ဝမ်းမြောက်စွာ သာဓုခေါ်ပါသည်

Views

၂၀၂၂ ခုနှစ် ဩဂုတ်လ ၄ ရက် ၁၃၀၀ အချိန်တွင်ခန္တီးမြို့၊ ပေါမိုင်းရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာ သနာပြုဗဟိုကျောင်း တိုက်ဓမ္မာရုံ၌ ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်း၍ ဗုဒ္ဓအဆုံးအမဩဝါဒခံယူပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါတယ် ... 

အခမ်းအနားသို့ ဗဟိုသာသနာပြုဆရာတော် ဥူးဝိစိတ္တရ ဆရာတော်အပါအဝင်  သံဃာတော်(၁၀)ပါး ၊မြိုနယ်စီမံဥက္ကဌ ဦးသက်ဦးဆွေနှင့် ဌာနဆိုင်ရာများ ဘာသာကူးပြောင်းသူ ကျေးရွာ(၁၀)ရွာတို့မှ လူဦးရေ ၄၃ ဦးနှင့် ဒေသခံပြည်သူများစုစုပေါင်း၁၅၀ဦးခန့် တက်ရောက်ခဲ့ပါတယ် ..


အခမ်းအနားတွင် နမောတဿ၃ကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခြင်း ရှစ်ပါးသီလခံယူခြင်း ၊ ဗဟိုသာသနာပြု ဆရာတော် ဉီူးဝိစိတ္တရထံမှ ဩဝါဒခံယူခြင်း၊ လှူဖွယ်ပစ္စည်းများကို ဆရာတော်အား ဆက်ကပ်လှူဒါန်းခြင်း ၊ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းသူ ၄၃ ဦးအား တစ်ဦးလျှင် ဉာဏ်တော်၉လက်မရှိ ဗုဒ္ဓရုပ်ပွား ဆင်းတုတော်တစ်ဆူ၊ ဆန် ၁၂ ပြည်၊ ဆီ ၁ ပိဿာ၊ ပုဂံပြား/လုံး၁စုံ ၊ ဓာတ်ဘူး ၁ လုံး၊ ငွေ ၂ သောင်းတို့အား ပေးအပ်ခဲ့ပြီး အခမ်းအနားအား ဗုဒ္ဓံသာသနံ စိရံတိဌတု၃ကြိမ်ရွတ်ဆို၍  အခမ်းအနားအား  ၁၄၃၀ အချိန်တွင် ပြီး ဆုံးခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းလာသူ ၄၃ ဦးမှာ ဖောင်ဆိုင်းကျေးရွာ၊ လက်ပံသာကျေးရွာ၊ညောင်တုန်းကျေးရွာ၊ မှန်ပင်ကျေးရွာ၊ ဆင်သေကျေးရွာ၊ ရွှေပြည်သာကျေးရွာ ၊ ဖောင်းပြင်သရောင်းကျေးရွာ၊ မြကျွန်းသာကျေးရွာ၊ နန်ဖာကျေးရွာ ၊ ကောင်းမူကျေးရွာ၊ လောင်ဆောက်ကြီးကျေးရွာ တို့မှဖြစ်ပြီး ခရစ်ယာန်ဘာသာမှ ဗုဒ္ဓဘာသာသို့ ကူးပြောင်းရန် အနီးအနားရှိ ကျေးရွာများမှလည်း စိတ်ဝင်စားလျှက်ရှိကြောင်း သိရှိရပါတယ်။။။

crd. ဖိုးကွန်း
#KT

Post a Comment

Previous Post Next Post