အကြမ်းဖက် KNU/PDF များမှ ရထားလမ်းအား မိုင်းခွဲဖျက်ဆီး၊ ရထားတွဲအချို့ လမ်းချော်မှု ဖြစ်ပွား

Views


အေပြီလ ၁၀ ရက်၊ နံနက် ၇ နာရီ ၁၅ မိနစ် အချိန်ခန့်က သထုံမြို့နယ်၊ သိမ်ဆိပ်ဘူတာအထွက် နန်းတောင်းကြီးကျေးရွာ ရထားလမ်းမိုင်တိုင်အမှတ်-၁၂၅/၂ နှင့် ၁၂၅/၃ ကြား တံတားအမှတ် ၇၉ အနီး(လှည်းကူးလမ်း)အား အကြမ်းဖက် KBU/PDF များမှ မိုင်းခွဲဖျက်ဆီးခဲ့၍ ရထားတွဲအချို့ လမ်းချော်ကျမှုဖြစ်ကာ ရပ်တန့်ခဲ့ကြောင်း သတင်းရရှိပါသည်။

လုံခြုံရေးအဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးစဉ် မိုင်းထောင်ဖောက်ခွဲခံရမှုကြောင့် ရထားသံလမ်းအဆက် ပြုတ်ထွက်ကာ ရထား မိုင်းကာတွဲ(၁)တွဲ၊ ရထားစက်ခေါင်းတွဲ(၁)တွဲ၊ နားနေတွဲ(၁)တွဲ၊ ကျောက်ရထားတွဲ(၁)တွဲ ပေါင်း(၄)တွဲလမ်းဘေး ကျလမ်းချော်၍ ရထားကျောက်တင်တွဲ(၁)တွဲမှာ သံလမ်းပေါ်လမ်းချော်တင်နေကြောင်း၊ ကျန်ကျောက်ရထားတွဲ(၁၅)တွဲနှင့် လူသူများ ထိခိုက်မှုမရှိကြောင်း လည်း သိရှိရပါသည်။



Saw Ba Maung

Post a Comment

Previous Post Next Post