အရှေ့တောင်တိုင်းမှသည် တစ်နိုင်ငံလုံးဆီ

Views


၁၀၂၇ ခေါင်းစဉ်တပ် ကျူးကျော်စစ်၊ AA ရဲ့ ပုန်ကန်စစ် တွေမှာ တစ်ဖက်နိုင်ငံရဲ့ Drone နည်းပညာ ထောက်ပံ့မှု၊ ၂၀၂၁ အရေးအခင်းကို အားပြုပြီး မသိနားမလည်သူတွေရဲ့ အားကိုယူသွားတဲ့ အင်အားသာလွန်မှု တို့ကြောင့် တပ်မတော်ဟာ နယ်မြေအချို့မှ ခေတ္တစွန့်ခွါပြီး ရန်သူ့ထိုးစစ်ကို အလူးအလဲ ခုခံခဲ့ရပါတယ်။

-

နှစ်ပေါင်း ၇၀ ကျော် တည်ဆောက်ခဲ့တဲ့ တပ်မတော် ဟာ ရန်သူ့ စစ်ဆင်ရေးရဲ့ အတိမ်အနက်ကို နားလည်ပြီး ပြင်ဆင်စုဖွဲ့နေချိန်မှာပဲ ရတခမှာ ရန်သူ KNU+KTLA+PDF+etc., အဖွဲ့ပေါင်းများစွာ စုဖွဲ့ပြီး ကော့ကရိတ်၊ သင်္ကန်းညီနောင် နဲ့ မြဝတီ တို့ကို တိုက်စစ်ဆင်ခံရပြန်တယ်။ သင်္ကန်းညီနောင်ဗျူဟာနဲ့ ကွပ်ကဲမှု အောက်တပ်တွေဟာ ရန်သူ့ထိုးစစ်ကို အသေအလဲ ရသလောက် ခံချခဲ့ပေမဲ့ အင်အားမမျှတတဲ့အတွက် သင်္ကန်းညီနောင် ကို လက်လွှတ်ခဲ့ရပြန်တယ်။

-

နိုင်ချင်ကြက်လိုဖြစ်နေတဲ့ ရန်သူဟာ သင်္ကန်းညီနောင်ကို ရပြီးပြီးချင်းမှာ မြဝတီမြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၅ ကို ဆက်လက် တိုက်စစ်ဆင်ခဲ့တယ်။ ပထဝီ အနေအထားအရ စစ်မဟာဗျူဟာ အရေးကြီးမြေတွေ ပတ်ချာလည်ကနေ လက်နက်ကြီးနဲ့ ပုံသေပစ်ကြောင်းဆင် ပစ်ခံနေရတဲ့အတွက်ရော တစ်နေရာတည်း ကွက်ကွက်လေးကျန်နေတဲ့ အနေအထားအရရောကြောင့် ရတတမခ(၄၄)နဲ့ ခလရ(၂၇၅) မှ ခေတ္တဆုတ်ခွါပြီး မြဝတီ အမှတ် ၂ တံတားနဲ့ အနည်းငယ် လှမ်းတဲ့နေရာမှာ နယ်စပ်ကိုကျောပေးရင်း ရန်သူကို ဆက်လက် ခံစစ်ဆင်ခဲ့တယ်။

-

အဲ့ ကာလအခိုက်အတန့်ကတော့ ရန်သူ့အတွက် မဟာအောင်ပွဲပါပဲ။ အွန်လိုင်းပေါ်မှာ မသိရင် မြဝတီ၊ သင်္ကန်းညီနောင် ကို သူတို့ရသွားသလို ဝါဒဖြန့်ကြတာ ပွက်လောကိုရိုက်လို့၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဟာ အဲ့အချိန်မှာ အခြေအနေကိုသုံးသပ်ပြီး စစ်ဦးစီးအဖွဲ့ကို အရှေ့တောင်တိုင်း စစ်ဌာနချုပ်ကို ရွေ့ခဲ့တယ်။

