Satanic Game မာရ်နတ်တို့ကစားပွဲ

Views

 ဆရာနေဇင်လတ်ဆီက

ကြိုက်လို့ ယူလာတာ
===============
.
Satanic Game
မကောင်းဆိုးဝါးတို့ နတ်သက်မကြွေမီ
မာရ်နတ်ဝါဒီ Satanism ကို အစွမ်းကုန်
သုံးသွားတယ်လို့ပြောရလိမ့်မယ်၊
ယူကရိမ်းစစ်ကိုဖန်တီးတယ်
ထိုင်ဝမ်စစ်ကို မြှုထားတယ်
မြန်မာကို မညှာမတာ အရေးယူမှုတွေလုပ်လာတယ်
UNSC မှာ မြန်မာ့အရေးဆုံးဖြတ်ချက်ချတယ်
မြန်မာကို နှစ် (၁၀၀) ကျော်ကျွန်ပြုသွားတဲ့
ခမီးခမက်နိုင်ငံက ဦးဆောင်သွားတယ်
ရုရှား၊ တရုတ်၊ အိန္ဒိယ ကြားနေတယ်
မကန့်ကွက်ပဲ ကြားနေပေးတာက အကြောင်းရှိမယ်
ဒိထက်ပြင်းထန်တဲ့ ဆုံးဖြတ်မှုမျိုးမဖြစ်အောင်
သံတမာန်နည်းလမ်းနဲ့ညှိနိုင်းပြီးသဘောတူတာမျိုး
ဖြစ်နိုင်တယ်၊
Burma Act ကို ဘိုင်ဒင်လက်မှတ်ထိုးတယ်
မြန်မာကိုဖျက်ဆီးဖို့၊ ဆန့်ကျင်ဖက်တွေကို
ထောက်ပံ့ပေးဖို့ ဘတ်ဂျက်တွေပါလာတယ်
$ 280 mil + မကလောက်ဘူး
စဉ်းစားကြည့်...
(၂) နှစ်လောက်ငြိမ်နေရာက နိုးထလာပြီး
အမေရိကန်နဲ့ အင်္ဂလိပ် ရုတ်တရက်
ပူးတွဲလုပ်ဆောင်လိုက်တာမျိုး၊
ငြိမ်းတော့မဲ့မီး နောက်ဆုံးတောက်ပြတာပါ။
ဘယ်တတ်နိုင်မလဲ
မာရ်နတ်ဆိုတာ မကောင်းမှုဆိုတဲ့
သူ့အလုပ်ကို သူလုပ်တတ်တာပဲလေ
ကိုယ့်ပြည်တွင်းမှာသာ စည်းရုံးပြီး
ကျရာတာဝန်ကို အကောင်းဆုံးပူးပေါင်း
ခုခံကြရတော့မှာပေါ့၊
...........
ယူကရိမ်းမှာ သူတို့လဲကြားညပ်နေပါပြီ
တန်ပြန်သက်ရောက်မှု၊ တူသောအကျိုးကို
ပြန်ခံစားနေကြရပါတယ်
ယူကေမှာ ဆန္ဒပြမှုတွေနဲ့ စွမ်းအင်အကြပ်တည်း
ပိုလာပါဦးမယ်၊ ရုရှားဖက်က ရေနံထုတ်လုပ်မှု
လျော့ချလိမ့်မယ်၊ အမေရိကန်မှာလဲ
အကြမ်းစားဆောင်း ရုတ်တရက်ဝင်လာတယ်၊
ယူကရိမ်းစစ်နယ်ဝန်း ကျယ်လာမယ်
စွမ်းအင်အကြပ်အတည်း ပိုဖြစ်လာမယ်
သူတို့ပြည်သူတွေ ပြန်ဆုံးမကြလိမ့်မယ်
အခန့်မသင့်ရင်... နျူသုံးလာကြမယ်
...........
ဖိအားနဲ့ အရေးယူဆောင်ရွက်မှုဆိုတာ
မြန်မာအတွက် သိပ်မထူးဆန်းတော့ပါဘူး
ဒါပေမဲ့ သေသေခြာခြာပြင်ဆင်ထားဖို့တော့လိုမယ်
တကြော့ပြန် ရင်ဆိုင်ကြတာပေါ့လေ 😤
သူတို့လူ တကြော့ပြန်အာဏာမရနိုင်ဘူးဆိုတာ
သိသိကြီးနဲ့ ဆက်လုပ်နေတာကတော့
တကယ့်အဖျက်လုပ်ငန်း Satanic game ပဲ
ဘမောင်ကတော့ 2024 လောက်မှ
မုန်တိုင်းငြိမ်မယ်လို့မှန်းထားတယ်
2023 ကိုတော့ ကြံ့ကြံခံပြီး
မုန်တိုင်းဖြတ်ကြဦးစို့ရဲ့။
Ba Maung ( 24.12.22 )
 

 

Post a Comment

Previous Post Next Post