တရုတ်-ပါကစ္စတန် ပူးပေါင်းမှု

Views

 

ပါကစ္စတန်ရေတပ်က ကရာချိမြိုအနီးရှိ ရေပြင်တွင် AMAN-23 နိုင်ငံစုံ ရေတပ်လေ့ကျင့်ခန်းအား ဖေဖော်ဝါရီလ ၁၀ ရက်တွင် တရားဝင်ဖွင့်လှစ်ပြုလုပ်ခဲ့ပြီး လေ့ကျင့်ခန်းဖွင့်ပွဲအခမ်းအနားသို ပါဝင်လေ့ကျင့်သည့် တရုတ်တပ်ဖွဲ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
-
ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ ပြုလုပ်ရန်စီစဉ်ထားသည့် လေ့ကျင့်ခန်းတွင် ဆိပ်ကမ်းနှင့် ပင်လယ်ပြင်အပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းပါဝင်ကြောင်း၊  လေ့ကျင့်ခန်းတွင် နိုင်ငံပေါင်း ၅၀ ကျော်မှ စစ်ရေယာဉ်များ၊ လေယာဉ်များ၊ အထူး စစ်ဆင်ရေးတပ်ဖွဲများနှင့် လေ့လာသူအများအပြားပါဝင်ခဲ့ကြောင်း၊ တရုတ်တပ်ဖွဲ များသည် နည်းဗျူဟာမြောက်လေ့ကျင့်မှုနှင့် ဆိပ်ကမ်းတွင် စစ်ရေယာဉ်များသရုပ်ပြမှု ပါဝင်ပြီး ပင်လယ်ပြင်အဆင့်တွင် တရုတ်တပ်ဖွဲများသည် အမြောက်ပစ်ခတ်မှု၊ အကြမ်းဖက်မှုတန်ပြန်နှိမ်နင်းရေးနှင့် ပင်လယ်ဓားပြတိုက်ဖျက်ရေး၊ ပူးတွဲရှာဖွေရေးနှင့် ကယ်ဆယ်ရေးလေ့ကျင့်ခန်းများတွင်ပါဝင်ရန်ဖြစ်ကြောင်း တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်ရေတပ်၏ စစ်ရေးလေ့ကျင့်ခန်းတွင်ပါဝင်သော ပဲ့ထိန်းဒုံးပျံတင် စစ်ရေယာဉ်မှူးဖြစ်သူက ပြောကြားခဲ့ပါသည်။
-
တရုတ်နိုင်ငံသည် ပါကစ္စတန်၏ အကောင်းဆုံးမိတ်ဆွေနှင့် အနာဂတ်တွင် ပင်လယ်ပြင်အတွက် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးအာမခံပေးနိုင်သော မဖြစ်မနေ လိုအပ်သည့် အင်အားကြီးနိုင်ငံဖြစ်ကြောင်း၊ တရုတ်-ပါကစ္စတန် မိတ်ဖက်ဖြစ်မှုက ပင်လယ်ပြင်ကို ပိုမိုငြိမ်းချမ်းပြီး လုံခြုံစေမည်ဖြစ်ကြောင်း၊ ပါကစ္စတန်ရေတပ်သည် တရုတ်ရေတပ်နှင့် ပူးပေါင်းဆောင်ရွက်မှုကို လုပ်ဆောင်လျက်ရှိပြီး အနာဂတ်တွင် ယင်းပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းလိမ့်မည်ဖြစ်ကြောင်း ပါကစ္စတန် ရေတပ်၏ လေ့ကျင့်ခန်းဆိုင်ရာ ဆက်ဆံရေးအရာရှိက လေ့ကျင့်ခန်းဖွင့်ပွဲမပြုလုပ်မီ ပြောကြားခဲ့ပါသည်။
-
AMAN-23 နိုင်ငံစုံပါဝင်သည့် ရေတပ်လေ့ကျင့်ခန်းသည် AMAN လေ့ကျင့်ခန်း များတွင် (၈)ကြိမ်မြောက်လေ့ကျင့်ခန်းဖြစ်ပြီး ၂၀၀၇ ခုနှစ်မှစ၍  ၂ နှစ် တစ်ကြိမ် ပြုလုပ်ခဲ့ကြောင်း၊ ပါကစ္စတန်ရေတပ်က လက်ခံပြုလုပ်သည့် ဤလေ့ကျင့်ခန်းသည် ရေကြောင်းလုံခြုံရေးကို ပူးတွဲထိန်းသိမ်းရန်အတွက် ရည်ရွယ်ကြောင်း၊ AMAN လေ့ကျင့်ခန်းများအပြင် တရုတ်နှင့် ပါကစ္စတန်ရေတပ်တိုသည် အပြန်အလှန် လုပ်ဆောင်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုအား အမြဲတမ်းထိန်းသိမ်းထားခြင်းကို ၂၀၂၂ ခုနှစ် ဇူလိုင်လက ရှန်ဟိုင်းတွင်ပြုလုပ်သည့် Sea Guardians-2 PLAN-PN ပူးတွဲရေတပ် လေ့ကျင့်ခန်းက ပြသလျက်ရှိကြောင်း သိရှိရပါသည်။

 

Post a Comment

Previous Post Next Post