ယုတ်ပက်တတ်လာတဲ့ KNU

Views



မနေ့က KNU က အဖွဲ့တွေနဲ့ DKBAတိုအကြားတွေ့ဆုံ၍ သဘောတူညီချက် ထုတ်ပြန်လာတာကိုတွေ့ရတယ်။

အဓိက ရည်ရွယ်ချက်ကတော့ KNU အနေနဲ့ DKBA အပေါ်စည်းရုံးပြီး သူတို့ကို ဒုက္ခပေးလာနိုင်တဲ့ ကော်သူလေးအာမီကို ရှင်းထုတ်ချင်တဲ့သဘော၊ ပြီးတော့ DKBA ကို သူတို့ရဲ့ ဩဇာခံ အဖြစ်ပြန်လည် လွှမ်းမိုးချင်တဲ့အတွက် ၁/၉၄ ကို ပြန်လည်ဖျက်သိမ်းဖို့ သဘောတူခဲ့တာကိုတွေ့ရှိရပါတယ်။

ဒါပေမဲ့ တပ်မတော်ကို KNU နဲ့ DKBA တို့ ပြန်လည်တိုက်ခိုက်မယ် ဆိုတဲ့ သဘောတူညီချက်ကိုတော့ DKBA ရဲ့သဘောထားမဟုတ်ဘဲ အမြတ်ထုတ်ကာ ထုတ်ပြန်ကြေညာသွားတာကိုတွေ့ရှိရတယ်။

အခု DKBA ရဲ့ စစ်ဦးစီးချုပ် ကိုယ်တိုင် သူ့သဘောမဟုတ်ပါဆိုတဲ့ သဘောထားထုတ်ပြန်မှုကို ချပြထားတာကို တွေ့ရှိရပါတယ်။

KNU အနေနဲ့ သူတိုရဲ့ အင်အားချိနဲ့မှုကို ပြန်လည်ကုစားချင်တဲ့အနေနဲ့ အခြားကရင်လက်နက်ကိုင်တပ်ဖွဲ့တွေကို စည်းရုံးပြီး နိုင်ငံရေး၊ စစ်ရေးအရ ကရင်အချင်းချင်းအပေါ်တောင် အမြတ်ထုတ် လုပ်ဆောင်လာတာကို တွေ့ရှိရပါတယ်။

လင်းနေ
#KT

Post a Comment

Previous Post Next Post