အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာကရွှေတံဆိပ် ၁၄ ခု ရရှိထားပြီး ဇွန်လ ၇ ရက်တစ်နေ့တာအတွင်း ရွှေတံဆိပ် ၇ ခု ရရှိ

Views

 (၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာကရွှေတံဆိပ် ၁၄ ခု ရရှိထားပြီး ဇွန်လ ၇ ရက်တစ်နေ့တာအတွင်း ရွှေတံဆိပ် ၇ ခု ရရှိခဲ့ ကြောင်း သိရသည်။

ဇွန်လ ၃ ရက်မှ ၉ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံတွင် ကျင်းပနေသည့် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် အိမ်ရှင်ကမ္ဘောဒီးယားနိုင်ငံက အားကစားနည်း(၁၄)နည်း ထည့်သွင်းကျင်းပပေးနေပြီ မြန်မာအားကစားအဖွဲမှ အားကစားနည်း (၈)နည်း ပြိုင်ပွဲဝင် ၈၂ ဦးဖြင့် ပါဝင်ယှဉ်ပြိုင်နေရာ ဇူလိုင် ၃ ရက်မှ ၆ ရက်အတွင်း ရွှေတံဆိပ် ၇ ခု၊ ငွေတံဆိပ် ၁၄ ခု၊ ကြေးတံဆိပ် ၉ ခု ဆွတ်ခူးခဲ့သည်။

ထိုနောက် ဇူလိုင် ၇ ရက်တစ်နေ့တာအတွင်း ပြေးခုန်ပစ်အားကစားနည်းများမှ ရွှေတံဆိပ်(၇)ခု၊ ငွေတံဆိပ်(၄)ခု၊ ကြေးတံဆိပ်(၄)ခု၊ ရေကူးအားကစားနည်းမှ ငွေတံဆိပ်(၂)ခုနှင့် ကြေးတံဆိပ်(၃)ခု၊ အလေးမအားကစားနည်းမှ ငွေတံဆိပ်(၂)ခု နှင့်မျက်မမြင်စစ်တုရင်အားကစားနည်းမှ  ကြေးတံဆိပ်(၂)ခုထပ်မံဆွတ်ခူးရရှိခဲ့သည်။

(၁၂)ကြိမ်မြောက် အာဆီယံမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ယနေ့အထိ ရွှေတံဆိပ် (၁၄)ခု၊ ငွေတံဆိပ်(၂၂)ခုနှင့် ကြေးတံဆိပ်(၁၈)ခု၊ စုစုပေါင်းဆုတံဆိပ်(၅၄)ခု ဆွတ်ခူးရရှိထားပြီဖြစ်ပြီး ဆုရရှိထားသူများကိုလည်း မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲချုပ်ဥက္ကဋ္ဌဗိုလ်ချုပ်လှမိုးက ဆုချီးမြှင့်ပေးအပ်ထားသည်ဟု သိရသည်။

MT News
၈. ၆. ၂၀၂၃










Post a Comment

Previous Post Next Post