လူလည် KIA နဲ့ ရိုးအတဲ့ အညာသားများ

Views

အညာဒေသလို့ ပြောလိုက်ရင် တောင်တန်း၊ တောအုပ်ထက် မြေပြန့်လွင်ပြင် ပေါများတဲ့ ဒေသဖြစ်သလို လွင်တီးခေါင်ဧရိယာတွေနဲ့ စိုက်ပျိုးရေးကို အခြေခံစီးပွား အဖြစ် လုပ်ကိုင်ကြတဲ့ တည်ငြိမ်အေးချမ်းတဲ့ အရပ်ဒေသလို့ ပြေးမြင်ကြပါလိမ့်မယ်။ ယေဘူယျအားဖြင့်တော့ ဗမာလူမျိုးအများစုနေထိုင်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေမရှိတဲ့ စစ်ကိုင်း၊ မကွေးနဲ့ မန္တလေးတိုင်းဒေသကြီးထဲက မြို့၊ ရွာတွေပါပဲ။ အညာရနံ့တွေနဲ့အတူ ပွင့်လင်းသောပြောဟန်ဆိုဟန်၊ သံယောဇဉ်ကြီးပြီး ရောင့်ရဲတင်း တိမ်စိတ်၊ ရိုးသားတဲ့ စရိုက်လက္ခဏာရှိကြသူတွေကိုလည်း တွဲပြီးတွေ့မြင်ကြရမှာ ဖြစ်ပါတယ်။ 


ဒီလိုစရိုက်လက္ခဏာရှိတဲ့ အညာသားတွေဟာ NLD အစိုးရလက်ထက်မှာ နိုင်ငံရေးဝါဒမှိုင်းဖြစ်တဲ့ တပ်မတော်မုန်းတီးရေး သွေးထိုးလှုံ့ဆောင်မှုတွေကြောင့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာ အစိုးရဆန့်ကျင်ရေးလှုပ်ရှားမှုများကို အပြင်းအထန်လုပ်ဆောင်ခဲ့ကြတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ရိုးသားတဲ့ အညာ သားတွေရဲ့ နိုင်ငံရေးအရဆူပူအုံကြွမှုတွေကနေတစ်ဆင့် လက်နက်ကိုင်အကြမ်းဖက် တိုက်ခိုက်မှုတွေက အညာဒေသရှိ မြို့၊ ရွာများမှာ နေ့စဉ်စိတ်မကောင်းစရာ မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။  

လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ ဘေးထွက်ဆိုးကျိုးဖြစ်တဲ့ နေ့စဉ် နဲ့အမျှ အညာသားများရဲ့ ထိခိုက်သေဆုံးမှုတွေ၊ စစ်ပွဲများကြောင့် ကျေးရွာများရဲ့ ပျက်စီးဆုံးရှုံးမှုတွေ၊ စစ်ဘေးရှောင်ရတဲ့ ရွာသူရွာသားများရဲ့ဒုက္ခတွေ၊ မိမိဘဝ အသက်ရှင်ရေးအတွက် အမြဲတမ်းစိုးရိမ်ပူပန်နေရတဲ့ ဝေဒနာ၊ စားသောက်နေထိုင်ရေး အခက်အခဲနဲ့ လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုတွေဟာ ယနေ့ကာလမှာ အညာဒေသရဲ့ အနိဋ္ဌာရုံတွေပဲ ဖြစ်ပါတယ်။ 


 
ဒီလိုဆိုးရွားလှတဲ့ အနိဋ္ဌာရုံတွေဖြစ်ရတဲ့ အခြေခံအကြောင်းတရားက ရိုးသားတဲ့ အညာသားတွေ နိုင်ငံရေးအယူအဆမှား မှိုင်းမိလို့ဖြစ်ရသလို နောက်ထပ်အဓိကအ ကြောင်းအရင်းက လူလည်ကြတဲ့ KIO၊ KIA အဖွဲ့ရဲ့ နိုင်ငံရေးအမြတ်ထုတ် Proxy war လုပ်ခံနေရခြင်း ဖြစ်ပါတယ်။ 

