သင်္ကြန်မိုးကိုသာမျှော်လင့်နေပါသည်
**********************************
သတင်းတစ်ခုဖတ်လိုက်ရတယ် ဘာတဲ့ "ဂျပန်မှာလုပ်မယ့် NUG သင်္ကြန်ပွဲကျင်းပဖြစ်တယ်" တဲ့ ပွဲဖြစ်တယ်ဆိုတဲ့သဘော...
-
ပြည်တွင်းမှာရှိတဲ့ စိတ်မွန်းကြပ်နေကြတဲ့ ပြည်သူတွေပျော်ရွှင်မယ့် သင်္ကြန်ကိုကျတော့ ပျော်ရဲပျော်ကြည့်ဗုံးခွဲပစ်မယ်၊ သေနတ်နဲ့ပစ်မယ် ဆိုလာပြောလာ ကြတာလေ။ ခြိမ်းလားခြောက်လားနဲ့။ မင်းတို့လုပ်တာကျတော့ အကောင်း အမှန်။ ပြည်သူတွေလုပ်တာတော့ အမှား၊ လုပ်တဲ့လူတွေက ဒလန်ဖြစ်သွားရတယ်။
-
ဘာတဲ့ မင်းတို့တွေ တအားပြောလေ့ရှိတဲ့ ဒါလား ဓမ္မ??? ထွီ ရွံ့ဖို့ကောင်းလိုက်တာကွာ။
-
အမှန်ဆိုပြည်သူတွေကပျော်ချင်ပါတယ်လုံခြုံမှုမရှိလို့ မပျော်ရဲကြတာပါကွာ။ မင်းတို့က လုံခြုံမှုမပေးနိုင်ရင်တောင် မနှောက်ယှက်ရဘူး။ မခြိမ်းခြောက်ရဘူး။
-
မင်းတို့ မှတ်မိလား လွန်ခဲ့တဲ့ ၂ နှစ်က ပြည်သူတွေကို လမ်းမပေါ်ဆွဲတင်ပြီးအစိုးရကို ဆန့်ကျင်ခိုင်း ထိပ်တိုက်တွေ့ခိုင်းတာလေ။ သူတို့အထိနာအောင်တမင်တက်ခိုင်းတာ။ လူအထိနာမှ ဒါကိုအရင်းပြုပြီး လူထုအုံကြွအောင်ထပ်လုပ်မှာ။ မင်းတို့အကွက်တွေကိုတော့ ကလေးတွေနဲ့ သာမန်ပြည်သူတွေက ဘယ်သိမှာလည်းကွာ။ အေး ဘော်လိဝုဒ် အိန္ဒိယဇာတ်ကားတွေထဲမှာတောင် အဲဒီ အကွက်တွေ ခနခနပါတယ်။
-
လမ်းပေါ်က လူတွေကိုရင်း စာရင်းတွေ ပိုပြပြီး လူထုအုံကြွမှုကနေ အစိုးရကို အပ်ကွက်ဖမ်း တော်လှန်ရေးဆိုတာကြီးကို ဖန်တီးယူလိုက်တာ။ ငါတို့ပြည်သူတွေက ရိုးသားတယ်ကွာ။ သူတို့ကိုထိခိုက်ရင် နာကျည်းစိတ်ဖြစ်ပြီး တဖက်ပိတ်သွားရော။
-
အေး ငါပြောချင်တာအခုရောက်လာပြီ။
အခု မင်းတို့အဲဒီအကွက်ပြန် ရောက်လာပြီ။ အစိုးရကတော့လုံလောက်တဲ့ လုံခြုံရေးနဲ့ ခွင့်ပြုပေးမှာ။ သင်္ကြန်ပွဲကိုကျင်းပပေးမှာ။ မင်းတို့မလုပ်ရတဲ့ပွဲ မင်းတို့ကမနာလိုမရှု့စိမ့်ဘူးလေ။ ပွဲပျက်မယ့်စေမယ့် အကြမ်းဖက်မှုမျိုးလုပ်ဖို့ အကွက်ကို
ချောင်းနေမှာပဲ။ သေချာတာတစ်ခုက မင်းတို့လုပ်ရင် လုံခြုံရေးတင်းကြပ်တဲ့နေရာ လုပ်မှာမဟုတ်ဘူး။ မင်းတို့မလုပ်ရဲဘူးလေ။ အေး မင်းတို့လုပ်ဖို့ရွေးတဲ့နေရာကသေချာတယ်လုံခြုံမှုအားနည်းတဲ့ ပြည်သူတွေပဲရှိနေနိုင်တဲ့နေရာပဲ။
-
အေး အဲဒီလိုပြည်သူကို သွားထိလို့ကတော့ မင်းတို့ အပ်ကွက်မိပြီသာမှတ်။ မင်းတို့ လုပ်ခဲ့တဲ့ အကွက်ထဲ မင်းတို့ပြန်မိသွားမှာ။ ပြည်သူအများရဲ့အမြင်မှာ မင်းတို့ကို တအားရွံသွားမှာ။ မင်းတို့ မြောင်းထဲရောက်သွားမှာ။
-
မြန်မာနိုင်ငံသားချင်းသံယောဇဉ်တစ်ခုရှိနေသေးလို့ အကြံဉာဏ်တစ်ခုပေးချင်တယ်။ သင်္ကြန်မိုး ဇာတ်ကားလေး တော့ပြန်ကြည့်လိုက်ပါကွာ။ ကိုငြိမ်းမောင်က အငြိုးတကြီးနဲ့ သူ့သားသက်ထွေးကို အသုံးချပြီးဖျက်လိုဖျက်ဆီးလုပ်ခိုင်းတဲ့ အခန်းလေ။ အဲဒီအခန်းလေးပဲကြည့်ပါ။
-
လူငယ်တွေရဲ့ စိတ်သဘောထားကိုထင်ဟပ်စေတာ။ ပြန်ကြည့်လိုက်ပါ။ နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ ဒီကာလလေးမှာ မိုးသက်လေပြင်းဆိုတာထက် သင်္ကြန်မိုးလေးကိုပဲ ပြည်သူတွေမျှော်လင့်နေတာပါ။
Shwe Teik Soe
#KT