အမေရိကန်လေတပ်က ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ပေါ်ကို ပထမဆုံး အနုမြူဗုံးချတိုက်ခိုက်ခဲ့တဲ့ (၇၇) နှစ်မြောက် နှစ်ပတ်လည် အောက်မေ့သတိရခြင်း အခမ်းအနားကို ဂျပန်နိုင်ငံမှာ ပြုလုပ်ခဲ့ကြပါတယ်။
အမေရိကန်နိုင်ငံဟာ ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့နဲ့ နာဂါဆာကီမြို့တွေပေါ်ကို ၁၉၄၅ ခုနှစ် သြဂုတ်လ ၆ရက်နဲ့ ၉ရက်နေ့တွေမှာ အနုမြူဗုံး ၂ လုံးကို သီးခြားစီကျဲချတိုက်ခိုက်ခဲ့တာကြောင့် အပြစ်မဲ့ပြည်သူ ၂ သိန်းခွဲနီးပါး ကွယ်လွန်ခဲ့ကြတာပါ။
အဲဒီအဖြစ်အပျက်ကို မမေ့နိုင်တာကြောင့် နှစ်ပတ်လည်အခမ်းအနားကို ဂျပန်နိုင်ငံအနောက်ပိုင်းက ဟီရိုရှီးမားအောက်မေ့ဖွယ်ဥယျာဉ်မှာ ယမန်နေ့က ကျင်းပခဲ့တာပါ။
အဲဒီနေ့ညနေပိုင်းမှာတော့ အနုမြူဗုံးဒဏ်ကြောင့် ကွယ်လွန်ခဲ့ကြရသူတွေ၊ ထိခိုက်နစ်နာဆုံးရှုးခဲ့ကြသူတွေအတွက် ခေါင်းလောင်းထိုးဆုတောင်းကြပြီး၊ ဂျပန်ရိုးရာဆုတောင်းခြင်းတွေနဲ့ ငြိမ်းချမ်းရေးဆုတောင်းခြင်းတွေကိုပါ ပြုလုပ်ခဲ့ကြတယ်လို သိရပါတယ်။
#mhtnews