နစကအစိုးရရဲ့ လုံခြုံရေးနဲ့ သံတမန်ရေးဆိုင်ရာ နိုင်ငံတကာသို့ ထိုးဖောက်ဆောင်ရွက်ချက်

Views


နစကအစိုးရအဖွဲ့အတွင်း အရေးပါတဲ့ နစကဥက္ကဋ္ဌရုံး ပြည်ထောင်စုဝန်ကြီး အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဗိုလ်ချုပ်ကြီး မိုးအောင်ဟာ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ ဧပြီ ၂၃ ရက်မှ ၂၅ ရက်အထိလုပ်ခဲ့တဲ့ (၁၂) ကြိမ်မြောက် လုံခြုံရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများအစည်းအဝေးကို တက်ရောက်ခဲ့ကြောင်း သိရှိရပါတယ်။

-

အဲ့ဒီအစည်းအဝေးကို နိုင်ငံပေါင်း ၁၀၆ နိုင်ငံနဲ့ အာဆီယံ၊ ဘင်းစတက်၊ BRICS၊ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး (SCO) တို့လို ဒေသတွင်း အင်အားကြီးအဖွဲ့အစည်း ၁၀ ခုလည်း တက်ရောက်ခဲ့ကြပြီး နိုင်ငံတကာမှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်တိုက်ခိုက်မှုများ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးနှိမ်နင်းမှုများနှင့် အခြားစီးပွားရေး၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း နိုင်ငံတကာမီဒီယာများမှာ ထုတ်လွှင့်လျက်ရှိပါတယ်။

-

မြန်မာနိုင်ငံအနေနဲ့လည်း ရုရှား-အာဆီယံ လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ ဆွေးနွေးပွဲနဲ့ (၁၂) ကြိမ်မြောက်လုံခြုံရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများကို တက်ရောက်ခဲ့ပြီး ဗိုလ်ချုပ်ကြီးမိုးအောင်က မြန်မာနိုင်ငံတွင်လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများနှင့် အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေးဆိုင်ရာကိစ္စရပ်များကို ပါဝင်ဆွေးနွေးခဲ့ပါတယ်။

-

အစည်းအဝေးကို ရုရှားသမ္မတပူတင်ကိုယ်တိုင် Video Message ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရုရှားနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူး Nikolai Patrusher က ဦးဆောင်ပြုလုပ်ခဲ့ပါတယ်။

-

ဗိုလ်ချုပ်ကြီးမိုးအောင်နဲ့ အဖွဲ့ဟာ အဓိကအစည်းအဝေးကြီး ၂ ခုနဲ့ စကားဝိုင်းဆွေးနွေးပွဲတွေမှာ တက်တက်ကြွကြွနဲ့ ပါဝင်ဆွေးနွေးနိုင်ခဲ့သလို ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ လာအို၊ အီသီယိုးဗီးယား၊ မိုဇမ်ဘစ်နိုင်ငံ၊ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်အစိုးအဖွဲ့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး သံတမန်ရေးဆိုင်ရာ လှုပ်ရှားမှုများကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။

-

ဒီအစည်းအဝေးပွဲဟာ သာမန်ကြည့်ရင် ရုရှားနိုင်ငံက ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်ခုအနေနဲ့ အာဖရိက၊ အာရှနဲ့ အရှေ့အလယ်ပိုင်းက နိုင်ငံတွေကို ဦးဆောင်ပြီး ဒေသတွင်း လုံခြုံရေးအတွက် ပြုလုပ်ခဲ့တာဖြစ်ပေမယ့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာစင်မြင့်ထက်မှာ ကိုယ့်နိုင်ငံရဲ့ ပကတိဖြစ်ပေါ် တိုးတက်မှုတွေ၊ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို သိသာထင်ရှားစွာ ဖော်ထုတ်ပြသနိုင်ခဲ့ပါတယ်။

-

အထူးသဖြင့် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အမျိုးသားလုံခြုံရေးဆိုင်ရာ အကြီးအကဲများနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုများကို တုန့်ပြန်ဖို့ နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ရမယ့်နည်းလမ်းတွေကို အဖြေရှာဆွေးနွေးခဲ့ပါတယ်။

-

အစည်းအဝေးပွဲကြီးများနဲ့ စကားဝိုင်းဆွေးနွေးပွဲများမှာ ဗိုလ်ချုပ်ကြီးမိုးအောင်းနဲ့ ကိုယ်စားလှယ် အဖွဲ့ဝင် များက နစကအစိုးရအနေနဲ့ ဒေသတွင်းလုံခြုံရေးနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများမှာတက်ကြွစွာ ဆောင်ရွက်​နေမှုများကို ရှင်းပြနိုင်ခဲ့သလို နိုင်ငံအလိုက်သီးခြားတွေ့ဆုံမှုတိုင်းမှာလည်း လက်ရှိမြန်မာ့ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေကို ရှင်းလင်းပြောကြားပြီး အထောက်အထားစာအုပ်များ ပေးအပ်နိုင်ခဲ့ပါတယ်။

-

ဒီလိုဆောင်ရွက်ချက်ကြောင့် ဗိုလ်ချုပ်ကြီးမိုးအောင်းရဲ့ ရုရှားနိုင်ငံခရီးစဉ်ဟာ သာမန်ဝန်ကြီးတစ်ဦးရဲ့ ချစ်ကြည်ရေးခရီးစဉ်မျိုးမဟုတ်ဘဲ နိုင်ငံတကာမျက်နှာစာမှာ သံတမန်ရေးရာအတွက်ကျယ်ကျယ်ပြန့်ပြန့် ထိတွေ့လှုပ်ရှားခဲ့ပြီး ဒေသတွင်းအင်အားကြီးနိုင်ငံများနဲ့ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့တဲ့ ခရီးစဉ်တစ်ခု ဖြစ်ကြောင်း ထင်မြင်ယူဆမိပါတယ်။

Post a Comment

Previous Post Next Post