လူပူရင်ပူ၊ ဦးဏှောက်အေးအောင်ကြိုးစားကြပါ

Views


အပူချိန် ၄၀ ဒီကရီ ကျော်ရင် ဦးဏှောက်ဆဲလ်တွေ စပြီးကြောင်လာပါတယ်တဲ့။ ဦးဏှောက်ဆဲလ်တွေ အကြိုက်ဆုံးအခြေအနေက ၂၂ ဒီကရီလောက်အခြေအနေတဲ့။

-

သိပ်ပူတဲ့အခါ ဦးဏှောက်က ခန္ဓာကိုယ် အေးအောင် ချွေးတွေထုတ်ပြီး အပူဓါတ်ကိုလျော့ဖို့ ကြိုးစားတယ်။ ခန္ဓာကိုယ်တွင်း ဆားဓါတ်လျော့လာတော့ သတ္ထုဓါတ် မညီမျှမှုဖြစ်လာတယ်။ ဓါတ်ဆားရည်သောက် ပေးရတယ်။

-

သိပ်ပူတဲ့အခါ အရေပြားပေါ်က အပူအအေးထိမ်းညှိတဲ့ သာမိုစတက်တွေ ကြောင်သွားတဲ့အခါ ဦးဏှောက်က လိုက်ညှိဖို့ကြိုးစားရင်း အထိတ်တလန့်ဖြစ်ပြီး အပူရှော့ဝင်တတ်တယ်။ ( Aircon ခန်း) အအေးထဲကနေ အပြင် (အပူ) ကိုသွားတဲ့အခါ ဦးဏှောက်က ချက်ခြင်းပြောင်းသွားတဲ့ အပူချိန်ကို အမြန်လိုက်ညှိရင်း ဆားကက်ကြောင်သွားတတ်တယ်။

-

ပူလို့ ရေသောက်တာ ကောင်းတယ်၊ ရေဟာ ခန္ဓာကိုယ်တွင်းက ထွက်မည့်ချွေးတွေနေရာက အရည်တွေ နေရာကူပြီး အစားထိုးပေးပေမယ့် အပူဒဏ်ကြောင့် ခန္ဓာကိုယ်အေးသွားအောင် မကာကွယ်ပေးနိုင်ဘူး။

-

အပြင်အပူချိန် ၄၀* ကျော်ရင် လူ့ရဲ့ ဆဲလ်တွေအပေါ် အကျိုးသက်ရောက်လာတယ်။ အထူးသဖြင့် ဦးဏှောက်ဆဲလ်တွေ စွမ်းဆောင်ရည်ကျလာတယ်။ ဦးဏှောက်ဆဲလ်တွေပူတဲ့အခါ ခန္ဓာကိုယ်ရဲ့ အပူချိန်ကို ထိမ်းညှိပေးတဲ့ စနစ်ချို့ယွင်းသွားရင် သွေးလည်ပတ်မှုမြန်တာတို့၊ သတ္ထုဓါတ်တွေ မမျှတတာတို့ဖြစ်ပြီး လူဟာ အန္တရာယ်ရှိလာတယ်။ နောက်ဆုံး ဦးဏှောက်က သူအလုပ်မလုပ်နိုင်တော့ဘူးထင်ရင် ခဏ ပိတ်ပစ် လိုက်တယ်။ သတိလစ်သွားတာမျိုးပေါ့။ အသက်အန္တရာယ်ရှိပါတယ်။ အဲ့လိုအခြေအနေမှာ ခန္ဓာကိုယ်ရဲ့ အပူကို နည်းမျိုးစုံနဲ့လျော့ပြီး ဦးဏှောက်အအေးဓါတ်ရအောင်လုပ်ရပါတယ်။

-

အပူဒဏ်ကို ဦးဏှောက်က တွန်းလှန်ပေးဖို့ ခန္ဓာကိုယ်မှာ ဓါတ်ပေါင်းစုံမျှတဖို့လိုပါတယ်။ electrolyte တွေ ပိုတက်ဆီယံ၊ မဂ္ဂနီဆီယံ၊ ဇင့်၊ ဗိုက်တာမင် ABCDE ပြည့်ဝတဲ့အစားအစာတွေ မိုးလင်းကတည်းက စားထားပါ။ ဥပမာ ဒန့်သလွန်ရွက်မှာ အဟာရပြည့်တယ်။ သောက်ပေးပါ။

-

ပူလွန်းလို့စိတ်ရှုပ်ရင် anxiety တက်လာပြီး လူဟာ ရှော့ ဖြစ်တတ်တယ်။ ဦးဏှောက်က ပူတာကိုထမ်းရတာ တမျိုး၊ သောကကိုငြိမ်းရတာတမျိုးနဲ့ ဆားကက်တွေ ကမောက်ကမနဲ့ မနိုင်ဝန်ထမ်းလာရတယ်။ စိတ်အေးအေးထားပါ။

-

ဒါကြောင့်သိပ်ပူရင် အေးတဲ့သဘာဝလို့ ဦးဏှောက်က သတ်မှတ်ထားတဲ့ သစ်ပင်စိမ်းစိမ်းတွေ၊ ရေတွေနားမှာ နေတဲ့လူတွေ သက်သာတယ်။ အပူကတော့ဒီအပူပါပဲ၊ ဦးဏှောက် သက်သာတော့ ဒဏ်မခံရတာပေါ့။

-

ပြင်ပအပူရှိန်ကို ဦးဏှောက်ကို အကြောင်းကြားတဲ့ ဆက်သားတွေက မျက်နှာပေါ်က ပါးလွှာတဲ့အရေပြား အောက်က သွေးကြောလေးတွေက တခြားနေရာတွေထက် ဦးဏှောက်ဆီ အမြန် ပို့တတ်တယ်။ မျက်နှာကို sunscreen လိမ်းပါ၊ မျက်စိ မျက်နှာ ကို အအေးဓါတ် ကျွေးပါ။

-

ခန္ဓာကိုယ်အပူထက် ဦးဏှောက်ရဲ့ ဆဲလ်အပူရှိန် ကိုလျော့ချဖို့ အရေးကြီးပါတယ်။ ဒါကြောင့်လူတွေဟာ နေပူရင် ထီး ဦးထုတ်ဆောင်းကြတယ်။ အဓိကကတော့ ဦးဏှောက်ပါပဲ။ ခေါင်းအေးအေးထားပါ၊ အပူဒဏ်ကိုကျော်လွှားဖို့ ဦးဏှောက် စက်ခန်းကမောက်ကမမဖြစ်အောင် အမြင်အေးအေးနေရာမှာနေ၊ ခန္ဓာကိုယ် သတ္ထုဓါတ်တွေ ညီမျှနေအောင် စားသောက်နေထိုင်ပါ။

-

လူပူရင်ပူ၊ ဦးဏှောက်အေးအောင်ကြိုးစားကြပါ။

Ko Kyaw Swa Min

Post a Comment

Previous Post Next Post