ဓာတ်အားလိုင်းတိုင် ပြင်ဆင်သောအဖွဲ့အား KNU+PDF အဖွဲ့က ဗုံးကျဲတိုက်ခိုက်

Views

ဓာတ်အားလိုင်းတိုင် ပြင်ဆင်သောအဖွဲ့အား KNU+PDF အဖွဲ့က ဗုံးကျဲတိုက်ခိုက်

======

အကြမ်းဖက် KNU+PDF အဖွဲ့က သထုံမြို့နယ်၊ ဒူးရင်းဆိပ်ကျေးရွာ၊ ဒုံသမိတံတားမြောက်ဘက်ရှိ သထုံ-ဆဒ္ဒန်-မော်လမြိုင် ၂၃၀ ကေဗွီ ဓာတ်အားလိုင်း တိုင်အမှတ် ၁၇ နှင့် ၁၈ အား ဖောက်ခွဲဖျက်ဆီးခဲ့သည်။


အဆိုပါ ဓာတ်အားလိုင်းတိုင်များအား ဧပြီလ ၁ ရက်နေ့မှ စတင်ပြုပြင်လျက်ရှိပြီး ယနေ့ ဧပြီလ ၂ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်ခန့်တွင် လျှပ်စစ်အင်ဂျင်နီယာအဖွဲ့များ ပြုပြင်နေသောနရောသို့ အကြမ်းဖက်သမားများက ဒရုန်းဖြင့် ဗုံး ၄ လုံး ကျဲချတိုက်ခိုက်ကြောင်းသိရသည်။


ကံကောင်းစွာဖြင့် လူ၊ပစ္စည်း အထိအခိုက်မရှိခဲ့သော်လည်း လုပ်ငန်းပြီးစီးရန်အတွက် အချိန်ကြန့်ကြာရပြီဖြစ်သည်။


အကြမ်းဖက်သမားများသည် ပြည်သူများကို အမှောင်ထဲတွင်သာ နေထိုင်စေလိုသည့် စိတ်ရင်းရှိကြောင်း ထင်မြင်မိသည်။


sbm



Post a Comment

Previous Post Next Post