ဘာတွေမျှော်လင့်နေကြသေးတာလဲ

Views

 ဘာတွေမျှော်လင့်နေကြသေးတာလဲ

*********************************
UNSC ကတောင်းဆိုချက်ဆိုတာထွက်လာတယ်။
-
တချို့သောသူများကတော့ ထုံးစံအတိုင်းရောဂါ
ဟောင်းတွေပြန်ထလာကြတာပေါ့...
ကိုယ်တွေကတော့...ထူးပြီးရင်မခုန်ပါဘူး...
-
ဘာလို့လဲဆိုတော့...
တိုင်းပြည်တပြည်ရဲ့ပြည်တွင်းရေးအချုပ်အခြာ
အာဏာပိုင်ဆိုင်မှုကိုဝင်ရောက်စွက်ဖက်ခြင်းမပြုရ
ဆိုတဲ့ UN ရဲ့ပဋိဥာဏ်အချက်ကြောင့်ပဲ။
-
တောင်းဆိုတာပေါ့လေ...
တနည်းအားဖြင့်ဖိအားပေးလိုက်တဲ့သဘော...
ဒါကလည်း မကြာမတင် ဒီလိုဖြစ်လာတော့မယ်
ဆိုတာ EU ပါလီမန်ကြေငြာချက် ဘာညာထွက်လာ
ကတည်းကမျှော်လင့်ပြီးသား။
US ဆီးနိတ်မှာ NDAA လုပ်လာကတည်းက
မျော်လင့်ပြီးသား။
-
၁၉၈၈ကစပြီး UNSC ရဲ့ဒီလိုတောင်းဆိုချက်
ဆုံးဖြတ်ချက်တွေပြုစုကြည့်ရင် ဘယ်လောက်များ
မည်တော့မသိပါ။
-
ဒီလိုUNSCရဲ့ဆုံးဖြတ်တောင်းဆိုချက်ကို
အီရတ်ကိုဝင်တိုက်ခဲ့တဲ့ ဂျော့ဘုရှ်လိုက်နာခဲ့သလား?
အနီးစပ်ဆုံးပြောရရင် ယူကရိန်းအရေးမှာကော
ရုရှားကလိုက်နာခဲ့သလား..ဆိုတာကိုယ့်ဟာကိုဖြေ
ကြည့်ကြပေါ့...
-
ဆာဘီးယားအရပ်သားတွေကို ဗုံး​ကြဲခဲ့တဲ့ NATO ဆို
ဗုံးကြဲမပျက်ဘဲ..
-
ဒီဆုံးဖြတ်ချက်မှာ..ရုရှုား တရုတ်နဲ့ အိန္ဒိယတို့က
မဲမပေးကြဘူး..ဒါကဗီတိုကိုင်ထားတဲ့အင်အားကြီး
၃နိုင်ငံကသဘောမတူဘူး..သို့သော်သာမန်ဆုံးဖြတ်
တောင်းဆိုချက်ဖြစ်လို့ဘာမှမပြောသေးဘူး..
ဒီသုံးနိုင်ငံမဲမပေးဘူးဆိုတာ တောင်းဆိုဆုံးဖြတ်ချက်
မှာသူတို့မပါဘူးဆိုတဲ့သဘောဘဲ။
-
သို့ပေမဲ့..ထုံးစံအတိုင်းပေါ့..
နေမြင့်တော့ရင့်တဲ့သူတွေရင့်ကြတာပါပဲ
-
ဒီတော့မေးခြင်တာက
ဒီတောင်းဆိုချက်ဆိုတာကို နစကက လိုက်မလုပ်ဘူး
ဆိုရင်ကော ဘာတွေဖြစ်လာမှာလဲ..?
UN တပ်တွေဝင်လာမှာလား
U.S ကလေယာဥ်တင်သဘော်ကြီးဝင်လာမှာလား
ဘာလားညာလား....ပေါ့
-
နားလည်ထားကြရမှာက..
မြန်မာပြည်ကို CIA ပုံဖေါ်နေချင်တာက...
အစိုးရနှစ်ရပ်ရှိနေပြီး...အင်အားစုနှစ်ရပ်
တိုက်ခိုက်နေကြတဲ့ပုံစံ။
-
UN ကအခုထိ NUG ကိုအစိုးရအနေနဲ့အသိအမှတ်
မပြုဘူး...UN သံအမတ်ကျော်မိုးထွန်း ဘာညာ
ပြောကြလိမ့်မယ်။ ကျော်မိုးထွန်းကို NUG သံအမတ်
အနေနဲ့မဟုတ်ဘူး... ယခင် NLD ရဲ့မြန်မာနိုင်ငံ
ကိုယ်စားလှယ်ဟောင်းအနေနဲ့သာသိထားတာ..
ဒါပေမဲ့တရားဝင် UN ကိုယ်စားလှယ် ဘယ်သူ့ကိုမှ
ထပ်အသိအမှတ်မပြုဘူးဆိုင်းငံ့ထားတာ။ဒါဘဲ။
-
အဲ့တော့ UNSC ရဲ့ဆုံးဖြတ်ချက်က U.S ကစားချင်
နေတဲ့ အရင်အစိုးရကို ပြန်ကိုင်ကစားနိုင်ဘို့
မြန်မာ့နိုင်ငံရေးထဲမှာ ဒေါ်စုကြည်မကွယ်ပျောက်သွား
ဘို့ .. မြန်မာ့နိုင်ငံရေးထဲမှာသူတို့အတွက်အရေးပါတဲ့
ဒေါ်စုအုပ်စုပြန်ပါလာနိုင်ဘို့.....
ဒါပဲ ဒိထက်ဘာမှမပိုဘူး...
-
လက်ရှိနစကအစိုးရ တရားမဝင်ဘူးဘာညာ
စိတ်ခံစားချက်အရပြောချင်ရင်လဲ ပုံလေးတွေကြည့်
ကြ။
-
UN က နစကနဲ့ပဲ တရားဝင်ဆက်သွယ်နေရတယ်။
အဓိကအရေးကြီးတာ ကိုယ့်တိုင်းပြည်ပြည်တွင်း
စစ်ဖြစ်နေပါတယ်ဆိုတာပုံဖေါ်မခံရဘို့ဘဲ။
-
ဆိုမာလီလို ယူဂန္နာလို ပြည်တွင်းစစ်ဖြစ်နေပါတယ်
ပုံဖေါ်ခံရရင်တော့ UN ဝင်လာရင်လာမှာပေါ့။
-
အခုဟာကတော့အနောက်အုပ်စုရဲ့ပယောဂမှန်လို့
တုန်ဆင်းလာတဲ့အဖြစ်။
ဘာဆေးနဲ့တွေ့တာလဲဆိုတော့၂၀၂၃ ရွေးကောက်ပွဲ
ဆေးလေ။
-
ရွေးကောက်ခံအစိုးရတက်လာပြီဆို....
သေပြီဆရာပဲ ။
Crd.atz
 




 

Post a Comment

Previous Post Next Post