AA မူးယစ်အဖွဲ့တွေ စိတ်ဓာတ်ကျဆင်းပြီး ကိုယ်ဘာသာ သတ်သေမှုများပြား

Views


ဘိန်းရာဇာ ထွန်းမြတ်နိုင်က လူမျိုးရေးအကြောင်းပြ ကိုယ်ကျိုးရှာ တိုက်ပွဲတွေ ရခိုင်ပြည်မှာ တိုက်ခိုင်းနေပေမဲ့ ခဲဝါအောက်ခြေအဖွဲ့တွေက စိတ်ဓာတ်ကျဆင်းနေပြီး ကိုယ်ဘာသာ သတ်သေမှုတွေများနေတယ်လို့ သိရပါတယ်။
-
AA ခဲဝါအများစုမှာ စစ်ကြောင်းသွားနေရင်း ချောက်အတွင်းခုန်ချပြီး သတ်သေတာ၊ အဖွဲ့ထဲက ထွက်ပြေးပြီး ကိုယ်ဘာသာကြိုးဆွဲချသတ်သေတာနဲ့ မိမိကိုယ့်ကိုယ် သေနတ်နဲ့ အဆုံးစီရင်တာ စတဲ့နည်းလမ်းမျိုးမျိုးနