နစကအစိုးရနဲ့ ၂၀၂၃ ရွေးကောက်ပွဲ ဖြစ်နိုင်ချေရှိ/မရှိ ဆန်းစစ်ချက်

Views



ကာ/လုံအစည်းအဝေးမှာ တပ်ချုပ်ကြီးက လုပ်ငန်းစဉ် ၅ ရပ်ကို ဆောင်ရွက်ပြီးစီးမှု ယာယီသမ္မတကို ရှင်းပြတဲ့ သတင်းထုတ်လွှင့်ချက်မှာ တပ်ချုပ်ပြောကြားချက်ကို တိုက်ရိုက်အသံနဲ့ သတင်းထုတ်ပြန်သွားတာ နည်းနည်းထူးတယ်လို့ ထင်ပါတယ်.

လုပ်ငန်းစဉ် ၅ ရပ်ရဲ့ နောက်ဆုံးလုပ်ငန်းစဉ်က အရေးပေါ်ကာလပြီးသွားရင် ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရပါတီကို နိုင်ငံတာဝန်လွှဲအပ်ရေးဖြစ်လို့ နစကအစိုးရရဲ့ ဇာတ်သိမ်းပိုင်း ဖြစ်ပါတယ်..
ဒါကြောင့် ဒီလုပ်ငန်းစဉ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ရေးဟာ အဓိကဖြစ်ပြီး လက်ရှိအခင်းအကျင်းနဲ့ ၂၀၀၈ ခုနှစ် ဥပဒေအရဆိုရင်တော့ နောက် ၆ လပြီးရင် ရွေးကောက်ပွဲ လုပ်ပေးရတော့မှာဖြစ်ပါတယ်..
ရွေးကောက်ပွဲလုပ်ပေးမလား.? မလုပ်ပေးဘူးလား..? ကလည်း လူတိုင်း စိတ်ဝင်စားနေကြပြီး မလုပ်ပေးရင် အာဏာသိမ်းရတော့မှာဖြစ်ပါတယ်…ယခု သူပြောတဲ့အသံနဲ့ သတင်းထုတ်ပြန်ချက်အရတော့…
👇🏻👇🏻👇🏻
♦
ရွေးကောက်ပွဲမကျင်းပဖြစ်တဲ့ မြို့နယ်တွေမှာ တည်ငြိမ်အေးချမ်းမှုမရှိခြင်း၊ လက်နက်ကိုင်ပဋိပက္ခများရှိနေခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပေါ်ပေါက်လာခြင်း၊ ဒီကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ တိုင်းရင်းသားတွေ၊ တိုင်းရင်းသားဒေသတွေနဲ့ လူထုလူတန်းစားအသီးသီးကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်များ၊ တရားဝင်နိုင်ငံရေးစင်မြင့်ဖြစ်တဲ့ လွှတ်တော်ထဲကို ရောက်ရှိလာဖို့ ဆောင်ရွက်ပေးရမှာဖြစ်တယ်..
♦
ဒီမိုကရေစီအနိုင်ကျင့်မှု၊ ဒီမိုကရေစီအမည်ခံ အာဏာရှင်စနစ်ထူထောင်မှု၊ အဖွဲ့အစည်းထက် ပုဂ္ဂိုလ်ရေး ဩဇာထူထောင်မှုတွေ ထပ်မံမပေါ်ပေါက်အောင်ဆောင်ရွက်ရပါမယ်…
♦
ရွေးကောက်ပွဲမှာ တိုင်းရင်းသားတွေ၊ ဒေသတွေနဲ့ နိုင်ငံအနှံ့ လူထုလူတန်းစားအလွှာအသီးသီးကို ကိုယ်စားပြုတဲ့သူတွေ ဝင်ရောက်အရွေးချယ်ခံနိုင်ဖို့နဲ့ နိုင်ငံအနှံ့ အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့လိုအပ်တယ်…
♦
ရွေးကောက်ပွဲတွေမှာ ကြီးမားတဲ့ မဲမသမာမှုတွေ မဖြစ်အောင် ဆောင်ရွက်ရပါမယ်…ဒီအတွက် ခုအချိန်မှာ အခြေခံအုတ်မြစ်တွေ တည်ဆောက်ဖို့လိုပါမယ်….
ဒါကြောင့် ဒီ ၄ ချက်နဲ့ ကိုက်ညီတဲ့ အခြေအနေ၊ အချိန်အခါရှိမှသာ ရွေးကောက်ပွဲကျင်းပပြီး အနိုင်ရပါတီကို လွှဲပေးမယ်လို့ ပြောတဲ့သဘောလို့တော့ ထင်မြင်ယူဆမိပါတယ်..
ရွေးကောက်ပွဲကို ဘယ်ကာလမှာ ဘယ်လိုလုပ်ပေးမယ်လို့ အတိအကျ မပြောဆိုသွားခဲ့တာ သတိပြုမိသလို လွတ်လပ်ပွင့်လင်းပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ဖို့ ငြိမ်းချမ်းရေးနဲ့ တည်ငြမ်အေးချမ်းရေးအပါအဝင် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စတွေရှိနေသေးကြောင်း တင်ပြသွားတာကို ကြားသိလိုက်ရပါတယ်…
ထိန်းမလား? သိမ်းမလား?
လုပ်မလား? မလုပ်ဘူးလား? .....
......ဆိုတာကတော့ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလမှာ စောင့်ကြည့်ကြပါစို့။

#KT

Post a Comment

Previous Post Next Post