KIO အဖွဲ့ဟာ ကချင်ပြည်နယ်ကို ပြည်ထောင်စုကနေ ခွဲထွက်ပြီး ဝမ်ပေါင်သမ္မတ နိုင်ငံထူထောင်လိုတဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ လက်နက်ဆွဲကိုင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်ပါတယ်။ နှစ်ပေါင်း ၆၀ နီးပါးဆင်နွှဲနေတဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ တရုတ်-မြန်မာနယ်စပ်မှာ အခြေပြုပြီး ကချင်ပြည်နယ်အတွင်း ကချင် တိုင်းရင်းသားလူမျိုးတွေရဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နဲ့ တိုင်းရင်းသားအရေးအတွက် လက်နက်ကိုင်လမ်းစဉ်ကို ဆွဲကိုင်ထားတဲ့ သောင်းကျန်းသူအဖွဲ့ဖြစ်ပါတယ်။ 

KIA အဖွဲ့ရဲ့ သမိုင်းကြောင်းအရ သူတို့ရဲ့မအောင်မြင်တဲ့ ကချင်တော်လှန်ရေးက နိုင်ငံတော်အစိုးရအဆက်ဆက် သူတို့အားနည်းနေတဲ့အချိန်မှာ ငြိမ်းချမ်းရေးလုပ်၊ အားကောင်းလာတဲ့အချိန်မှာ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဖော်ဆောင်လေ့ ရှိပါတယ်။ KIO၊ KIA ခေါင်းဆောင်များက သူတို့ကိုယ်ကျိုးစီးပွားအတွက် တရုတ်နယ်စပ်မှာ အခြေချပြီး အမေရိကန် CIA အဖွဲ့ရဲ့ အထောက်အပံ့ကို ရယူနိုင်တဲ့ အထိ ကလိန်ကကျစ်ဉာဏ်များ ပြီး ရပ်တည်နေတဲ့အဖွဲ့လည်း ဖြစ်ပါတယ်။ 

တရုတ်-မြန်မာနယ်စပ်မှာ ဌာနချုပ်စခန်းတွေ အခိုင်အမာနဲ့ ရှိနေပြီး တပ်စခန်း အများစုကတော့ ကချင်ပြည်နယ်ထဲက တောတောင်တွေထဲမှာ တပ်ဖြန့်ထားကာ ကချင်ပြည်နယ်အတွင်းမှာသာ လှုပ်ရှားနိုင်ပါတယ်။ ကချင်ပြည်နယ်ထဲက ပေါကြွယ်ဝ တဲ့ သယံဇာတတွေကို မှောင်ခိုလုပ်ပြီး မူးယစ်ဆေးဝါး၊ ဘိန်းစိုက်ပျိုးထုတ်လုပ်မှုနဲ့ အသက်ဆက်နေရတဲ့အဖွဲ့ဖြစ်ပါတယ်။ 

၂၀၂၁ ခုနှစ်မတိုင်မီအထိ မြန်မာတပ်မတော်နဲ့ KIA အဖွဲ့ရဲ့ တိုက်ပွဲများဟာ KIA ထိန်းချုပ်နယ်မြေဖြစ်တဲ့ တရုတ်-မြန်မာနယ်စပ်တစ်လျှောက်နဲ့ ကချင်ပြည်နယ် အတွင်း အဓိကဆက်သွယ်ရေးလမ်းကြောင်းများ ပေါ်မှာသာ ဖြစ်လေ့ရှိပါတယ်။ တိုက်ပွဲ ကြီးတွေ ဖြစ်ပွားရင် ကချင်ကျေးရွာများ ထိခိုက်ပျက်စီးခဲ့ရသလို အပြစ်မဲ့ပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရတဲ့အတွက် တိုက်ပွဲရှောင်စခန်းတွေ အများအပြားရှိ လာပါတယ်။ 

၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲမှာတော့ လူလည်ကြတဲ့ KIA အဖွဲ့ဟာ နိုင်ငံရေးမှိုင်းကြောင့် စိတ်ခံစားချက်မြင့်မားနေတဲ့ ရိုးသားတဲ့ အညာသားတွေကို စည်းရုံးပြီး ကချင်ပြည်နယ်ထဲမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကို စစ်ကိုင်းနဲ့ မကွေး တိုင်းဒေသကြီး မြောက်ပိုင်းမှာ ဖြစ်ပွားအောင် Proxy War ပုံဖော်ခဲ့ပါတယ်။ 

