NLD ပါတီ ရှင်သန်ဖို့ နောက်ထပ်အခွင့်အရေး တစုံတရာ ရှိလို့နေတာလား?

Views
NLD ပါတီ ရှင်သန်ဖို့ နောက်ထပ်အခွင့်အရေး
တစုံတရာ ရှိလို့နေတာလား?
-
ဇန် ၂၆ ရက်စွဲနဲ့ ကြေငြာခဲ့တဲ့ ပါတီမှတ်ပုံတင်ခြင်းများ ဥပဒေအရဆိုရင် အတိအကျမဟုတ်ပေမဲ့ ပါတီမှတ်ပုံတင်ဖို့အတွက်ဆိုရင် ဒီလ ဟာ နောက် ဆုံး Dead Line ပါပဲ။ တသက်လုံး ကွီးဖြိုးရုပ်သံဟာ အတုပါလို့ ကြေငြာခဲ့ကြတဲ့ နီပေါပါတီက ခုကြမှ နစက နဲ့ ပတ်သက်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ပါတီကနေ ထုတ်လိုက်တယ်ဆိုတာ ဘဝင်မကျပါဘူး။ သေချာတာကတော့ အထဲ NLD က အပြင် NLD ကို သတ်တာလား၊ အပြင်ကလူက အထဲကလူကို သတ်တာလားဆိုတာ ဇာတ်ညွှန်းရေးကြတဲ့ သူတွေကသာ အသိဆုံးဖြစ်မှာပါ။
-
တွေးစရာရှိတာက ပြည်တွင်းမှာ CEC ၈ ဦးထိ ရှိနေတဲ့ NLD ပါတီကို CEC မစုံလို့ ပါတီစစ်ကြောရေး မလုပ်ရသေးဘူးဆိုတဲ့ UEC ရဲ့ ဖြေကြားချက်ရယ်၊ ပြည်တွင်း CEC ၈ ဦးထိ ရှိနေတဲ့အနေအထားမှာ ပြည်ပ CWC က ကြေငြာချက်တွေ ထုတ်ချင်တိုင်း ထုတ်နေတာကို လိုက်ပိုက်ကြည့်နေကြပြီးကာမှ ခုကြမှ ပြည်ပ CWC က တရားမဝင်ပါဘူးလို့ ထုတ်ရှင်းတဲ့ အကွက်တွေက တွေးစရာအများကြီးပါပဲ။
-
သေချာတာ တခုကတော့ NLD ပါတီအနေနဲ့ မှတ်ပုံတင်ဖို့ဆိုတာ လွယ်တော့ မလွယ်ကူ နိုင်လောက်တော့ပါဘူး။ တကယ်လို့ မှတ်ပုံပြန်မတင်နိုင်ရင် ပါတီက ဖျက်သိမ်းခံရမယ်။ မှတ်ပုံတင်ပြန်ရင်လည်း ပါတီရန်ပုံငွေ စစ်ကြောရေးကိစ္စ အစစ်ဆေးခံရဦးမယ်။ ဆိုတော့ ဒီပရောဆက်တွေ အကုန်ပြီးဖို့ဆိုတာ UEC သိပ်သက်ညှာမှပဲ အဆင်ပြေပါလိမ့်မယ်။
-
ဒါပေမယ့် နစက ရဲ့ အားသက်ချက်လို့ပဲ ပြောပြော Give And Take လုပ်လို့ရတဲ့ အနေအထားတွေက ရှိနေသေးတယ်။ ခုတောင် မောင်တိုးလွင်တို့ ၊ ဒေါ်စန္ဒာမင်းတို့ကို ပါတီက ထုတ်လိုက်ရုံနဲ့ ပြည်ပက CWC ဟာ တရားဝင်မှု မရှိပါဘူးဆိုပြီး အပြင်းအထန် တုန့်ပြန်လာကြတဲ့ အခြေအနေဟာ ခဲတလုံး နဲ့ ငှက်နှစ်ကောင်ပစ်လို့ရတဲ့ အနေအထားပဲ။ မနေ့က