❝ လူသိနည်းပေမယ့် ခံစစ်စွမ်းဆောင်ရည်ကောင်းနေတဲ့ ကျင်ဒွေးမြို့သိမ်းတိုက်ပွဲ ❞

Views


၁။ ဒီနှစ်ထဲ စစ်ဆင်ရေးနဲ့ ပတ်သက်ရင် တပ်မတော်ဘက်မှာ အတော်လေး စွမ်းဆောင်ရည် မြင့်မားတဲ့ တိုက်ပွဲတွေရှိခဲ့တယ်။ ဥပမာ လက်နက်ကြီးတွေကို ၉၀ ဒီဂရီပြောင်းတင်ပြီး ပြန်ပစ်ခဲ့တဲ့ ရှမ်းမြောက်က တိုက်ပွဲတွေနဲ့ ကရင်နယ်ဘက်က ချောင်းနှစ်ခွ တိုက်ပွဲတို့ စသဖြင့် ရှိခဲ့တယ်။ ဒီတိုက်ပွဲဖြစ်စဉ်တွေလိုပဲ မထင်မရှားနဲ့ ရက်ပေါင်း/လပေါင်းများစွာ ကြာအောင် ခံစစ် စွမ်းဆောင်ရည်ကောင်းကောင်းနဲ့ ရှိနေတဲ့ “ကျင်ဒွေး”မြို့က စစ်ဆင်ရေးဟာလည်း အတော်လေး ဂုဏ်ယူဖွယ်ရာ ကိစ္စတစ်ခုအဖြစ်နဲ့ရှိနေခဲ့တယ်။

----

၂။ တိုက်ပွဲစတင်ခဲ့တဲ့နေ့ရက်တွေကိုသာ ရေတွက်မယ်ဆိုရင် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂၂ လောက်ကတည်းက စတင်ခဲ့တာဖြစ်လို့ လအားဖြင့် ၄ လတာ ကာလအပိုင်းအခြားကို ရောက်နေတာလည်းဖြစ်တယ်။ ကျင်ဒွေးမြို့ကို တိုက်ခိုက်တဲ့အထဲမှာ ချင်း CDF တွေနဲ့ ယောနယ် PDF တွေ ပူးပေါင်းပါဝင်တိုက်ခိုက်နေသလို မတ်လ ၇ ရက် နေ့ကတည်းက AA အဖွဲ့ကပါ စစ်ရေးမဟာမိတ်အဖြစ်နဲ့ ပူးပေါင်းကူညီ တိုက်ခိုက် ပေးနေတာ တွေ့ရတယ်။

-----

၃။ ကျင်ဒွေးမြို့လေးဟာ အရွယ်အစားအားဖြင့် သေးသေးလေးဆိုပေမယ့် အပြင်ကနေ အင်အား ထောင်ကျော်နဲ့ပိတ်စို့ထားတဲ့ ရန်သူတွေကို လပေါင်းအားဖြင့် အချိန်ကြာမြင့်စွာ ခုခံနိုင်နေခဲ့တာကတော့ အတော်လေး ထူးဆန်းနေတာ တွေ့ရတယ်။ ဒေသခံမြို့နေ လူထုကပါ CDF တွေလက်ထဲ မြို့မကျသွားအောင် တပ်မတော်နဲ့အတူ စွမ်းစွမ်းတမံ ကူပေးနေခဲ့တာကြောင့်လည်း ခုလို လက်လွှတ်မသွားရတာဖြစ်မယ်။ CDF ရဲ့ စနိုက်ပါတောင် မတိုးဘူးလို့ တဆင့်စကားအရ သိရတော့ ခံစစ်တော်တော်ကောင်းတဲ့ အနေအထားလို့ သုံးသပ်မိတယ်။ လက်ရှိ အချိန်မှာ AA ကလည်း မတူပီမြို့ကို ဖြတ်ပြီး စစ်ကူသွားနေလေတော့ နောင်တော့ ဘာဆက်ဖြစ်မလဲ မသိနိုင်ဘူး။ လာမယ့်လတွေဆိုရင် မိုးကျတော့မှာမို့ ဒီပုံစံအတိုင်းသာ ဆက်ပြီး တောင့်ခံနိုင်ရင်တော့ ရန်သူ့ စစ်ဦးကျိုးသွားနိုင်မယ်လို့တော့ ယူဆမိတယ်။



(နရီမိုး)

Post a Comment

Previous Post Next Post