နစကအစိုးရကို အေးချမ်းစွာဆန္ဒပြနေတဲ့ အညာသားတွေကို စစ်ပညာသင်ပေး၊ လက်နက်ခဲယမ်းများ တပ်ဆင်ထောက်ပံ့ပေးပြီး မြို့ရွာအနှံ့သူပုန်ထအောင် အကွက်ချ လုပ်ဆောင်ခဲ့ပါတယ်။ ရိုးသားတဲ့ အညာသားများဟာ ရိုးအတဲ့အဆင့်ကို ရောက်သွား ပြီး လူလည် KIA တွေရဲ့ Proxy War လုပ်တာကို ခံနေရပါတယ်။ ဒါကြောင့် ဗမာ-ဗမာအချင်းချင်း နေ့စဉ်သတ်ဖြတ်၊ ကိုယ့်ရွာကိုယ်မီးရှို့၊ လမ်းတံတားတွေ ဖျက်ဆီး လုပ်နေကြတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ 

KIA အဖွဲ့ဟာ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းအတွင်းက လူငယ်တွေကို သူတို့ နယ်မြေထဲမှာ ခေါ်ယူသင်တန်းပေးပြီးနောက် သက်ဆိုင်ရာနယ်မြေတွေဆီ ပြန်လွှတ်၊ PDF အမည်ခံ လက်နက်ကိုင်တပ်ရင်း/တပ်ဖွဲ့များအဖြစ် သောင်းကျန်းသူအဖွဲ့အသစ် များ မွေးထုတ်ပေးလျက်ရှိပါတယ်။ KIO အဖွဲ့ဟာ နယ်မြေချဲ့ထွင်နိုင်အောင် ကချင်နဲ့ စစ်ကိုင်းဆက်စပ်နယ်မြေတွေမှာ KIA တပ်ဖွဲ့များကိုပါ စေလွှတ်ပြီး အခြားမြို့ရွာတွေ မှာတော့ KIA နည်းပြများနဲ့ ရိုးအတဲ့ အညာသားတွေကို စစ်ပညာသင်၊ လက်နက် ထောက်ပံ့ပြီး အညာဒေသတိုက်ပွဲများကို ဖော်ဆောင်နေခြင်းဖြစ်ပါတယ်။ 

KIA ဟာ သူတို့ရဲ့သင်တန်းနည်းပြတွေကို စစ်ကိုင်းတိုင်းအနှံ့အပြား စေလွှတ်ပြီး အညာဗမာလူငယ်တွေကို အရေးပေါ်လူစုကာ ရက်တိုစစ်ပညာတွေ လေ့ကျင့်ပေးပါ တယ်။ ဗမာလူငယ်တွေကို KIA အဓိက သင်ပေးလိုက်တာက IED မိုင်းလို့ခေါ်တဲ့ လက်လုပ်မိုင်းပြုလုပ်နည်းနဲ့ အခြေခံလက်နက်ငယ်ပစ်ခတ်နည်းပါ။ ရက်တိုတိုနဲ့ နည်းစနစ်မမှန်မကန် သင်ကြားရမှုတွေကြောင့် စမ်းသပ်ပြုလုပ်ရင်းဖြစ်စေ၊ မကျွမ်း မကျင်ဖြင့် အသုံးပြုကိုင်တွယ်ရာမှာဖြစ်စေ ရိုးအတဲ့ဗမာလူငယ်တွေရဲ့ ထိခိုက်နစ်နာမှု တွေကလည်း များလှပါတယ်။  

အဲဒီတော့ စစ်ကိုင်းဗမာလူငယ်ထုဟာ သူပုန်အသစ်ကျပ်ချွတ်ကလေးတွေ အဖြစ်ပြောင်းလဲသွားပြီး စစ်ကိုင်းဒေသဟာ ယမ်းခိုးအကြီးအကျယ်ဝေပါတော့တယ်။ KIA လေ့ကျင့်ပေးလိုက်တဲ့ ဗမာလူငယ်ထုကပဲ ဗမာလူများစုပါဝင်တဲ့ အစိုးရ တပ်မတော်ကို အကြီးအကျယ် ပြန်ချနေကြတာဟာ လူမျိုးစွဲအတွေးကြီးတဲ့ KIA စီစဉ်တဲ့ ဇာတ်ညွှန်းအတိုင်း အညာသားတွေ လိုက်ပါလုပ်ဆောင်နေလို့ ဖြစ်ပါတယ်။ 

