ထလော့ မြန်မာ အိုမြန်မာတို့

Views


"တပ်က အုပ်ချုပ်လို့ တိုင်းပြည်မွဲသွားတယ်ဆိုတဲ့ သမိုင်းအလိမ်တွေ ဖော်ရအောင်...."

-

၁၉၆၂ မတိုင်ခင် ဦးနုခေတ်မှာ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံး၊ တပ်မတော်အုပ်ချုပ်လို့ နိုင်ငံမွဲပြာကျသွားတယ်ဆိုတဲ့ သမိုင်းလိမ်ကို ဖော်ကြရအောင်.......

-

အထက်ပါ ခေါင်းစဉ်အရစကားကို နိုင်ငံရေးသမားတွေ တပ်ကို ထိုးချချင်တိုင်း သုံးနေကြစကား ၊ တစ်ချို့ စာပေအပြောသမားတွေ ဒီအကြောင်းကို ပြောလေ့ရှိတယ်။

-

ဒီအကြောင်းကို အစကတော့ဟုတ်မယ် ထင်ခဲ့ရင်းနဲ့ မြန်မာပြည် ပြည်တွင်းစစ်စတဲ့သမိုင်းကို လေ့လာရင်းက ဒီအကြောင်းဟာ မဖြစ်နိုင်ဘူးလို့ သုံးသပ်မိတယ်၊ ဒါနဲ့စာအုပ်တော်တော်များမှာ လိုက်ရှာဖတ်ဖြစ်တယ်၊ ဘယ်စာအုပ်မှာမှ ဦးနုလက်ထက် တိုးတက်လာတာမတွေ့ရဘူး...၊ ဒါပေမယ့် အကြောင်းအရာတစ်ချို့ ကိုးကားချက် တစ်ချို့ကိုရှာတွေ့ခဲ့တယ်....

-

1948 ခုနှစ်မှာ မြန်မာပြည်လွတ်လပ်ရေးရခဲ့တယ် ၊ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ တရုတ်မှာ တရုတ်ပြည်သူ သန်း ၂၀ လောက်သေတဲ့ တရုတ်- ဂျပန် စစ်ပွဲပြီးကာစအချိန်၊ အမေရိကန်က ထိုင်ဝမ်ကို တရုတ်အစိုးရလို့ သတ်မှတ်ထားတဲ့အချိန် ၊ ကူမင်တန်နဲ့ကွန်မြူ နစ်တိုက်လို့ကောင်းနေတဲ့ကာလ၊ အိန္ဒိယနိုင်ငံတောင် အင်္ဂလိပ်လက်အောက်မှာ ဒိုမီနီယံ အဆင့်ပဲရှိသေးတယ် ၊ အိန္ဒိယနဲ့ပါကစ္စတန် ခွဲထွက်ပြီး သီခြားနိုင်ငံအဖြစ်လွတ်လပ်ရေးယူဖို့ ကြိုးစားနေဆဲကာလ...၊ ဘင်္ဂလားဒေ့ရှ်ဆိုတာက အိန္ဒိယမှာ အိန္ဒိယနဲ့ ပါကစ္စတန်နှစ်ခြမ်းကွဲ၊ ပါကစ္စတန်မှာ အရှေ့ပါကစ္စတန်နဲ့ အနောက် ပါကစ္စတန် နှစ်ခြမ်းထပ်ကွဲပြီးမှ ဖြစ်လာတဲ့နိုင်ငံဆိုတော့ အဲဒီအချိန် နိုင်ငံတောင် မဖြစ်သေးဘူး။ ထိုင်းမှာ ကလဲ ကမ္ဘောဒီးယား၊ လာအိုတို့နဲ့ စစ်ပွဲထဲ သူသိမ်း ကိုယ်သိမ်းနယ်နိမိတ်တွေခွဲနေရတဲ့အချိန်ဖြစ်သလို နိုင်ငံထဲမှာ ထိုင်းစစ်ဘက်က အာဏာ ယူထားရတဲ့အချိန်။ ထိုင်း-အမေရိကန်တောင် မဟာမိတ်ကောင်းကောင်း မဖွဲ့ရ သေးဘူး။

