သမိုင်းရဲ့ တရားခံများ မဖြစ်စေလိုပါ

Views



KNU ဗဟိုအနေနဲ့ အပစ်ခတ်ရပ်စဲ NCA လက်မှတ်ရေးထိုးပြီး ဒေသဖွဲ့ဖြိုးရေး တစိုက်မတ်မတ် လုပ်ခဲ့တဲ့အချိန်တုန်းက တော်တော် ခရီးရောက်ခဲ့တယ်လို့ ဆိုရပါမယ်..

လမ်းတွေဖောက်၊ တံတားတွေဆောက်၊ လျှပ်မီးတွေသွယ်တန်းနိုင်ခဲ့ကြတယ်..ကျန်းမာရေးအခန်းကဏ္ဍမှာဆိုရင်လည်း ဝေးလံခေါင်ဖျားတဲ့နေရာတွေကအစ တိုက်နယ်ဆေးရုံတွေ တည်ဆောက်နိုင်ခဲ့တယ်..နှစ် ၆၀ ကျော် ယမ်းငွေ့တွေဝေခဲ့တဲ့ ကရင်မြေကြီးရဲ့ တိုးတက်မှုက ဘေးကကြည့်တဲ့သူတောင် ကြည်နူးစရာပါ..

ငယ်ငယ်ကကြားဖူးခဲ့တဲ့ သတင်းတပုဒ်ရှိသေးတယ်..ဦးသန်းရွှေလက်ထက်တုန်းက တောင်အထပ်ထပ်ရှိတဲ့ သံတောင်ကြီးနယ်မှာ ကရင်ပြည်နယ်ဖွံ့ဖြိုးရေး ဦးတည်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ ညှိနှိုင်းလို့ လမ်းတွေဖောက် လျှပ်စစ်မီးတွေတောင် မရ ရအောင် သွယ်တန်းခဲ့ကြတယ်လို့ သိရပါတယ်..ငြိမ်းချမ်းခြင်းရဲ့ အနှစ်သာရတွေပေါ့..

KNU ဆိုတာ ယျေဘုယျအားဖြင့် သမိုင်းကြောင်း ကောင်းခဲ့တဲ့အဖွဲ့လို့ ဆိုရပါမယ်.စစ်ဆို စစ်ပဲတိုက်တဲ့အဖွဲ့အစည်းမို့ အကြမ်းဖက်မှုဆိုတာ မရှိသလောက်ပါပဲ..



ဒါပေမယ့် မနေ့တနေ့ကမှ ပေါ်လာပြီး အကြမ်းဖက်မှု ဦးတည်နေတဲ့ NUG/PDF ဆိုတဲ့ကောင်တွေနဲ့ တပ်ထဲမှာ အမျိုးမျိုး ပြဿနာတက်ပြီး ကိုယ့်အရှုပ်ထုတ် ကိုယ်မရှင်းနိုင်တဲ့ CDM စစ်ပြေး/ရဲပြေးတွေကြောင့် ငြိမ်းချမ်းရေးက အလှမ်းဝေးသည်ထက် ဝေးလာနေခဲ့ပါပြီ..ကရင်မြေကြီးက ယမ်းငွေ့တွေနဲ့ ဖုံးလွှမ်းသွားခဲ့ပါပြီ..

KNU တို့ သတိချပ်စေချင်တာက အနောက်အုပ်စု၊ ဒေါ်လာစားမီဒီယာတွေနဲ့ အကြမ်းဖက်အုပ်စု NUG/PDF ကြောင့် ကရင်ပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးကို လစ်လျူရှုတော့မှာလား?စစ်မီးတွေ ထပ်မွှေးဦးမှာလား?ဆိုတာပါပဲ

ကရင်မြေကို ချစ်လှပါရဲ့ဆိုတဲ့ KNU တို့ စဥ်းစားကြပါ..ဘာအတွက်၊ ဘယ်သူ့အတွက် စစ်တိုက်နေကြတာလဲဆိုတာ တွေးတော ဆင်ခြင်ကြပါ..

ကျွန်တော့်ရဲ့ ဆန္ဒအရတော့ KNU ခေါင်းဆောင်တို့ကို သမိုင်းရဲ့ တရားခံများ မဖြစ်စေလိုပါဘူး..


Saw Ba Maung(ဖားစည်သံ)

Post a Comment

Previous Post Next Post