ကရင်တိုင်းရင်းသားတွေ အသိအမှတ်မပြုတဲ့ KNU ဥက္ကဌသစ်အကြောင်း တစေ့တစောင်း

Views

KNU ဥက္ကဌသစ်ဖြစ်တဲ့ ပဒိုစောကွယ်ထူးဝင်းဟာ ၁၉၅၃ ခုနှစ်တွင် တနင်္သာရီတိုင်း၊ ပုလောက်မြိုနယ်၊ ဘယက် တောင်ရွာတွင် မွေးဖွားခဲ့ပြီး ယခုတွင် အသက် ၇၀ ခန့် ရှိပါတယ်။ NRC ကတော့ ၃/မဝတ(နိုင်)၀၆၄၃၅၇ ဖြစ်ပြီး အဲ့အဲ့ရွာသူ နော်ကြားရာ(US နိုင်ငံသားခံယူသူ)နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ B.Com ဘွဲရရှိထားပြီး ထန်ဧင်းဒုက္ခသည်စခန်းမှာ ကျင်လည်ခဲ့ရာ အင်္ဂလိပ်/ ထိုင်းဘာသာကို ရေးနိုင်၊ ပြောနိုင်ပါတယ်။
-
သူသည် ယခင်က KNU တမဟ(၄)၊ မြိတ်-ထားဝယ်ဒေသတွင် အုပ်ချုပ်ရေးအဖွဲ ဥက္ကဌ တာဝန်ယူခဲ့ပြီး (၁၁)ကြိမ် မြောက်ကွန်ဂရက်မှ (၁၄)ကြိမ်မြောက်ကွန်ဂရက်ထိ ဗဟိုကော်မတီဝင်အဖြစ် နေရာရရှိခဲ့ပါတယ်။ (၁၅)ကြိမ်မြောက် ကွန်ဂရက်မှာ ဗဟိုကော်မတီ၊ အထွေထွေအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခံရပြီး (၁၆)ကြိမ် မြောက်မှာတော့ ဒုဥက္ကဌအဖြစ် ရွေးချယ်ခံရကာ (၁၇)ကြိမ်မြောက်မှာတော့ ဉက္ကဌအဖြစ် အငြင်းပွားဖွယ် ၂ မဲအသာနဲ့ ရွေးချယ်ခံခဲ့ရပါတယ်။
-
သမိုင်းကြောင်းကို ပြန်ကောက်ရရင် 

စောကွယ်ထူးဝင်းဟာ တက္ကသိုလ်ကျောင်းသားဘဝမှ KNU အဖွဲထံဝင်ရောက်သွားပြီး နိုင်ငံရေးသမား(စစ်တိုက်သူမဟုတ်၊ စစ်ရေးအတွေ့အကြုံမရှိ)အဖြစ် တမဟ(၄)တာဝန်ထမ်းဆောင်ခဲ့ကာ ငြိမ်းချမ်းရေးကိုလိုလားသောသူအဖြစ် နာမည်ကြီးခဲ့ပါတယ်။ ဦးသိန်းစိန်အစိုးရလက်ထက်တွင်လည်း အစိုးရ၊ တပ်မတော်နဲ့ ရင်းရင်းနှီးနှီးဆက်ဆံကာ စေ့စပ်ညှိနှိင်းရေးအကျိုးတော်ဆောင်(ငြိမ်းချမ်းရေးပွဲစား) လုပ်ပေးခဲ့သူဖြစ်ကာ ဒုကြိမ်(၂၁)ပင်လုံညီလာခံမှာ ပြည်ထောင်စုငြိမ်းချမ်းရေးသဘောတူချက် ၃၇ ချက်အား လက်မှတ်ထိုးခဲ့လို ဘောကျော်ဟဲတိုရဲ့ ညိုငြင်မှုတွေကို ခံခဲ့ရသူဖြစ်ပါတယ်။
-
သိုသော် .. သိုသော်
နစက ခေတ္တအာဏာထိန်းပြီးကာလမှာတော့ ဇနီးဖြစ်သူရဲ့ ဖိအား၊ CIA တိုရဲ့ အကြပ်ကိုင်မှုတွေကြောင့် တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ်မှ သွေဖယ်သွားကာ စစ်မက်လိုလားသူ ဘောကျော်ဟဲတိုနဲ့ တစ်ဂိုဏ်းထဲ ဖြစ်သွားခဲ့ပါတယ်။
-
KNU ထဲက နယ်မြေအချိုကို တရုတ်စီးပွားရေးလုပ်ငန်းရှင်များနဲ့ အကြီးဆုံးပုဂ္ဂိုလ်အဖြစ် လက်ဝါးချင်းရိုက်ကာ နှစ်ရှည်ရောင်းချခဲ့ လက်မှတ်ထိုးခဲ့သော်လည်း KNU ဗဟိုအရေးယူခံရမည့် ပုဂ္ဂိုလ်စာရင်းတွင် သူ၏နာမည်မပါဘဲ တမဟ(၇)မှူး .. အစရှိတဲ့ အမည်တွေသာ ထုတ်ပြန်ထားတာတွေ့ရပါတယ်။ မြေပြင်အမှန်က တရုတ်နဲ့ပေါင်းစားတာ ပဒိုစောကွယ်ထူးဝင်းပါ။
-
ယခုအချိန်မှာတော့ မဲမသမာမှုနဲ့ ဥက္ကဌရာထူးကို မတရားရယူခဲ့လို ကရင်တစ်မျိုးသားလုံးက မကျေမနပ်ဖြစ်ပြီး ကွန်ဂရက်တောင် အသစ်ပြန်လည်ကျင်းပဖို စီစဉ်နေပါကြောင်း သိရှိရပါတယ်။


 

Post a Comment

Previous Post Next Post