နိုလင်းဟေဇာထံ အိတ်ဖွင့်ပေးစာဆောင်းပါးမှ ကောက်နုတ်ချက်

Views

 မြန်မာပြည်က ပြည်သူအများစုက CRPH/NUG/PDF အမည်ခံအကြမ်းဖက်အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေ၊ အပြစ်မဲ့ပြည်သူတွေကို လုပ်ကြံtတ်ဖြတ်နေတာတွေကို ရွံရှာမုန်းတီးနေပြီ။ တည်ငြိမ်အေးချမ်းပြီး၊ သာယာပျော်ရွှင်တဲ့မိသားစုဘဝတွေကို ပိုင်ဆိုင်ရရှိဖို့ အကြမ်းဖက်လုပ်ရပ်တွေ လျော့နည်းပပျောက်စေချင်တာ ပြည်သူတွေရဲ့ ဆန္ဒအမှန်ဖြစ်ပါတယ်။ 

.

မြန်မာပြည်သူတွေရဲ့ ဆန္ဒအမှန်ကို ဖြည့်ဆည်းပေးချင်တယ်ဆိုရင် နိုလင်းဟေဇာ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ရွေးကောက်ပွဲ အမြန်ကျင်းပနိုင်အောင်၊ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လျှောက်နိုင်အောင် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ပေးဖို့လိုပါတယ်။

တစ်ဖက်သတ် အပြစ်ဖို့ခြင်း၊ ဖိအားပေးခြင်းနဲ့တော့ လမ်းကြောင်းမှန်ပေါ်ရောက်လာမှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် အထက်ပါအကြောင်းအရာများဟာ မိမိနိုင်ငံနဲ့လူမျိုးအကျိုးစီးပွားကို ပျက်စီးစေဖို့ရည်ရွယ် ပြောဆိုချက်တွေကို လက်မခံနိုင်တဲ့၊ ငြိမ်းချမ်းမှုနဲ့ တည်ငြိမ်အေးချမ်းရေးကိုလိုလားတဲ့ မြန်မာနိုင်ငံအတွင်းက ပြည်သူတွေရဲ့ ဆန္ဒအစစ်အမှန်တွေ ဖြစ်တယ်ဆိုတဲ့အကြောင်း နိုလင်းဟေဇာနဲ့တကွ နိုင်ငံတကာကသိရှိအောင် ဒီအိတ်ဖွင့်ပေးစာကနေတစ်ဆင့် သတင်းစကားပါးလိုက်ရပါတယ်။


(နိုလင်းဟေဇာထံ အိတ်ဖွင့်ပေးစာဆောင်းပါးမှ ကောက်နုတ်ချက်)



Post a Comment

Previous Post Next Post