ပခုက္ကူမြို့မှာ PDF များ အစုလိုက်အပြုံလိုက် အလင်းဝင်ရောက်

Views

 ပခုက္ကူမြို့မှာ PDF များ အစုလိုက်အပြုံလိုက် အလင်းဝင်ရောက်
*******************************************
ပခုက္ကူမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ Earthquake Defense Force အဖွဲ့ခေါင်းဆောင် အာကာစိုးမြင့်(ခ)တွတ်ပီနဲ့ အဖွဲဝင် ၃ ဦး၊ Defense Team Pakokku အဖွဲခေါင်းဆောင် အောင်သူ(ခ)Snake နဲ့အဖွဲဝင် ၃ ဦးတိုဟာ ငွေကျပ် သိန်း ၁၀၀၀ အပါအဝင် M-4 သေနတ် ၂ လက်၊ KA ပါရာ ၁ လက်၊ MA-13 သေနတ် ၁ လက်၊ AK သေနတ် ၁ လက်၊ အမေရိကန်လုပ် ပစ္စတို ၁ လက်၊ ကျည်အိမ် ၆ ခု၊ ကျည် ၁၀၇ တောင့်၊ စုစုပေါင်း လူ ၈ ဦးတို့နဲ့အတူ ပခုက္ကူမြိုနယ်၊ နယ်မြေခံတပ်ရင်းကို ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့ပါတယ်။
-
အလင်းဝင်ရောက်လာသူများရဲ့ပြောကြားချက်အရ
(-) ပခုက္ကူနယ်မြေအတွင်း Local PDF များနဲ့ NUG အဖွဲလက်အောက်ခံ ပကဖအဖွဲများအကြား ငွေကြေးအရှုပ်တော်ပုံများကြောင့် အပြန်အလှန်လုပ်ကြံသတ်ဖြတ်မှုများရှိခဲ့ကြောင်း၊

(-) အာကာစိုးမြင့်နှင့် အောင်သူတိုကို ဒလန်လိုစွပ်စွဲပြီး အရေးယူဖို ပြင်ဆင်နေကြောင်း၊

(-) ပကဖအဖွဲများက တော်လှန်ရေးအကြောင်းပြပြီး ပြည်သူလူထုနဲ့ လုပ်ငန်းရှင်များထံ ဆက်ကြေးကောက်ခံမှုကို Local PDF များမှ သဘောမတူကြောင်း၊

(-) NUG အဖွဲမှ လက်နက်ခဲယမ်းလုံလောက်စွာထုတ်မပေးဘဲ သေနတ် ၁ လက်ကို ကျည် ၁၀ တောင့်နှုန်းသာ အသုံးပြုခွင့်ပေးထားကြောင်း၊

(-) ပကဖအဖွဲဝင်များဟာ စစ်တပ်ကို တိုက်ခိုက်ဖိုထက် ပြည်သူကို အကြောက်တရားရစေရန် အများပြည်သူသုံးလမ်းများပေါ်မှာ တိုက်ကွက်ဖော်ခိုင်းကြောင်း၊

(-) တော်လှန်ရေးကာလ ကြာရှည်လာတာနဲ့အမျှ NUG ရဲ့သဘောထားအမှန်ကို သိမြင်လာပြီး မိမိတိုမိဘဆွေမျိုးများအပါအဝင် ပြည်သူများ စစ်ဘေးသင့်မှာကို မလိုလားသဖြင့် ယခုကဲ့သို အလင်းဝင်ရောက်ခြင်းဖြစ်ကြောင်း
သိရှိရပါတယ်။
-
ဘယ်လိုအကြောင်းကြောင့်နဲ့ပဲ ပြန်လာပြန်လာ၊ များများပြန်လာလေ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ကောင်းတဲ့လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ သူတိုပါလာတဲ့ ပိုက်ဆံတွေကို စစ်တပ်က သိမ်းဆည်းခြင်းမရှိဘဲ သူတိုကို ခွဲဝေပေးခဲ့သလို လက်နက်ခဲယမ်း ၆ လက်အတွက် သိန်း ၃၀၀ ကျော် ထပ်မံဆုချီးမြှင့်ပြီး ဝန်ခံကတိလက်မှတ် ထိုးစေခဲ့ကြောင်း သိရှိရပါတယ်။


 

Post a Comment

Previous Post Next Post