ပြည်ဖျက်မီဒီညာများကို ဘာလုပ်သင့်လဲ?

Views

“အချိန်တန်ပြီ”
**************
ပြည်ပြေးမီဒီညာတွေဆိုတာက အစပိုင်းမှာ သူများနိုင်ငံမှာ ခိုလုံတယ်... ပြီးရင် နိုင်ငံသားခံယူတယ် ... အဲ့လို နိုင်ငံအပေါ် သစ္စာမရှိလို့ အခြားနိုင်ငံသားခံယူထားတဲ့ ကျွန်သားပေါက်စိတ်ဓာတ်နဲ့ သူတွေက မြန်မာနိုင်ငံကို ချစ်တယ်ဆိုတာ ခင်ဗျားတို့ ယုံလား?
-
အနောက်တိုင်းအုပ်စုတွေရဲ့ ကြိုးကိုင်မှုအောက်မှာနေပြီး ရတဲ့ဒေါ်လာလေးနဲ့ ကပ်ဖားယက်ဖား လုပ်နေရတဲ့ သူတွေ ... အဲ့သူတွေ ခိုကပ်နေရတဲ့ နိုင်ငံ၊ ထောက်ပံ့ပေးနေတဲ့ နိုင်ငံတွေဆို မကောင်းကြောင်း ပြောတာ / ရေးတာတွေ တွေ့ဖူးလား?... (ပွကြီးလို နိုင်ငံမျိုး) ဘယ်တွေ့ဖူးမလည်း ရေးကြည့်ပါလား ခွက်ပျောက်ရုံတင်မဟုတ်ဘူး အသက်ပါပျောက်သွားမှာ ...
-
ခုလို နိုင်ငံရေးမတည်မငြိမ်ဖြစ်လာအောင်လည်း ဒီပြည်ပြေး မီဒီညာတွေကပဲ သတင်းအမှားတွေကို နည်းလမ်းအမျိုးမျိုးရေးပြီး လူငယ်တွေ လမ်းမှားရောက်အောင်၊ ဘဝပျက်အောင် တွန်းပို့သွားတာ ... ဒါကို မြန်မာလူငယ်တွေ မသိကြဘူး...
-
မြန်မာနိုင်ငံမှာ တည်ငြိမ်အေးချမ်းနေရင် ပြည်ဖျက်မီဒီညာတွေ စားပေါက်ပိတ်မှာ စိုးရိမ်တော့ သတင်းအမှားတွေနဲ့ ပြည်သူတွေကို ဆူပူအုံကြွအောင်လှုံ့ဆော်ပေးနေတာ... ဒါကို ရိုးအတဲ့ ပြည်သူတွေက မှန်လားမှားလား မခွဲခြားတော့ဘူး ဒီပြည်ပြေးမီဒီညာတွေရေးတဲ့ $ တလွဲ သတင်းတွေကိုပဲ အမှန်ထင်ပြီး ယုံနေကြတယ်... အတော်သနားဖို့ကောင်းတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေ...
-
နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် တစ်ထောင့်တစ်နေရာက မပါဝင်ဘဲ နိုင်ငံပျက်သုဉ်းရေးကို ဖော်ဆောင်နေတဲ့ ပြည်ဖျက် မီဒီညာတွေပါ...
-
အစိုးရနဲ့ ပြည်သူကို သွေးခွဲလိုက်၊ တပ်နဲ့ ပြည်သူကို ရန်တိုက်ပေးလိုက်နဲ့ မြန်မာနိုင်ငံသားအချင်းချင်း သွေးကွဲအောင် လုပ်နေတဲ့ ပြည်ဖျက်မီဒီညာတွေ...
-
စစ်တပ်ကို နာကျည်းအောင်ရေးနေမှ ထမင်းစားရတဲ့သူတွေ .. အစိုးရကို မုန်းတီးအောင်ရေးနေမှ နေစရာရမယ့်သူတွေ .... ရိုးသားတဲ့ မြန်မာနိုင်ငံသားတွေကို သတင်းအဆိပ်ခတ် အမှန်တရားတွေ ကွယ်ပျောက်ပြီး အမှားတွေကို လုပ်အောင် ဘဝဖျက်နေတဲ့ မင်းတို့ ပြည်ဖျက် မီဒီညာတွေ ...
ပြည်ဖျက်မီဒီညာတွေက မြန်မာနိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘယ်နေရာက ပါဝင်ဆောင် ရွက်ခဲ့လို့လဲ? ဘယ်နေရာ အကျိုးပြုခဲ့လို့လဲ? ... တိုင်းပြည်ကြီးပျက်စီးအောင် မြန်မာနိုင်ငံသားအချင်းချင်းကို နည်းလမ်းအမျိုးမျိုးနဲ့ လေလှိုင်းပေါ်ကနေ ရန်တိုက်ပေးနေတာပဲရှိတာကို မျက်မြင်တွေ့နေရပါပြီ ...
-
ကျွန်တော်တို့ ပြည်သူတွေ ပြည်ဖျက်မီဒီညာတွေရဲ့ သတင်းအမှားတွေကို ယုံနေကြတုန်းလား ?
-
ပြည်ပြေး မီဒီညာတွေရဲ့ သတင်းအဆိပ်ခပ်မှုတွေကို လက်ခံနေကြတုန်းလား ?
-
မြန်မာနိုင်ငံအပေါ် သစ္စာမရှိတဲ့ (ကျွန်သားပေါက်) မီဒီညာတွေရဲ့ လုပ်ရပ်တွေကို လက်ခံနေကြတုန်းလား ?
-
ပြည်ဖျက်မီဒီညာတွေရဲ့ သတင်းအမှားတစ်ခုကြောင့် ဘဝပျက်ခဲ့ရတဲ့ မိသားစုတွေကို မစာနာကြတော့ဘူး လား?
-
ဒါကြောင့် ပြည်သူတွေရဲ့ ဘဝတွေကို စတေးပြီး သူတို့အကျိုးအတွက်သာကြည့်တဲ့ ပြည်ဖျက်မီဒီညာတွေရဲ့ သတင်းအမှားတွေကြောင့် ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ အသက်တွေ၊ ဘဝတွေ ပေးဆပ်ခဲ့ရတာ တော်သင့်ပြီ... ပြည်ဖျက်မီဒီညာကောင်တွေရဲ့ သတင်းတွေကို ဆန့်ကျင်ပြီး အမှားတွေကို ထောက်ပြပြီး သတင်းအမှန်များသာ လက်ခံကြဖို့ အချိန်တန်ပြီ…

 

Post a Comment

Previous Post Next Post