NUG/PDF များကြောင့် အပြစ်မဲ့ပြည်သူများ သေဆုံးခဲ့မှုစာရင်း

Views



တရားမဝင်ကော်မတီ၊ စင်ပြိုင်အစိုးရ၊ အကြမ်းဖက်အဖွဲအစည်းများက ၁၈ လ တာ ကာလအတွင်း(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့ အထိ) တစ်နိုင်ငံလုံး လက်ပစ်ဗုံး/လက်လုပ်ဗုံး ပစ်ခတ်ခံရမှု၊ မိုင်းခွဲမှု ၇,၂၄၆ ကြိမ်၊ တိုက်ခိုက်/ သတ်ဖြတ်ခံရမှု ၆,၅၆၇ ကြိမ်၊ မီးရှိခံရမှု ၁,၀၉၄ ကြိမ်၊ စုစုပေါင်း ၁၄,၉၀၇ ကြိမ် ဖြစ်ပွားခဲ့ပြီး ရဟန်း/သံဃာ/သီလရှင်များ၊ အစိုးရဝန်ထမ်းများ၊ အုပ်ချုပ်ရေး ဆိုင်ရာတာဝန်ရှိသူများ၊ ကလေးသူငယ်အပါအဝင် အပြစ်မဲ့အရပ်သား ၃,၄၈၃ ဦး သေဆုံး ခဲ့ပြီး ၃,၀၆၅ ဦး ဒဏ်ရာရရှိ၍ ၄၁ ဦး ပျောက်ဆုံးမှုရှိခဲ့။ 


အကြမ်းဖက်မှု အများဆုံးဖြစ်ပွားခဲ့သော ဒေသများမှာ စစ်ကိုင်းတိုင်းဒေသကြီးတွင် ၄,၀၂၆ ကြိမ်၊ ရန်ကုန်တိုင်းဒေသကြီးတွင်  ၂,၄၄၂ ကြိမ်၊ မန္တလေးတိုင်းဒေသကြီးတွင်  ၂,၁၉၄ ကြိမ်နှင့်  မကွေးတိုင်းဒေသကြီးတွင်  ၁,၃၉၅ ကြိမ် ဖြစ်ပွားခဲ့။ 


နစက တာဝန်ယူသည့် (၁၈)လတာ ကာလအတွင်း လက်နက်မျိုးစုံ ၆၃၁၁ လက်၊ ခဲယမ်းမျိုးစုံ ၃၃၅,၁၈၄ တောင့်၊ လက်ပစ်ဗုံး/မိုင်း ၁၁၇၁၅ နှင့် အကြမ်းဖက်သမား ၆၂၃၆ ဦးတိုအား ဖမ်းဆီးရမိခဲ့။ 


#ဖိုးစီ
#KT

Post a Comment

Previous Post Next Post