အားလုံးပဲသတိထားနိုင်အောင်လို့ပါ

Views



တပ်ပြေးတွေထဲက တော်တော်များများ တစ်ဖက်အဖွဲ့အစည်းတွေကိုရောက်နေတဲ့သူတွေရှိနေတာမို့ FB မှာရော တယ်လီမှာပါ ပုံစံအမျိုးမျိုးနဲ့သတင်းလိုက်နှိုက်နေတာ၊ သတင်းတုတွေနဲ့ သွေးခွဲဝါဒမှိုင်းတိုက် နေတာတွေများလာပါတယ်။

-

တပ်မိသားစုဝင်တွေအနေနဲ့ သတိထားဆင်ခြင်နိုင်ကြဖို့နဲ့ သူတို့ဘက်က အယုံသွင်းပြီး သတင်းဘယ်လို လာနှိုက်နှိုက်မပြောကြဖို့လိုပါတယ်။ နောက်တစ်ခုအရေးကြီးတာက မိမိတပ်ထဲက အရာရှိ/စစ်သည်/ မိသားစုဝင်တွေမှာ ဖရဲသီးတွေရှိနေတာတွေသိရရင် ချက်ချင်းသတင်းပို့ကြပါ။

-

ရခိုင်မှာ ဖရဲသီးရဲမေတစ်ယောက်က ကိုယ်တွေယူနီဖောင်းဝတ်လာတဲ့ သောင်းကျန်းသူကို စစ်ကူတွေပါ လို့ ပြောပြီး တံခါးဖွင့်ခေါ်သွင်းပြီး ကိုယ့်တွေရဲ့ စစ်သည်/ရဲမေတွေကို သေနတ်ထိုးချိန်ဖမ်းဆီးသွားတဲ့ ဖြစ်စဉ်ရှိခဲ့တာကြောင့် တပ်တွေမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ အရာရှိ/စစ်သည်/ရဲမေတွေ အနေနဲ့ မိမိတပ်ဝန်းထဲဝင်လာသည့် မည်သူကိုမဆို မသင်္ကာတဲ့မျက်စိနဲ့ကြည့်ပြီး သေချာစစ်‌ဆေးကြဖို့ လိုအပ်ပါတယ်။

-

လုံခြုံရေးအသိ/အမြင်ရှိကြဖို့ တိုက်တွန်းအပ်ပါတယ်။



#MinChitOo

Post a Comment

Previous Post Next Post