၂၀၂၁ ခုနှစ် မတ်လကတည်းကမှီတည်လာတဲ့ နွေရူးမိစ္ဆာ ခုချိန်ထိမိုက်လို့ကောင်းတုန်း...
ဓမ္မဘက်တော်သားလို့ ခံယူတဲ့သူတွေက
ဆွမ်းဘုန်းပေးနေတဲ့ ဗုဒ္ဓသားတော်ကို ဓါးနဲ့ခုတ်သတ်ရင်း "သွေးကြွေးမှာ ဆွေးနွေးစရာမရှိ " ဆိုပြီးကြွေးကြော်နေလေရဲ့ ..
အမှောင်တွေဖုံးလွှမ်းနေတဲ့ဒေသမှာ
နာ(၃)နာနဲ့ အလင်းရောင်လေးပေးမိတဲ့ မီးအိမ်ရှင်ဆရာမလေး လည်ပင်းကို ဓါးနဲ့လှီးပြီး ကျေးဇူးဆပ်ခံလိုက်ရပြန်တယ် ...
ကပ်ရောဂါဆိုးနဲ့မိစ္ဆာဆိုးတွေကြားမှာ အမုန်းတရားတွေကို မကုစားနိုင်ခဲ့လို့ တစ်မိသားစုလုံး ခေါင်းမပါဘဲ သင်္ဂြုဟ်ခဲ့ရတာဟာ ၂၁ ရာစုရဲ့ နိုက်တင်ဂေး တစ်ယောက်လို့ ခေါ်ထိုက်ပေမည်လား...
ကိုယ်ချင်းစာစိတ်မဲ့ပြီး အကြောက်တရားတွေ ရိုက်ထည့်နေတဲ့ မိစ္ဆာတွေကြားမှာ ကားမှတ်တိုင်ကို ဗုံးခွဲပြတယ်ဆိုတာကလည်း သူတိုရဲ့ နေ့လယ်စာလောက်တောင် အရေးမကြီးခဲ့ပြန်ဘူး ...
သူတို့ရဲ့အတွေးမှာ သံသရာဆိုတာမရှိဘူး...
သူတို့ရဲ့အမြင်မှာ လွတ်လပ်မှုဆိုတာလည်းမရှိဘူး...
သူတို့ရဲ့အပြောမှာ နူးညံ့မှုပျောက်ပြီး ရက်စက်မှုတွေအပြည့်...
တရားမှု / မတရားမှုဆိုတာထက် ဒီနေ့ငါလူ ဘယ်နှယောက်သတ်နိုင်တယ်ဆိုပြီး အမုန်းတရားကို အာဟာရတိုက် ကျွေးကြပြန်တယ်...
အချိုရှားတဲ့ကမ္ဘာကြီးထဲ အပေါ်ယံသကာရည်လောင်းပြပြီး အမုန်းတရားမျိုးစေ့တွေချပေးတာကို အမွေဆက်ခံလိုက်မယ်ဆိုရင်တော့ မကြာတော့သည့်နွေဦးမှာပဲ သင်တို့ ပျောက်ကွယ်သွားပါလိမ့်မည်။