ကြိုတင်ပြင်ဆင်ထားဖို့ လိုမယ်

Views

 




အထက်အောက် အမိန့်နာခံမှုနဲ့သွားရတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်ဆိုတာထက် အဖွဲ့အစည်းနဲ့ သွားရတဲ့ အင်စတီကျူးရှင်းတစ်ခုမှာ အားမရလို့ပဲဖြစ်ဖြစ်၊ ချပြလို့မရတဲ့ ကိစ္စရပ်တွေဖြစ်ပေါ်လာတိုင်း ထိုးနှက်ကြတာ သဘာဝပါပဲ။ ရန်သူဖက်က အုံလိုက်ကျင်းလိုက်သေတောင် ဖော်ပြလို့မရ၊ ကြွားလို့မရတဲ့ အနေအထားမှာ တိုင်းရင်းသားဆိုတဲ့ ခေါင်းစဉ်ကလည်း ခံထားသေးသကိုး။
--------
နိုင်ငံတစ်ခုရဲ့ တရားဝင် လက်နက်ကိုင် တပ်မတော် တစ်ခု ဖြစ်သလို လိုအပ်တဲ့ ဘတ်ဂျက်ကိုလည်း လိုအပ်သလို စီမံသုံးစွဲပိုင်ခွင့်ရှိတဲ့ အနေအထားကြောင့် ပြိုလဲသွားပြီ၊ ပျက်စီးရပြီလို့တော့ ယောင်လို့တောင် မတွေးမိပါဘူး။ တဖက်အဖွဲ့အစည်း ဝယ်သုံးနိုင်ရင် ကိုယ်တွေလည်း ဖြည့်တင်းနိုင်တဲ့ အနေအထားမျိုးရှိတာမို့ အချိန်တစ်ခုပဲ လိုမှာပါ။ ထွေထွေထူးထူး စိတ်ပူနေတာ မရှိပါဘူး။ သမာရိုးကျဆိုတာထက် ပိုပြီး နည်းပညာကို တွင်တွင် သုံးနေတဲ့ စစ်ပွဲမှာ သမာရိုးကျ မတွေးမိဖို့ပဲလိုတာပါ။
---------
ဒါပေမယ့် အချိန်တန်ရင် နိုင်ငံရေးလမ်းကြောင်းကနေပဲ ဒီစစ်ပွဲတွေကို ဆုံးဖြတ်သွားတာမျိုး ဖြစ်မှာပဲ စိုးရိမ်မိတာပါ။ NCA မှာ ကြီးကြီးကျယ်ကျယ် ဥယောဇဉ် တွေ ရေးခဲ့တဲ့ စောကွယ်ထူးတို့၊ လျန်မှုန်ဆာခေါင်တို့ကိုယ်တိုင် ဒီစာချုပ်ကို ချိုးဖောက်မှတော့ တိုင်းရင်းသားတွေက သစ္စာမရှိတာလား၊ တိုင်းရင်းသားခေါင်းဆောင်တွေကိုယ်တိုင်က ငွေပေးရင် ဝယ်လို့ လွယ်တာလား ဆိုတာ စဉ်းစားစရာ ကိစ္စပါပဲ။
----------
တပ်မတော်ဆိုတဲ့ အင်စတီကျူးရှင်း အားမကောင်းရင် အဖက်ဖက်က ပုန်ကန်လာတော့မယ့် အနေအထားက ဘာဖက်ဒရယ်ခေါင်းစဉ်မှာ သူတို့စိတ်ထဲ ရှိမနေဘူးဆိုတာ သဘောပေါက်ရမှာ ဖြစ်လို့ ပေါက်တဲ့နဖူး မထူးဘူးဆိုသလိုမျိုး ကြိုပြင်ထားဖို့ပဲ လိုပါလိမ့်မယ်။

(နရီမိုး)

Post a Comment

Previous Post Next Post