စစ်ကိုင်းဟာ အသက်ပေါင်းများစွာ၊ အိုးအိမ်ပေါင်းများစွာ၊ ဘဝပေါင်းများစွာ စုတ်ပြတ်သွားခဲ့ပြီး ဒါကို ပြည်တွင်း/ ပြည်ပဘေးတီးသူအချို့က ဒီမိုကရေစီအရေး လက်နက်ကိုင်တိုက်ပွဲဝင်သူ စစ်ကိုင်းသူရဲကောင်းတွေအဖြစ် မြှောက်ပေးကြပါတယ်။  

အထူးသဖြင့်တော့ ကချင်ပြည်နယ်ကို ပြည်မကလာရင် အဓိကဝင်ပေါက်ဖြစ်တဲ့ မန္တလေး၊ မတ္တရာ၊ သပိတ်ကျင်း၊ ထီးချိုင့်-ဗန်းမော်လမ်းကြောင်း၊ မန္တလေး၊ ရွှေဘို၊ အင်းတော်၊ မိုးညှင်း၊ မိုးကောင်းလမ်းကြောင်းနဲ့ မန္တလေး-မြစ်ကြီးနားရထားလမ်း တစ်လျှောက် မြို့ရွာတွေမှာ တိုက်ပွဲကြီးများဖော်ဆောင်ခြင်း၊ သယံဇာတပေါကြွယ်ဝ တဲ့ စစ်ကိုင်းတိုင်းအတွင်း အမာခံနယ်မြေတည်ဆောက်ခြင်းနဲ့ KIA တပ်မဟာများ တိုးချဲ့ပြီး စစ်ခြေကုတ်စခန်းများ တည်ဆောက်တဲ့အထိ လုပ်ဆောင်လျက်ရှိပါတယ်။ 

အဆိုးဆုံးကတော့ တိုက်ပွဲဖြစ်ပြီး ဆုတ်ခွာချိန်များမှာ ကျေးရွာများကို KIA/PDF များက မီးရှို့ထားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ကြောင်း သတင်းအမှားများနဲ့ ပြည်သူကို သတင်းအဆိပ်ကြွေးခြင်း ဖြစ်ပါတယ်။ ဒါ့အပြင် PDF ကို မထောက်ခံသူ များကို ဒလန်ဆိုတဲ့ ခေါင်းစဉ်တပ် ရက်ရက်စက်စက် သတ်ဖြတ်သလို သူတို့ကိုမ ထောက်ခံတဲ့ ကျေးရွာများကိုလည်း ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးမှုများကို ပြုလုပ်လေ့ရှိ ပါတယ်။ ဒီလိုကျေးရွာတွေ မီးရှို့တာ၊ ရွာသူရွာသားတွေကို အတင်းအဓမ္မမောင်းထုတ် မှုတွေ လုပ်ဆောင်ခြင်းဟာ နှစ်ပေါင်းများစွာ ကချင်ပြည်နယ်မှာ ဖြစ်ခဲ့တာတွေ အတွက် လက်စားချေခြင်းဖြစ်တယ်လို့ယုံကြည်ပြီး ရည်ရွယ်ချက်ရှိရှိနဲ့ အကွက်ချ လုပ်ဆောင်နေခြင်းဖြစ်ပါတယ်။ ဒီလိုကလိန် ကကျစ်ညဏ်နဲ့ KIA ရဲ့ အစီအမံတွေကို လိုက်ပါ လုပ်ဆောင်နေသူများက ရိုးအတဲ့ အညာသားများ ဖြစ်ပါတယ်။    

KIA အဖွဲ့ရဲ့ လက်နက်၊ ခဲယမ်းထောက်ပံ့မှုနဲ့ စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်း အတွင်း လှုပ်ရှားနေကြတဲ့ PDF များဟာ ဒေသခံဗမာတိုင်းရင်းသားများ အများစုဖြစ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်များနဲ့ တိုက်ပွဲဖြစ်ပွားရင် ဘယ်သူသေသေ ကချင်လူမျိုး KIA များက အားရဝမ်းသာဖြစ်နေကြပါတယ်။  

