ဝါရာဇွပ် ပြည်သူ့စစ်တပ်ဖွဲ့ကဲ့သို့ ဖြစ်လာတော့မည့် သံတွဲ ပြည်သူ့စစ်တပ်ဖွဲ့

Views


ရခိုင်ပြည်နယ် သံတွဲမြို့နယ်မှာတော့ တပ်မတော်မှ ပြည်သူ့စစ်သင်တန်းများပေး၍ ပြည်သူ့စစ်တပ်ဖွဲ့များ အခိုင်အမာဖွဲ့စည်းနေပြီဖြစ်ပါတယ်။ ပြည်သူ့စစ်တပ်ဖွဲ့ သင်တန်းကို ၁၀ ရက် တစ်ဖြတ်နုန်းဖြင့် စစ်ရေးပြ လက်နက်ငယ် အဖြုတ်အတပ်နှင့် ပစ်ခတ်စဉ်များပါ ထည့်သွင်းသင်ကြားပေးလျက်ရှိသလို တပ်စိတ်အဆင့် စစ်ရေးလှုပ်ရှားမှု ကွပ်ကဲမှုများကိုပါ သင်ကြားပေးနေပါတယ်။

-

သင်တန်းကာလ ၁၀ ရက်အတွင်း တစ်ရက်ကို ၅ ထောင်ကျပ်၊ ဓာတ်ဆီ ၁ ဘူး နှင့် မနက်စာ နေ့လည်စာ ညနေစာများပါ ဟော်တယ်စာများကဲ့သို့ ကျွေးမွေးကြပါတယ်လို့ ပသစ သင်တန်းတက်ရောက်သူများမှ ပြောကြားခဲ့ပါတယ်။

-

သင်တန်းဆင်းပြီးရင်လည်း လစဉ် လစာငွေတစ်သိန်းခွဲကျပ်၊ ဆန် ၈ ပြည် ၊ စားဆီ ၁ပိဿာ နှင့် အခြားသော ခံစားခွင့်များလည်း ပေးသွားမည်ဟု သိရှိရပါသည်။ ပြည်သူ့စစ်သင်တန်း တက်ပြီးသူ တစ်ယောက်ပြောပြချက်အရ ကျွန်တော်တို့ ငပလီမှာ ခုတစ်ဖြတ်က ၁၂၀ ရှိတယ် ခုထပ်ပြီး ငပလီဝန်းကျင်က ၃၀၀ ကျော်တောင် သင်တန်းတက်မယ် စာရင်းပေးထားကြတယ်.. သိသလောက်တော့ ကျွန်တော်တို့ သံတွဲ ဝန်းကျင်က လူအယောက် ၃၀၀၀ လောက်တောင် သင်တန်းတက်ကြမယ် စာရင်းရထားပါပြီ။

ခင်ဦး။

#MNV

Post a Comment

Previous Post Next Post