃ အရာရှိရိပ်သာ နောက်မှ သကသ များ တက်လာသဖြင့် မ ၄၂၃ ရှိ အရာရှိစစ်သည်များ၊ Drone တပ်ဖွဲ့ဝင်များနှင့် ရဲတဖဝ များ ပူးပေါင်း တိုက်ခိုက်လျှက်ရှိ။

-၁၅၀၀ ချိန် ဆီဆိုင်မြို့အတွင်း ရောက်ရှိနေသောရန်သူများ ခမရ ၄၂၃ တပ်အား ဝိုင်းပတ်တိုက်ခိုက် လျက်ရှိပြီး ခံစစ်ဆင်တပ်ဖွဲ့ဝင်များ စိတ်ဓာတ်ကြံ့ခိုင်စွာဖြင့် တုန့်ပြန်တိုက်ခိုက်လျက်ရှိ။

#တိုက်ပွဲသတင်းစုံ

Post a Comment

Previous Post Next Post