မီးလောင်ပျက်စီးခဲ့တဲ့ ကျေးရွာတွေမှာ ကချင်လူမျိုးများရဲ့ ပိုင်ဆိုင်မှုများ မပါရှိ သလို ကချင်ပြည်နယ်ရဲ့ အကျိုးစီးပွားကိုလည်း မထိခိုက်ဘူးဆိုတာ မြင်တွေ့ကြရ မှာဖြစ်ပါတယ်။ အညာဒေသမှာ စာသင်ကျောင်းတွေကို စစ်စခန်းများဖြစ်အောင် လုပ် နေတဲ့ KIA အဖွဲ့ဟာ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများကိုလည်း သတ်ဖြတ်နေပြီး သာ သနာညှိုးနွမ်းအောင်လည်း ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာ ထင်ရှားပေါ်လွင်လှ ပါတယ်။    

ဒါကြောင့် အညာဒေသမှာ ဖြစ်ပွားနေတဲ့ အနိဋ္ဌာရုံများ လျော့ပါးရေးအတွက် လူလည်ကြတဲ့ KIA ရဲ့ လုပ်ကွက်တွေကို ဒေသခံအညာသူ၊ အညာသားများ သိမြင်ပြီး သူတို့ရဲ့ စီမံထားတဲ့ အကြမ်းဖက်လုပ်ရပ်များမှာ ပါဝင်မလုပ်ဆောင်မိအောင် အထူး သတိပြုကြစေချင်ပါတယ်။  

KIA တွေ ရောက်ရှိလာပြီးနောက် ဒီနေ့ထိခိုက်ဆုံးရှုံးမှုတွေ ကြီးမားစွာ ဖြစ်နေတဲ့ အညာဒေသဟာ KIA များ မဝင်ရောက်လာမီ ၂၀၂၁ ခုနှစ် မတိုင်မီကာလများနှင့် ချိန်ထိုး နှိုင်းယှဉ်ကြည့်လိုက်ရင် KIA ရဲ့ ယုတ်မာပက်စက်တဲ့ အကြံအစည်၊ လုပ် ကွက်များကို ပြတ်ပြတ်သားသား မြင်တွေ့ကြရမှာ ဖြစ်တယ်။ 

စစ်ကိုင်းဒေသတစ်ခုလုံးအတွက်တော့ နစ်နာဆုံးရှုံးမှုက အရမ်းကြီးမားပါတယ်။ မြန်မာပြည်ရဲ့ ဒုတိယ ဆန်အိုးကြီးလို့တောင် တင်စားခေါ်ဝေါ်ရတဲ့ စစ်ကိုင်းဒေသဟာ ယခုအခါမှာတော့ စစ်ဘေးဒဏ်ကြောင့် ဆန်စပါး၊ ကောက်ပဲသီးနှံတွေလည်း ဖြစ်ထွန်း မထွက်ရှိနိုင်တော့ပါဘူး။ ယခင်က စိမ်းစိမ်းစိုစိုနဲ့ ရွှေဝါရောင် စပါးခင်းကြီးတွေဟာ ယခုအခါမှာတော့ စစ်တလင်းဖြစ်လို့နေပါပြီ။  

အညာဒေသဟာ ဗမာအချင်းချင်း သတ်ဖြတ်၊ မီးရှို့၊ တိုက်ခိုက်မှုများရဲ့ နောက် ကွယ်မှာ အကြမ်းဖက်အဖျက်သမား သောင်းကျန်းသူ KIA နဲ့ အစွန်းရောက် နိုင်ငံရေး သမား လူလည် NUG အဖွဲ့များ ရှိနေပြီး သူတို့ရဲ့ထပ်ဆင့်ဆရာကြီးဖြစ်တဲ့ လက်မဲကြီး များရဲ့ ကြိုးကိုင်စီစဉ်နေမှုများကို ရိုးအတဲ့ အညာသားများ အမြင်မှန်ရရှိစေရန်ရေး သားတင်ပြလိုက်ရပါတယ်။ 

ခင်ညိုချော 



Post a Comment

Previous Post Next Post