အမှိုက်ပုံမီးလောင် .. နေအိမ်အချို့ မီးကူးခံရ (MDY)

Views


ယနေ့ မေလ ၆ ရက် မနက် ၃ နာရီခွဲအချိန်ကစပြီး အမရပူရမြို့နယ်ရှိ တောင်အင်းမြောက်အင်း သုဿာန်အနီးက အမှိုက်ပုံ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

-

အဆိုပါအမှိုက်ပုံမီးလောင်ကျွမ်းမှုကြောင့် အနီးရှိနေအိမ်အချို့ မီးကူးစက်လောင်ကျွမ်းခဲ့တာ နေအိမ်မည်မျှ ဆုံးရှုံးခဲ့ရတယ်လို့ဆိုတာကို မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားခြင်းမရှိသေးပါ။

-

အမှိုက်ပုံမီးလောင်မှုအား သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့ဝင်များက ၈ နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရပြီး မနက် ၁၁ နာရီ အချိန်မှာ မီးထိန်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

Post a Comment

Previous Post Next Post