-

ဗီယက်နမ်ဆိုတာက ပြင်သစ်လက်အောက်ကနေ ဗီယက်နမ်ကို တိုက်ယူနေရတဲ့အချိန်၊ အမေရိကန်ပါတဲ့ နာမည်ကြီး ဗီယက်နမ်ပြည်တွင်းစစ်ပွဲ မစသေးတဲ့အချိန်ဖြစ်နေတယ်။ စင်ကာပူက အင်္ဂလိပ် လက်အောက်မှာပဲ ရှိသေးတယ်၊ မလေးရှားနဲ့စင်ကာပူ သီးခြားစီနိုင်ငံဖြစ်လာမယ်ဆိုတဲ့ အစီအစဉ်တောင် မရှိသေးဘူး။



------------------------------




ဒီလို အာရှမှာ ဘယ်နိုင်ငံမှ ကောင်းမွန်စွာ မရပ်တည်နိုင်သေးတဲ့အချိန်မှာ ကိုယ့်မြန်မာ ခေါင်းဆောင်တွေကောင်းလို့ လွတ်လပ်ရေးစောစောရခဲ့တယ် ၊ ဒုတိယကမ္ဘာစစ်ရဲ့ဒဏ်၊ ဂျပန်အဝင် အင်္ဂလိပ်အထွက် ၊ အင်္ဂလိပ်ဝင် ဂျပန်ထွက် စစ်ဒဏ်အကြိမ်ကြိမ် နှစ်ရှည်ခံရတဲ့နိုင်ငံ ဘယ်လိုချမ်းသာခဲ့လဲ ၊ ဘယ်သမိုင်းမှာ မှ မရှိခဲ့ဘူး ။

-

အဲ့ဒီအချိန် နိုင်ငံရေးမှာ နာမည်ရတာ ဦးနု ၊ ဦးနုအကြောင်းရှာဖတ် ဘယ်စာအုပ်မှာရှိလဲ ၊ နေရင်းထိုင်ရင်း ခိုးဝင်တွေကို တိုင်းရင်းသားတစ်ခု သတ်မှတ်ပေးမယ်၊ ဘူးသီးတောင်မောင်တောနယ်က မေယုခရိုင်ကို သီးခြားပြည်နယ်ပေးမယ်ဆိုတဲ့ကိစ္စပဲရှိတယ်....၊

-

ပြည်တွင်းရေးကို ပြန်ကြည့်မယ်၊ လွတ်လပ်ရေးရပြီး ၃ လကြာမှာ ကွန်မြူ နစ်ကတောခိုတယ် ၊ ၁၉၄၉ ဇန်နဝါရီ ၂၇ မှာ ကရင်လက်နက်ကိုင်တွေက တောင်ငူကို သိမ်းလိုက်ပြီး ၊ မကြာခင်မှာ အထက်မြန်မာပြည်ဘက် ပျဉ်းမနား ၊ ရမည်းသင်း ၊ ပျော်ဘွယ်၊ မိတ္ထီလာ ၊ မန်းလေး၊ မေမြို့ကို ကရင်အဖွဲ့ KNDO တွေသိမ်းတယ် ၊ မြင်းခြံ၊ ပခုက္ကူ ၊ ချောက်၊ ရေနံချောင်း၊ မကွေး၊ မင်းဘူးကို ရဲဘော်ဖြူနဲ့ ကွန်မြူ နစ်က သိမ်းတယ် ၊၊

-

အောက်ပိုင်းမှာဆို အင်းစိန် ၊ တောင်ငူ ၊ ညောင်လေးပင်ကနေ သထုံ၊မော်လမြိုင်၊ ပြည်နဲ့ မြစ်ဝကျွန်းပေါ် ကိုသိမ်းတယ်၊ ရန်ကုန်တစ်ကွက်ထဲ အုပ်ချုပ်နိုင်တဲ့ အစိုးရလက်ထက်က ကမ္ဘာ့အတိုးတက်ဆုံးနိုင်ငံ ဖြစ်မလား.....။



