အာဆီယံနှင့် မြန်မာ့အရေး

Views

လက်ရှိ မြန်မာ့နိုင်ငံရေး အပြောင်း အလဲဟာ ဒေသတွင်း နိုင်ငံရေးအခင်းအကျင်းအပေါ်  သက်ရောက်မှုများစွာ
ရှိနေတာကြောင့် အာဆီယံနိုင်ငံတွေက မြန်မာ့အရေးကို ချဉ်းကပ်မှုပုံစံ ၃ မျိုးနဲ့ ဖြေရှင်းနေတယ်လို နိုင်ငံရေး လေ့လာသူများက သုံးသပ်ထားပါတယ်။

ပထမပုံစံကတော့ အာဆီယံလမ်းစဉ်( The ASEAN Way) ဖြစ်ပြီး အာဆီယံနိုင်ငံအားလုံးရဲ့ သဘောတူညီချက်နဲ့
အာဆီယံတူညီဆန္ဒ ၅ ရပ်ကို မြန်မာနိုင်ငံက လိုက်ပါဆောင်ရွက်စေရေး ဖြစ်ပါတယ်။

ဒုတိယချဉ်းကပ်မှုပုံစံကတော့ အင်ဒိုနီးရှားလမ်းစဉ် (Indonesian Way) ဖြစ်ပြီး လက်ရှိအာဆီယံဥက္ကဋ္ဌ တာဝန် ယူထားတဲ့ အင်ဒိုက မြန်မာ့အရေးကိစ္စမှာ ပါဝင်ပတ်သက်သူအားလုံးနဲ့ နောက်ကွယ်ကနေ အသံတိတ် ဆွေးနွေး ညှိနှိင်းနေခြင်း ဖြစ်ပါတယ်။

တတိယချဉ်းကပ်မှုပုံစံကတော့ ထိုင်းနဲ့အိန္ဒိယတိုက လုပ်နေတဲ့ Track 1.5 ချဉ်းကပ်မှုပုံစံ ဖြစ်ပါတယ်။ ဒီပုံစံမှာ တော့ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ တရုတ်၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနိုင်ငံတိုက အစိုးရအရာရှိ များ၊ ပညာရှင်များနဲ့ နစကအစိုးရကိုယ်စားလှယ်များ အပြန်အလှန်ဆွေးနွေးနေကြခြင်း ဖြစ်ပါတယ်။

ဒီချဉ်းကပ်မှုပုံစံ ၃ မျိုးလုံးမှာ NUG အဖွဲကို အသိအမှတ်ပြုခြင်းမရှိဘဲ အကြမ်းဖက်မှု လျှော့ချရေးနဲ့ အကူအညီ ပေးရေးအချက်များကို အဓိကထားဆွေးနွေးကြတယ်လို ဆိုပါတယ်။

လက်ရှိ နစက အစိုးရကို ပိုမိုပူးပေါင်းဆောင်ရွက်လိုတဲ့ သဘောထားများကို ပြသလာကြပြီး NUG အဖွဲရဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ထွက်ပြေးတိမ်းရှောင်နေရပြီး စွမ်းဆောင်ရည်မရှိတဲ့ NUG အဖွဲဝင်များကြောင့် အာဆီယံနိုင်ငံများရဲ့ သဘောထားရပ်တည်ချက်များ စတင်ပြောင်းလဲလာနေတာ မြင်တွေ့နေရပြီ
ဖြစ်ပါတယ်။




Post a Comment

Previous Post Next Post