ထောင်ချောက်ထဲဝင်သွားတဲ့ ပြည်ဖျက်များ

Views


ပြည်သူကို အမြဲဂျင်းကျွေးနေတဲ့ မီဒီယာတွေ၊ ပုဂ္ဂိုလ်တွေက ဒုတပ်ချုပ်ကြီးနဲ့ ပတ်သက်ပြီး “ဒဏ်ရာရတယ်” ပြောလိုက်၊ “ဆုံးပြီ” ပြောလိုက်၊ “အိန္ဒိယပါရဂူတွေနဲ့ ကုနေတယ်” ပြောလိုက်နဲ့ ဂျင်းအမျိုးမျိုးထည့်ကြတယ် .. ပြီးတော့ ပြောသေးတယ် .. ဘာတဲ့ “SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Alpha Bats အဖွဲ့က ကာမီကာဇီ Drone နဲ့ပစ်တာဆိုပြီး လီဆယ်ကာ ခွက်ခေါက်ကြတယ် ..

-

အဲလို ဂျင်းသတင်းတွေကြောင့် တပ်မတော်ထောက်ခံသူတွေ၊ မျိုးချစ်တွေက စိုးရိမ်ပြီး ကျနော့ထံ ဖုန်းနဲ့တစ်မျိုး၊ message နဲ့ တစ်ဖုံ လာ .. လာ မေးကြတယ် .. ကိုယ်တွေနဲ့အတူတူရှိနေတဲ့ ကိုယ့်ဆရာအကြောင်း ကိုယ်အသိဆုံးပေါ့ .. ဒါပေမယ့် အထူးစဆရကိစ္စလုပ်နေတာမို့ “No” ဆိုတဲ့ စကားလုံး တစ်လုံးပဲ ပြန်ဖြေလိုက်တယ် .. လုပ်တုန်းကိုင်တုန်းမို့ ဒီထက်ပိုပြီး ရှင်းမပြခဲ့ပါဘူး ..


-

ဒီလို ဒုတပ်ချုပ်ကြီးနဲ့ပတ်သက်တဲ့ သတင်းအမှားကို တပ်မတော်ဘက်ကရော၊ ကျနော်တို့ဘက်ကရော အထူး အထွေ Fact Check မလုပ်ခဲ့ဘဲ .. တစ်လ ကျော်ထိ မှိန်းနေခဲ့လိုက်တယ် .. အဲဒီတော့ ပြည်ဖျက်တွေက သူတို့ သတင်းမှန်တယ်ဆိုပြီး ခေတ်သစ်တို့၊ ဧရာဝတီတို့လို မီဒီညာတွေက ဒီသတင်းကို ထပ်ဖိတယ် .. နေ့တိုင်း နေ့တိုင်း သတင်းတင်ပြီး ပြည်သူကို ဂျင်းဆက်ကျွေးတယ် ..

-

အထူးစဆရကိစ္စပြီးသွားတော့မှ ဒုတပ်ချုပ်ကြီးက “မင်း .. တောင်းတလွန်းလို့ .. ကိုယ်ထင်ပြရတယ်”ဆိုတဲ့ အကွက်နဲ့ ခပ်ပါးပါးလေး တစ်ချက်ထွက်ပြလိုက်တယ် .. ပြည်ဖျက်မီဒီညာတွေ အားလုံးပက်လက်လန် သွားရတယ် .. ပြည်ဖျက်မီဒီညာတွေ ဘယ်လောက်လိမ်လဲဆိုတာ ပြည်သူတွေ ကွက်ကွက်ကွင်းကွင်း မြင်သွားရတယ် ..

-

အဲဒါကတော့ ဒုတပ်ချုပ်ကြီးရဲ့ ပညာသားပါတဲ့ “မီဒီညာအတွက် .. ထောင်ချောက်”ဗျူဟာ ပါပဲ။။။



#KT

Post a Comment

Previous Post Next Post