----------------------------




အစိုးရဘက်ကိုပြန်ကြည့်ရရင် ဘဏ္ဍာရေး အသုံးစားရိတ်ပြတ်လို့ အစိုးရအမှုထမ်းတွေကို ၁၅% ကနေ ၃၀% ဖြတ်လို့ ၁၉၄၉ ဖေဖော်ဝါရီလမှာ အမှုထမ်း သပိတ်ကဖြစ်နေပြီ ၊ ဖဆပလက နှစ်ခြမ်းကွဲတယ်၊ နိုင်ငံရေး အုပ်စုတိုင်းမှာ လက်နက်ကိုင် အဖွဲ့တွေကိုယ်စီနဲ့ ၊ လွတ်လပ်ရေးရပြီး တစ်နှစ်မကြာခင် စုတ်ပြတ်သတ် ဖွာလန်ကျဲနေတဲ့နိုင်ငံ...၊

-

ကရင် ပြဿနာက မပြီးသေးဘူး၊ ပဒေသရာဇ်ဇာတ်လမ်းတွေ စလာတယ် ၊ ရှမ်း၊ ကချင် ၊ မွန်၊ ရခိုင် ပြည်နယ်ခွဲထွက်ခွင့်တွေ တောင်းလာတယ် ၊ ရှမ်းနိုင်ငံ၊ ဝမ်ပေါင်နိုင်ငံ ဇာတ်လမ်းတွေ စလာတယ် ၊ အဲ့ဒီအချိန်မှာ နိုင်ငံရေးသမားတွေ အာဏာလုပုံစာအုပ်တွေ ရှာဖတ်ကြည့် စိတ်ပျက်စရာတွေ ၊ ဘယ်သူက အာဏာရှိမှန်းမသိတဲ့ ခေတ်စနစ်နဲ့ နိုင်ငံကို ဘယ်လိုအတိုးတက်ဆုံးနိုင်ငံဖြစ်လာရတာလဲ၊ စဉ်းစားလို့တောင် မရဘူး....၊

-

စင်္ကာပူက မြန်မာကို လာအတုယူတာက အင်္ဂလိပ်တွေ မြို့တည်၊ လမ်းဖောက်ထားပုံတွေကို လာအတုယူတာ၊

အဲ့ချိန်မှာ မြန်မာတွေတည်တဲ့ မြို့လမ်းက လက်ချိုးရေလို့ရတယ် (ကြံဖန် ဂုဏ်ယူမနေနဲ့)



----------------------------

အခုလို ပြည်နယ်နဲ့ တိုင်းတွေ မရှိသေးတဲ့အချိန် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာမှာ ၁၉၆၂ ခုနှစ်အထိ သံမဏိ စက်ရုံ ၊ ဂုန်နီစက်ရုံ ၊ ပန်းကန်စက်ရုံ ၊ သကြားစက်ရုံ၊ ဘိလပ်မြေစက်ရုံပေါင်း စုစုပေါင်း ၁၀ ရုံပဲရှိတယ်၊ အကြွေးက အမေရိကန် ၊ အိန္ဒိယ ၊ ပါကစ္စတန် ၊ ရုရှား ကမ္ဘာ့ဘဏ်တွေက ပတ်ချေးထားတာ အကြွေး ၃၈၇၃ သိန်းတင်နေပြီ..

-

အိမ်စောင့် အစိုးရဖြစ်တဲ့အချိန်ထိ တိုးတက်တဲ့ သမိုင်းမရှိခဲ့ဘူး၊ စုတ်ပြတ်သတ် အကြွေး ဗရပွတွေပဲရှိတယ်....၊

