တော်လှန်ရေးရဲ့ အဆင့်အတန်း

Views

 တော်လှန်ရေးရဲ့ အဆင့်အတန်း

****************************
ချယ်ရီသင်္ဘောပေါ်မှာ ပါတဲ့သူတွေကလေ
သမ္ဗာန်ခ တကြောင်းကို ၂၀၀ မတတ်နိုင်ကြလို့
ဒီလိုမြစ်ကူး သင်္ဘောကို အချိန်ပေးပြီး စောင့်စီးကြတဲ့
သာမာန် လက်လုပ်လက်စားပြည်သူတွေပါ။
-
ပွင့်ပွင့်လင်းလင်းပြောရရင် အောက်ခြေလူတန်းစား
တွေကို အခုလို အသက်သေကြေပျက်စီးတဲ့အထိ
ထိခိုက်အောင်တိုက်ခိုက်ရင် ဒီတော်လှန်ရေးကြီး
အောင်မြင်လိမ့်မယ်လို့ ယူဆကြလို့လား။ တကယ့်ကို
ရှက်စရာ ကောင်းလွန်းပါတယ်။
-
ဒါတောင် ဒီနေ့က ရုံးပိတ်ရက်မို့လို့ ထိခိုက်သူ
နည်းသွားတယ်လို့ သတ်မှတ်ရမှာပါ။ ရုံးဖွင့်ရက်သာဆိုရင် 
ခုဖြစ်သွားတဲ့အချိန်က အလုပ်ဆင်းချိန်၊ အလုပ်
သိမ်းချိန်မို့ ပိုပြီး ခုထက် ထိခိုက်မှုများမယ့်သဘောရှိပါတယ်။
-
လက်ရှိအချိန်ထိ ၁၇ ဦးထိခိုက်ဒဏ်ရာရပြီး
၅ ဦးက နေရာမှာတင်ဆုံးသွားတယ်လို့ သတင်းတွေ
မှာ ဖတ်လိုက်ရတော့ ဒီအကြမ်းဖက်မှုက Public
Transportation မှာ ရည်ရွယ်ချက်ရှိရှိ လုပ်ကြံမှု
တစ်ခုပါပဲ။
-
တာဝန်ရှိသူတွေအနေနဲ့ ဖမ်းဆီးပြင်းပြင်းထန်ထန်
တုန့်ပြန်ပေးစေချင်ပါတယ်။
-
မင်းတို့ပြောတဲ့..အရေးတော်ပုံဆိုတာ..
ပြည်သူကိုဒုက္ခပေးတဲ့ လုပ်ရပ်တွေကိုပြောတာပါ။
-
ဖမ်းလို့မိရင်တော့ နို့နံ့မစင်တဲ့
သူတော်ကောင်းလေးတွေလိုလို ၊
ဘယ်တော့မှ ကျောင်းမပြီးတဲ့ တက္ကသိုလ်
ကျောင်းသားလေးတွေလိုလို ။
-
မြင်ရတွေ့ရတာ အတော်ကို စိတ်မချမ်းသာ
စရာကောင်းလွန်းလှပါတယ်။ 

 

Post a Comment

Previous Post Next Post