ကျားဖြူအရှုပ်တော်ပုံ

Views

KNU လက်အောက်ခံ PDF ကျားဖြူတပ်ရင်း၊ တပ်ခွဲ ၁ မှ ခွဲမှူး စောဝင်းမြင့်နှင့် ဒုခွဲမှူး စည်သူတို့ အလှူခံရငွေ သုံးစွဲမှုနှင့်ပတ်သက်ပြီး အချင်းများ၍ ဒုခွဲမှူး စည်သူမှ အင်အား ၄၀ ဉီးခန့်ဖြင့် ကျားဖြူတပ်ရင်းမှ ခွဲထွက်သွားကြောင်းသိရသည်။ စောဝင်းမြင့်နှင့် စည်သူ တို့ နှစ်ဉီးတွင် အဓိက ထောက်ပို့ အလှူခံနေသူမှာ စည်သူ ဖြစ်ကြောင်းသိရသည်။

စည်သူမှ အလှူခံရငွေများကို စောဝင်းမြင့်ထံ အပ်နှံသော်လည်း စောဝင်းမြင့်က ၎င်းဘယ်လို သုံးစွဲလိုက်သည် ဆိုတာကို ရှင်းတမ်းများ ထုတ်မပြနိုင်တာကနေ စဖြစ်သည်ဟု သိရသည်။ စောဝင်းမြင့်သည် ထိုင်းဘက်သို့ ခနခနသွားပြီး အပျော်ကျူးတတ်သူဖြစ်တယ်လို့ သိရသည်။ စောစလုံးနှင့်အတူ သောက်စားတတ်သူလည်း ဖြစ်သည်။

တိုက်ပွဲများတွင်တော့ စည်သူတို့ PDF များကိုသာ အဓိက ရှေ့တန်းတင် တိုက်ခိုက်ခိုင်းသူလည်း ဖြစ်တယ်လို့ သိရသည်။

ယခင်အကြိတ်အခဲများက ခုလိုငွေကြေးနှင့် ပတ်သက်လာသောအခါ ပွင့်ထွက်လာပြီး ကျားဖြူတပ်ရင်း၊ တပ်ခွဲ ၁ နှစ်ခြမ်းကွဲခဲ့ရသည်ဟု သိရသည်။

PDF တွေအနေနဲ့ KNU နယ်မြေအတွင်းမှာ ကရင်ခေါင်းဆောင်တွေရဲ့ အနိုင်ကျင့် ခေါင်းပုံဖြတ် အမြတ်ထုတ်မှုတွေကြောင့် တစ်ခြားအဖွဲ့တွေမှာလဲ အိမ်ပြန်လိုသူ လူငယ်တွေ ရှိကြောင်းလဲ သိရှိရပါတယ်

KNU ကရင်ခေါင်းဆောင်များ၏ လူလည်ကျမှုများကို PDF များ တဖြည်းဖြည်း သိရှိလာပြီး အကွဲအပြဲဇာတ်လမ်းများ စလာတော့သည်။

လင်းနေ
#KT

Post a Comment

Previous Post Next Post