ရေးခဲ့တဲ့ ဆောင်းပါးလိုပဲ။ ဒေါ်စု လွတ်နိုင်မဲ့ လမ်းကြောင်းက NLD ပါတီ ရွေးကောက်ပွဲဝင်မှ ဖြစ်နိုင်တယ်ဆိုတဲ့ အယူအဆကိုများ သူတို့လက်ကိုင်ထားခဲ့ရင် ပြည်ပရောက် NUG က ခွေးလုံးလုံး ဖြစ်မဲ့အကွက်။ ဘာလို့လဲဆိုတော့ NLD ပါတီအနေနဲ့ ပါတီဝင်အင်အား တသိန်းရဖို့နဲ့ ရန်ပုံငွေ သိန်း တထောင်ဆိုတာ သူတို့အတွက် ခဲယင်းမနေဘူးဆိုတာ လူပိန်းတွေး တွေးလို့ တောင်ရတယ်။ ဒီအကွက်ကို နှင်းဆီပါတီက ရှေ့မှာ လုပ်ပြသွားပြီးသားလည်း ဖြစ်တယ်။
-
ဆိုတော့ NLD ပါတီမှာ ရွေးစရာ ၂ လမ်းရှိတယ်
(၁) ပါတီကို မှတ်ပုံတင်ပြီး အစိုးရတနေရာစာ လုပ်ဖို့ကြိုးစားမယ်။ အကျိုးဆက်က ဒေါ်စုကို လျော့ပေါ့ဘာညာ နဲ့ အပေးအယူ ကစားလို့ရမယ်။ ဒဲ့ပြောရရင် ဒေါ်စု လွတ်နိုင်တဲ့ အကောင်းဆုံးနည်းလမ်းလည်း ဖြစ်တယ်။ အားနည်းချက်ကတော့ NUG နဲ့ PDF က ဘယ်သူ့ကို တော်လှန်ရမလဲ မသိတော့ဘဲ ခွေးလမ်းပျောက်သလို အူလည်လည် ဖြစ်သွားမယ်။
-
(၂)ဒီနည်းလမ်းကိုသုံးရင် ဒေါ်စု လွတ်ဖို့မလိုဘူး။ ပါတီ ပျက်ချင်ပျက်သွားပါစေ။ လက်ရှိပြည်ပက NUG သမ္မတ၊ ဦးအောင်ကြည်ညွှန့်နဲ့ မောင်ရည်မွန်တို့ရဲ့ လက်နက်ကိုင် လမ်းစဉ်ကို ယုံတယ်။ သမ္မတ ပြောထားသလို ၂၀၂၃ မှာ တပ်မတော်ကို အပြုတ်တိုက်ပြီး နိုင်ငံတော်အာဏာရလာခဲ့ရင် ဒေါ်စု လွတ်မယ်ဆိုတဲ့ နည်းလမ်း။ အားနည်းချက်က NLD ပါတီ ပျက်မယ်။ အသက် ၈၀ ကျော် ဒေါ်စု အနေနဲ့ အနိမ့်ဆုံး အစိုးရတဆက် တာဝန်ယူမဲ့ ၅ နှစ်ကတော့ ထောင်ထဲမှာပဲ ဖြတ်သန်းရဖို့ရှိမယ်။ အားသာချက်ကတော့ NUG ကို အလှူခံဖလားထဲက ဝေပုံကျ ထောက်ပံ့ပေးနေတဲ့ ပန်ဆယ်လိုက မေဒစ်ကားမှာ သူဖွင့်ထားတဲ့ ဆိုင်က ၅ နှစ်သက်တမ်းရှိလာပြီး အတော်လေး ချမ်းသာကြွယ်ဝလာမယ်။ မြေပြင် ပဒက်တွေက မြေကြီးထဲရောက်မယ်။
-
စာချုပ်ရရင် ကိုယ်ကံကြမ္မာ ကိုယ်ရွေးကြတာပါပဲ။ ပါတီဆက်ရှိမှာလား၊ ဖျက်သိမ်းကြမှာလား ဆိုတာကတော့ ဒီ လထဲ ပဲ အဖြေ ပေါ်ပါလိမ့်မယ်။

 

Post a Comment

Previous Post Next Post