ရေး က အကြမ်းဖက်အဖွဲ့(PTF) (သို့) ရေးဘီးလူးအကြောင်း

Views



ရေးမြို့နှင့် ရေးမြို့နယ်အတွင်း အကြမ်းဖက်လုပ်ငန်းများ ဖြစ်ပွားမှုများအား မကြာခဏကြားသိရလိမ့်မည်ဟု ထင်မိပါသည်။

ထိုကဲ့သို့ အကြမ်းဖက်မှု၊ အဖျက်အမှောက်လုပ်ငန်းများအား ရေးဘီလူးအဖွဲ့မှ လုပ်ကိုင်လျှက်ရှိကြောင်းအား ၎င်းတို့အဖွဲခေါင်းဆောင် ကြက်မင်းမှ video များထုတ်လွင့်ဝန်ခံခဲ့ကြောင်းသိရှိပြီးဖြစ်ကြပါမည်။ ရေးဘီလူးအဖွဲ့ အကြောင်းအား သိရှိနိုင်စေရန် တင်ပြပေးပါမည်။




ရေးဘီလူးအဖွဲ့အား ၂၀၂၁ ခုနှစ် ဒီဇင်ဘာလတွင် အဖွဲဝင် ၄ ဦးဖြင့် ဖွဲစည်းခဲ့ပြီး အကြမ်ဖက်ခေါင်းဆောင်မှာ ထက်လှိုင်မင်း(ခ) ကြက်မင်း ဖြစ်ပါသည်။ ကြက်မင်းအနေဖြင့် ရေးမြို့နယ်အတွင်း အလုပ်အကိုင်မယ်မယ်ရရမရှိဘဲ မူးယစ်ဆေးဝါးသုံးစွဲကာ၊ မူးယစ်ဆေးရောင်းချသည့်လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် ဆူပူမှုလုပ်ငန်းများအား NLD ပါတီဝင်များ၏ ထောက်ပံ့မှုကိုရယူ၍ ဆောင်ရွက်ခဲ့ပါသည်။ ဆက်လက်ပြီး KNU အကူအညီဖြင့် အကြမ်းဖက် PDF(PTF) သင်တန်းတက်ကာ ကြက်မင်းအနေဖြင့် ကျော်မိုးအေး (ရေးမြို့ NLD ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း)နှင့် ပူးပေါင်းခဲ့ပြီး အကြမ်းဖက်လုပ်ငန်းများအား အခကြေးငွေရယူ၍ဆောင်ရွက်လျှက်ရှိကြောင်း သိရှိရသည်။

KNU တပ်မဟာ ၆ အကူအညီဖြင့် ရေးမြို့နယ်အတွင်း ရေးဘီလူး၏ အကြမ်းဖက်မှုမှာ ယခုအချိန်ထိ ၄၃ ကြိမ် ရှိခဲ့ပြီးဖြစ်ကြောင်း သိရှိရပါသည်။

ရေးဘီလူးအဖွဲ၏ လုပ်ကြံသဋ်ဖြတ်မှုကြောင့်-

- ဝန်ထမ်း ၄ ဦး သေဆုံ၊း ၅ ဦး ဒဏ်ရာရ

- အပြစ်မဲ့ပြည်သူ  ၈ ဦ၊း သေဆုံး ၅ ဦး ဒဏ်ရာရ

- ပါတီဝင် ၄ ဦး သေဆုံး၊ ၂ ဦး ဒဏ်ရာရ ရှိခဲ့ကြောင်း သိရှိရပါသည်။ 


ရေးဘီလူးအဖွဲ့အနေဖြင့် ဒေသခံပြည်သူတွေကို မတရားခြိမ်းခြောက်ငွေတောင်းခဲ့ခြင်း၊ လူငယ်များကို စည်း ရုံး၍ မူးယစ်ဆေးဝါးနှင့်စည်းရုံးကာ ငွေကြေးရှာဖွေစေခြင်းများပြုလုပ်ခဲ့ကြောင်းလည်း ရေးဘီလူးအဖွဲ့မှ ဖမ်းဆီးရမိသူများထံမှ သိရှိရပါသည်။

ရေးဘီလူးအဖွဲ့၏ အကြမ်းဖက်မှုများကြောင့် မွန်ပြည်နယ်အတွင်းရှိ ဒေသများတွင် ရေးမြို့နယ်မှာ ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့များနောက် အကြမ်းဖက်မှုအများဆုံး စတုတ္ထမြောက်မြို့အဖြစ် မှတ်တမ်းမှတ်ရာများအရ ရှိနေခဲ့ကြောင်း သိရှိခဲ့ရပါသည်။

ထိုကြောင့် မိဘပြည်သူများအနေဖြင့် မိမိဒေသ အေးချမ်းသာယာရေးအတွက်  မြို့နယ်လုံခြုံရေးအဖွဲဝင်များ နှင့်ပူးပေါင်းကာ အကြမ်းဖက်မှုများလျော့နည်းလာစေရန်အလို့ငှာ ကူညီဆောင်ရွက်နိုင်ကြောင်း တင်ပြပေး လိုက်ရပါသည်။


လင်းနေ
#KT

Post a Comment

Previous Post Next Post