Views
(စတုတ္ထအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ)
အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ဧပြီ ၂၄ ရက်နေ့မှာ စတုတ္ထအကြိမ် အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲ (Working Breakfast) သို့ တက်ရောက်ခဲ့ပါတယ်။
-
ဆွေးနွေးပွဲမှာ -
(၁) အကြမ်းဖက်မှုတိုက်ဖျက်ရေး မြန်မာ-ရုရှားပူးတွဲဥက္ကဌ တာဝန်ယူထမ်းဆောင်နေမှု။
(၂) အာဆီယံ-ရုရှား လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု။
(၂) အာဆီယံမှ မြန်မာနိုင်ငံအား လူသားချင်းစာနာထောက်ထားမှု အကူအညီပေးနေမှု။
(၃) အာဆီယံ-ရုရှား ဆက်ဆံရေးဆိုင်ရာ Coordinator အဖြစ် မြန်မာနိုင်ငံမှ ဆောင်ရွက်မည့်အခြေအနေ။
(၅) မြန်မာနိုင်ငံ၏ နိုင်ငံတော်လုံခြုံရေး ဆောင်ရွက်နေမှုများ။
(၄) SAC ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် ၅ ရပ်ချမှတ်ပြီး လက်ရှိဆောင်ရွက်နေမှုအခြေအနေ။
စတဲ့အကြောင်းအရာများအား ပါဝင်ဆွေးနွေးခဲ့ပါတယ်။
-
ထို့အပြင် -
(၁) လက်နက်ထိန်းချုပ်ရေးနှင့် မပြန့်ပွားရေးအပါအဝင် မဟာဗျူဟာမြောက် တည်ငြိမ်အေးချမ်းရေးနှင့် အာရှ-ပစိဖိတ်ဒေသအတွင်း လုံခြုံရေးအပေါ် ၎င်း၏သက်ရောက်မှု။
(၂) ဒေသတွင်း အင်အားကြီးနိုင်ငံများအကြား တင်းမာမှုမြင့်တက်လာချိန်တွင် အာရှ-ပစိဖိတ်ဒေသ၏ နိုင်ငံရေးနှင့် လုံခြုံရေးအခြေအနေများ။
(၃) သတင်းအချက်အလက် ဖလှယ်နိုင်မှု တိုးတက်လာစေရေးအတွက် အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှု အခြေအနေများ။
(၄) သမားရိုးကျနှင့် သမားရိုးကျမဟုတ်သော လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုများကို တုံ့ပြန်နိုင်မည့် အလား အလာများ။
စတဲ့အချက်များကို ဖော်ထုတ်ဆွေးနွေးခဲ့ကြောင်း သိရှိရပါတယ်။
#KT