အကြမ်းဖက်သမားတွေကို ဘာလုပ်သင့်လဲ

Views

 အကြမ်းဖက်သမားတို့၏ သွားရာလမ်း

--------------------------

ရန်ကုန်မြို့ပေါ်မှာရှိတဲ့ လှိုင်၊ မရမ်းကုန်း၊ 

ကမာရွတ်၊ အင်းစိန်မြို့နယ်တွေမှာ 

အပြစ်မဲ့ပြည်သူတွေကို 

အနီးကပ် လုပ်ကြံသတ်ဖြတ်မှုတွေလုပ်ခဲ့တဲ့ 

လှိုင် PDF အဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးရမိထားကြောင်း သိရှိရပါတယ်။


စစ်ကြောချက်တွေအရ 

အဲဒီအဖွဲ့က 

လုပ်ကြံသတ်ဖြတ်ခဲ့သူစုစုပေါင်း ၁၆ ဦးရှိပြီး 

၁၄ ဦးသေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိခဲ့ပါတယ်။ 


ထုံးစံအတိုင်းပဲ NUG အဖွဲ့ရဲ့ HIT LIST အရ 

အဲ့ဒီအဖွဲ့ကို ဦးဆောင်ခဲ့တဲ့ NLD ပါတီ 

အင်းစိန်လွတ်တော်အမတ်ဟောင်း ဝေဖြိုးဟန်က 

လုပ်ကြံသတ်ဖြတ်မှုတွေကို စီစဉ်ကြိုးကိုင်ခဲ့ပြီး 

သူတို့ရဲ့ အဓိကပစ်မှတ်တွေကတော့ 

ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေနဲ့ 

စစ်မှုထမ်းဟောင်းတွေဖြစ်ပါတယ်။


လုပ်ကြံသတ်ဖြတ်သူတွေက 

အသတ်ခံရသူတွေနဲ့ ရန်ညှိုးရန်စ မရှိသလို 

ခင်မင်ရင်းနှီးသူများလည်း မဟုတ်ကြပါဘူး၊ 

ငွေကြေးရလိုမှုနဲ့ NUG အဖွဲ့ရဲ့ စေ့ဆော်မှုတွေကြောင့် လူသတ်တဲ့ ရာဇဝတ်မှုကို 

အလွယ်တကူ/ရည်ရွယ်ချက်ရှိရှိ 

ကြိုတင်စီမံပြီးတော့ လုပ်ခဲ့ကြတဲ့ အကြမ်းဖက်လုပ်ရပ်များသာဖြစ်ကြောင်း အလွယ်တကူ သိ

ရှိနိုင်ပါတယ်။


အသတ်ခံရသူများက 

သာမန်အရပ်သားပြည်သူများဖြစ်သလို

မိသားစုနဲ့ အေးချမ်းစွာနေထိုင်နေကြသူများဖြစ်ပြီး

သူတို့စွပ်စွဲထားတဲ့ ဒလန်များလည်း 

မဟုတ်ကြပါဘူး။


အဲ့ဒါကြောင့်လည်း 

ဒီအဖွဲ့လုပ်ခဲ့တဲ့ လုပ်ကြံသတ်ဖြတ်မှုတွေကို 

မြင်တွေ့ကြားသိရတဲ့ ပြည်သူအများစုက 

စိတ်မကောင်း တုန်လှုပ်ခဲ့ကြပါတယ်။


အဲ့ဒီအကြမ်းဖက်သမားတွေက အကြမ်းဖက်မှုဥပဒေများအရ သေဒဏ်ကျခံရမှာဖြစ်ပြီးတော့ 

ဒီလိုပြစ်ဒဏ်ချမှတ်မှုကို NUG အဖွဲ့က တာဝန်ခံ/တာဝန်ယူပြီး ဥပဒေအရ ရင်ဆိုင်မှာမဟုတ်သလို 

အမေရိကန်၊ ဗြိတိန်၊ ဩစတြေးလျနဲ့ 

ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့တွေက 

သေဒဏ်ချမှတ်ခြင်းကို 

ကန့်ကွက်ကြအုန်းမယ်လို့ ထင်ပါတယ်။


တည်ငြိမ်အေးချမ်းမှုကို 

လိုလားတဲ့ ပြည်သူတွေအနေနဲ့စ

ဒီလိုတရားခံတွေကို 

ဘယ်လိုပြစ်ဒဏ်ချမှတ်သင့်သလဲ 

Comment မှာ ဝင်ရေးပေးကြပါအုန်းရှင့်.....


#ခင်ညိုချော



Post a Comment

Previous Post Next Post