အပြစ်မဲ့ပြည်သူများကို KIA သောင်းကျန်းသူအဖွဲ့မှ အဓမ္မ ဖမ်းဆီးခေါ်​ဆောင်

Views

 Breaking News

**************

မိုးညှင်း၊ မတ် ၃


ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊ဟိုပင် တွင် Pajasan အဖွဲ့မှ အပြစ်မဲ့ပြည်သူ လူငယ် ၉ ဦးအား မူးယစ်ဆေးဝါးအကြောင်းပြကာ ယမန်နေ့က အကြောင်းမဲ့ဖမ်းဆီးခေါ်ဆောင်သွားပြီး kia ထံ တပ်သားသစ်အဖြစ်သွားရောက် အပ်နှံခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

-

"ဖမ်းဆီးခံရတာ ၉ ယောက်ဟုတ်တယ်၊ ရိုက်နှက်ပြီးဖမ်းသွားကြတာ၊ ကလေးတွေက ဘာမှမသိရှာဘူး၊ပထမဖမ်းထားတာ အမျိုးသမီး ၄ ယောက်ပါသေးတယ်၊ အတင်းတောင်းပန်လို့ ပြန်လွှတ်ပေးတာ၊တစ်ယောက်ကို ၁၅ သိန်းနဲ့ လာရွေးတဲ့ မပေးနိုင်ရင် ပြန်မလွှတ်တော့ဘူး ပြောသွားတာ "ဟု ဒေသခံတစ်ဦးထံမှ သိရသည်။

-

ဖမ်းဆီးခံရသူများသည် မူးယစ်ဆေးဝါးရောင်းချ/သုံးစွဲသူများဟု Pajasan အဖွဲ့မှ ပြောဆိုထားသော်လည်း ဒေသခံများမှ ငြင်းဆိုထားသည်။

-

"ကလေးတွေက အငယ်လေးတွေ ဟုတ်တယ်၊တချို့ တွေက အသက် ၁၈ နှစ်တောင် မပြည့်သေးဘူး၊ မူးယစ်ဆေးသုံးတာ တစ်ခါမှ မရှိခဲ့ဘူး၊သူတို့က သက်သက်မဲ့ အကြောင်းရှာပြီး ဖမ်းသွားကြတာ၊အရင်ကလည်း ခနခန လာရောက်ဖမ်းသွားကြတာ၊ပြန်လွတ်ပေးခဲ့တာမရှိဘူး၊တချို့မိဘတွေက ပိုက်ဆံမရှိကြဘူးလေ၊အခုတော့ ငိုနေကြတာ ဟုတ်တယ်" ဟု အမည်မဖော်လိုသူ ဒေသခံ တစ်ဦးမှ ပြောဆိုထားသည်။

-

အဆိုပါ Pajasan အဖွဲ့သည် kia ရဲ့ စေခိုင်းမှုအရ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး ခေါင်းစဥ်ဖြင့် ကျေးရွာများအတွင်းရှိ လူငယ်၊လူရွယ်များအား အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်၍ kia တပ်သားသစ်အဖြစ် အပ်နှံမှုများ ရှိခဲ့ပြီး ကချင်လူငယ်များအား အကြောင်းမျိုးစုံပြကာ မကြာခဏ ဖမ်းဆီးခေါ်ဆောင်မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

.

#ဂွမ်မော်

#KDN Channel

#မိုးညှင်း

ဓာတ်ပုံ Crd Kachinwavws -pajasan

#KT




Post a Comment

Previous Post Next Post