စစ်ပြေးမှုတွေ နေ့စဉ်နဲ့အမျှရှိနေတဲ့ ရခိုင့်တပ်တော်(AA)

Views

လတ်တလော ရခိုင်လူမှုကွန်ယက်တွေမှာ AA လက်နက်ကိုင်အဖွဲများ ထွက်ပြေးတာတွေများနေလို အထက်လူကြီးတွေ ထိန်းသိမ်းပေးကြဖိုဆိုပြီး တောင်းဆိုတဲ့ အသံများ များစွာထွက်ပေါ်လာနေပါတယ်။ ထွက်ပြေးရသည့်အကြောင်းရင်းများမှာ တပ်ဖွဲတွင်းညှင်းပန်းနှိပ်ဆက်မှု၊ အခွန်ကောက်သော်လည်း ရိက္ခာမပေး၊ လစာမပေးဘဲ အိမ်ကမှာသုံးနေရမှု၊ အိမ်ကမှာသုံးလိုမရသည့်အခါ ရွာတွင်တောင်းသော် ရွာသားများ၏ ငြိုငြင်ခြင်းခံရမှု၊ AA က ဖွဲစည်းထားသည့် ULA အုပ်ချုပ်ရေးအဖွဲများမှာ ရံပုံငွေများဖြင့် ကြီးပွားချမ်းသာနေကြသော်လည်း မြေပြင်တွင်အသက်နှင့်ရင်းပြီး တိုက်နေရသည့် AA အောက်ခြေရဲဘော်များမှာ ထမင်းတောင်နပ်မှန်အောင်ပင် မစားရမှုတိုကြောင့် ဖြစ်ကြောင်း AAနှင့် နီးစပ်သူများထံမှ သိရှိရသည်။



  ရခိုင်မီဒီယာတစ်ခုဖြစ်သည့် Narijara သတင်းဌာနအောက်ရှိ ရခိုင်လူမျိုးတစ်ဦး၏ ကွန်မန့်တစ်ခုအား ဘာသာပြန်ပြရမည်ဆိုလျှင် “AA ကလူတွေလည်း ချီးထုတ်ဖြစ်လာပြီ။ ဖိနိပ်တာတွေအများကြီးရှိလာပြီ။ ကျနော့ညီတစ်ယောက် AAထဲဝင်သွားတာ၄နှစ်ရှိပြီ။ ရှင်ပြုဖိုတောင် ခေါ်လိုမရဘူး။ အဖေ အမေ နေမကောင်းဆိုရင်လည်းမရဘူး။ ကြာတော့ စိတ်ကုန်လာကြပြီပေါ့။ ဗုဒ္ဓဘာသာပဲ ခွင့်ပြုပေးရမှာပေါ့။ တိုက်ပွဲလည်းမရှိဘူး။ ဒီလောက်တောင်မယုံဘူးဆိုရင် AA ကလူတွေကို ထည့်ပေးလိုက် လာခဲ့ကြဆိုရင်လည်း ခွင့်မပြုပေးဘူး။ AA ရဲ့ ရွေးရှယ်မှုအားနည်းချက်တစ်ခုလိုပြောရမလား။ ဗိုလ်ချုပ်ရှိတဲ့ အချိန်တောင် ဒီလိုပုံစံဆိုရင် ဗိုလ်ချုပ်မရှိတဲ့အချိန် ဆိုရင်တော့ စစ်ကောင်စီထက် ဆိုးလာလိမ့်မယ်။ နောက်ဆို တပ်တော်မှာ လူရှိတော့မှာ မဟုတ်ဘူး။ AAတပ်သားတွေကို စိတ်ဒဏ်ရာရအောင် မလုပ်စေချင်ဘူး ရေရှည်အတွက်ပြောတာပါ” ဟု မှက်ချက်ပြု ပြောဆိုထားတာကို တွေ့ရပါတယ်။

  AA အဖွဲခေါင်းဆောင်များမှ ထိုကဲ့သိုခွင့်မပေးခြင်းမှာ ၎င်းတိုတပ်ဖွဲအတွင်း အမှတ်တကယ်ဖြစ်ပျက်နေသည့် အကြောင်းအရာများ၊ ဖိနှိပ်ချုပ်ချယ်မှုများ၊ တပ်ဖွဲအတွင်း လူအခွင့်အရေးဆုံးရှုးနေမှုများ၊ လက်နက်/ခဲယမ်းမရှိဘဲ တိုက်ခိုင်းနေမှုများကို ရခိုင်လူထုသိသွားမှာဆိုသည့်အတွက် ခွင့်မပေးခြင်းဖြစ်ပြီး အဆိုးဆုံးမှာ အောက်ခြေအဖွဲများ ပြန်မလာတော့မှာကြောင့်ဟု သိရသည်။

Western 24 News   

Post a Comment

Previous Post Next Post