-

၁၉၅၀ ကိုရီးယား စစ်ပွဲဖြစ်တော့ ဆန်ဈေးတွေတက်လို့ အဲ့ဒီကာလမှာ ဦးနုအစိုးရက အမေရိကန်နဲ့ပေါင်းပြီး ပြည်တော်သာ စီမံကိန်းထလုပ်တယ် ၊ စီမံကိန်းစတဲ့ ၁၉၅၃ မှာ အစိုးရလက်ထဲမှာ ၁၂၆.၈၇ ကုဋေပဲရှိတယ်၊ ကုန်မှာက ကုဋေ ၇၅၀ ၊ လိုတာကို ပြည်ပက ချေးမယ်ဆိုပြီးစခဲ့ကြတယ်။

-

မကြာခင် ဆန်ဈေးကြတော့ ၁၉၉၅ မှာ အစိုးရလက်ထဲ ၃၆ ကုဋေပဲကျန်တော့တယ် ၊ တရုတ်ဖြူ ကျူးကျော်တာကို တိုက်လို့ အမေရိကန်ကလဲ မကူညီတော့ဘူး ၊ ဘာစီမံကိန်းမှ မအောင်မြင်ခဲ့ဘူး...၊ ၁၉၅၉ ကထဲက တိုင်းပြည်က ဘာမှ မကျန်အောင် မွဲနေပြီ။

-

သွင်းကုန် ကုမ္ပဏီ ၂၅၂၀ မှာ နိုင်ငံခြားသား ကုမ္ပဏီက ၃၈၀ ၊ ကုမ္ပဏီထပ်လျှောက်တာက ၄၇၄၇ ရှိတယ်၊ တစ်နိုင်ငံလုံးထုတ်ကုန် မရှိဘဲ သွင်းကုန်ဘဲ လုပ်နေရတဲ့အဖြစ် ၊ အစိုးရကမွဲ ၊ နိုင်ငံရေးသမားတွေကကွဲ ၊ လက်နက်ကိုင်တွေက ခွဲနဲ့ ဘယ်လိုလုပ် အာရှ အတိုးတက်ဆုံး နိုင်ငံဖြစ်လာရတာလဲ၊ ရန်ကုန်တက္ကသိုလ်ကြီး ကရော ၊ မြန်မာတွေဆောက်ထားတာ မှတ်လို့လား.....။

-

နိုင်ငံရေးသမားတွေ တစ်စစီမွှေလို့ စုတ်ပြတ်သတ်ဖွာလန်ကျဲနေတဲ့နိုင်ငံက အာရှအချမ်းသာဆုံးဆိုတာ ဖြစ်နိူင်လား.....?။

-

ခေတ်အဆက်ဆက် စာအုပ်တွေ ပြန်လှန်ရှာဖတ် ၊ အိမ်စောင့်အစိုးရလက်ထက် အချမ်းသာဆုံးဆိုတဲ့ သမိုင်းလေးတွေ့ရင်လာပြ ၊ ဒီလောက်စုတ်ပြတ်သတ်နေတဲ့ နိုင်ငံကို တပ်က ထိန်းခဲ့တဲ့ သမိုင်းပဲတွေ့ရတယ် ၊ ဒါပေမယ့် ဘယ်တပ်ခေါင်းဆောင်မှ ငါတို့ လက်ထက်ထဲကို အိမ်စောင့်အစိုးရက စုတ်ပြတ်သတ်နေတဲ့ တိုင်းပြည်ကြီးထိုးထည့်သွားပါတယ်လို့ အောက်လုံးမထိုးဘူး၊ သူလုပ်စရာရှိတာ လုပ်သွားတယ်.....။

-

(တစ်ချို့ နိုင်ငံရေး ဂျင်းဆိပ်တွေက သိပ်ပြင်းတယ် ၊ ဒါ့ကြောင့်တစ်ချိန်က မြန်မာဟာ အာရှမှာ အချမ်းသာဆုံး တပ်က အုပ်ချုပ်လို့မွဲသွားတယ်ဆိုတဲ့ သမိုင်းလိမ်ကို ဖော်ပြပေးလိုက်တာပါ)

******



ဖတ်ဖူးသမျှ လေ့လာဖူးသမျှ မူရင်း သမိုင်းလေ့လာသူအားလုံးအား & မူရင်းကလောင်ရှင် credit ပေးပါသည်။

Post a Comment

Previous Post Next Post