-

တပ်မတော်ရဲ့ ဒုတိယ အကြီးဆုံး အကြီးအကဲ ဟာ ရတခ ကိုရောက်ရောက်ချင်းမှာပဲ လိုအပ်တာမှန်သမျှ ပြင်ဆင်စုဖွဲ့စေပြီး ဆုံးရှုံးသွားတဲ့ သင်္ကန်းညီနောင်နဲ့ ခလရ(၂၇၅) ကို ပြန်လည်ရရှိရေး ကွပ်ကဲခဲ့ပါတယ်။ တပ်မတော်သားတွေဟာ သူတို့ရဲ့ ဒုအကြီးအကဲ ရတခမှာ ထိုင်ပြီးလိုတာတွေဖြည့်ဆည်းပေးနေတယ်ဆိုတဲ့ စိတ်ခွန်အား၊ ရတတမခ(၄၄)တပ်မမှူးရဲ့ စစ်သားဆန်စွာကွပ်ကဲမှုနဲ့ ကြီးကြပ်မှု၊ Drone တပ်ဖွဲ့အသစ်မှ အရာရှိ/စစ်သည်တွေရဲ့ တိကျသောပစ်ကူပေးမှုတွေနဲ့အတူ ဒူးမထောက် လက်မမြှောက် ပြန်လည်တိုက်စစ် ဆင်လာလိုက်တာ မနေ့ကဆို ခလရ(၂၇၅) မှာ အောင်လံ ပြန်လွှင့်နိုင်ခဲ့ပြီး ကော့ကရိတ်မြို့တစ်မြို့လုံးကို လွှမ်းခြုံရှင်းလင်းနိုင်ခဲ့ပါပြီ။ ဆက်လက်ပြီးလဲ သင်္ကန်းညီနောင်မြို့ကို ရရှိရေး အပြင်းအထန် ဆက်လက် ထိုးစစ်ဆင်နေတယ်လို့လဲ သိရပါတယ်။

-

တပ်မတော်အတွက် မြဝတီ ဟာ တစ်နိုင်ငံလုံးမှာ ဆင်နွှဲနေရတဲ့ သောင်းကျန်းသူ စစ်ဆင်ရေးအတွက် ကြီးမားတဲ့ အလှည့်အပြောင်းပါပဲ။ အင်းဝခေတ် နန်းတော်နားထိ ရောက်လာတဲ့ တရုတ်တပ်တွေကို အထိနာပြီး အလှည့်အပြောင်းဖြစ်စေခဲ့တဲ့ ဆင်ဖြူရှင်မင်းတရားရဲ့ သုံးဆယ်တိုက်ပွဲ၊ ဗကပ ဘုန်းဘုန်းလဲစေခဲ့တဲ့ ဗိုလ်ချုပ်ကြီးထွန်းရီရဲ့ ဟိုက်ကမ်းပါးတန်ပြန်တိုက်စစ်၊ KNU ရဲ့ အမာခံစခန်းတွေ လက်လွှတ်ခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးတင်လှရဲ့ ဝါးခသစ်တိုက်စစ်တွေဟာလဲ ဒီလိုပဲ အလှည့်အပြောင်း တစ်ခုကို ရလိုက်တာပါပဲ။

-

ခုဆို တပ်မတော်ဟာ ပြည့်သူ့စစ်မှုထမ်းဥပဒေအရ တပ်မတော်ထဲရောက်ရှိလာတဲ့ အင်အားစု၊ အရန်စစ်မှု ထမ်းဥပဒေအရ ရောက်ရှိလာတဲ့ အင်အားစုတွေနဲ့အတူ အင်အားပြန်တောင့်တင်းလာသလို မကြာသေးမီကမှ အရေးပေါ်ဖွဲ့စည်းခဲ့တဲ့ မောင်းသူမဲ့ တပ်ဖွဲ့ဝင်တွေဟာလဲ တိုက်ရင်းလေ့ကျင့်လာခဲ့တာ ခုဆိုရင် အတော်ကို တိကျစွာ တိုက်ခိုက်နိုင်နေပြီဆိုတာ ကော့ကရိတ် ဒရုန်း မူဗီတွေက သက်သေပါပဲ။

-

ဆိုတော့ နောက်မကြာသေးမှီ ကာလတွေမှာ တပ်မတော်ဟာ အရှေ့တောင်တိုင်းမှာရခဲ့တဲ့ အောင်မြင်မှုလို စစ်မျက်နှာ အသီးသီးမှာ ဦးပြန်မော့လာမယ်လို့ မျှော်လင့်မိပါတယ်။

-

“သင်းသူပုန်များ သံမှုန့်စားတောင် ငါတို့ တပ်မတော်မရှုံးပြီ စိတ်ဓာတ်နဲ့ချီ အောင်မြဝတီသည် ငါတို့၏ အလှည့်အပြောင်းအစဖြစ်သည် .. အရှေ့တောင်တိုင်းမှသည် တစ်နိုင်ငံလုံးဆီ နိုင်ငံတော်အလံ ပြန်လွှင့် တင်မည် .. တရားသောစစ်အောင်ရမည်”



မင်းထက်ကျော်ဇော

1 Comments

Previous Post Next Post