(Unicode)
KNU အဖွဲ့ဟာ ၁၅-၁၀-၂၀၁၅ ရက်နေ့မှာ NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်၊ လက်ရှိ KNU ၏ ခေါင်းဆောင်မှု အခန်းကဏ္ဍတွင် အဖွဲ့ ၃ ဖွဲ့ကွဲ နေတာကို တွေ့ရတယ် -
- NCA အတိုင်းဆက်လက် ဖော်ဆောင်သွားမယ့်အဖွဲ့၊
- NUG အကြမ်းဖက်နဲ့ ပူးပေါင်းဆောင်ရွက်ချင်တဲ့အဖွဲ့၊
- အားသာတဲ့ဖက်ကို လိုက်ပါဆောင်ရွက်သွားနိုင်တဲ့ အဖွဲ့ဆိုပြီး ၃ ဖွဲ့ရှိတယ်။
KNU ရဲ့ ဥက္ကဌ စောမူတူးစေးဖိုးကတော့ NCA အတိုင်း ဆက်လက်ဆောင်ရွက်သွားဖို့၊ နိုင်ငံရေးပြဿနာတွေကို စားပွဲဝိုင်းမှာပဲ ဖြေရှင်းဆောင်ရွက်ချင်တဲ့ ဆန္ဒရှိပါတယ်။ ဒါပေမယ့် လက်အောက်ကအဖွဲ့တွေက အနောက်နိုင်ငံနဲ့ NUG ရဲ့ ထောက်ပံ့နေတဲ့ ငွေကြေးတွေကိုမက်မောမှုတွေကြောင့် ယခုကရင်ပြည်နယ်မှာ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေရခြင်းဖြစ်ပါတယ်။
တိုက်ပွဲပြန်လည်ဖြစ်ပွားရတဲ့ အကြောင်းရင်းကတော့ PDF အကြမ်းဖက်တွေကို လက်ခံထားလို့ ဖြစ်တယ်၊ တပ်မတော်အနေနဲ့ PDF အကြမ်းဖက်တွေကို နယ်မြေဝင်ရောက်ရှင်းလင်းတဲ့အခါမှာ NCA ကိုလိုက်နာပြီး KNU က ခေါင်းဆောင်ပိုင်းတွေကို ဆက်သွယ်အကြောင်းကြားကာ KNU ခေါင်းဆောင်ပိုင်းတွေက လက်ခံလို့ နယ်မြေရှင်းလင်းရေး ဆက်လက်ဆောင်ရွက်ခဲ့တာဖြစ်တယ်၊
အဲ့ဒီလိုနယ်မြေရှင်းလင်းတဲ့အခါမှာ အနောက်နိုင်ငံနဲ့ NUG ရဲ့ ထောက်ပံ့မှုတွေကို လက်ခံထားတဲ့အဖွဲ့တွေက စတင်ပစ်ခတ်ခဲ့လို့ ယခုလိုတိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားလာရခြင်း ဖြစ်ပါတယ်၊
တိုက်ပွဲတရားခံနယ်ဒါးမြဟာလည်း KNU ဗဟိုအဖွဲ့က အူးဟူချောင်းတံတားက ဆောက်လုပ်ရေး လုပ်သား (၂၅)ယောက်ကို ရက်ရက်စက်စက်သတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး အဖွဲ့က အပြီးအပိုင်ထုတ်ပယ်ပြီး ဖြစ်ပါတယ်၊ ဒါ့အပြင် နယ်ဒါးမြက PDF အကြမ်းဖက်၊ KNDO က အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကော်သူးလေ Army ဖွဲ့စည်းခဲ့ပါသေးတယ်၊ နယ်ဒါးမြကို ကြည့်မယ်ဆိုရင် ကရင်ခေါင်းဆောင် စောဘိုမြရဲ့သားဆိုပြီး အနောက်နိုင်ငံတွေနဲ့ ပြည်ပြေးအချို့က မြှောက်ပေးလိုက်တော့ မြင်းကိုဂျိုတပ်ပေးသလို ဖြစ်သွားတယ်။ နယ်ဒါးမြရဲ့ စစ်ရေးသမိုင်းကြောင်း လောက်လောက်လားလား မရှိပါဘူး။
ပြီးတော့ လမ်းမှားလိုက်နေတဲ့ ဗမာလူရွယ်လေးတွေကို ရှေ့တန်းကျကျ အသေခံတိုက်ခိုင်းပြီး သူတို့ကျတော့ ဆီဦး ထောပတ်နဲ့ ဇိမ်ခံနေပြီး အလှူခံငွေတွေ၊ ထောက်ပံ့ကြေးတွေကို လက်ဝါးကြီးအုပ်ထားတယ်။ ဒါကြောင့် နယ်ဒါးမြက အကြမ်းဖက်အဖွဲ့တွေ့နဲ့ပူးပေါင်းပြီး တရားမဝင်အဖွဲ့ ဖွဲ့စည်းထားတာကြောင့် ၎င်းအဖွဲ့ကို တပ်မတော်က ဘယ်တော့မှ လက်ခံဆွေးနွေးသွား မှာမဟုတ်ဘူးဆိုတာ သေချာသလောက်ပါပဲ။
ယခုလိုတိုက်ပွဲများ ပြန်လည်ဖြစ်ပွားနေပေမယ့် တပ်မတော်အနေနဲ့ကတော့ NCA အတိုင်းလိုက်နာ ဆောင် ရွက်ပြီး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လျက်ရှိပြီးတော့ NCA က ဆက်လက် အသက်ဝင်နေဦးမလားဆိုတာကတော့ KNU/KNLA ခေါင်းဆောင်ပိုင်းတွေရဲ့ လက်တွေ့ကျတဲ့ လုပ်ဆောင်မှုအပေါ်မှာ မူတည်ပါတယ်ဆိုတာ ပြောပြချင်ပါတယ်။
#KT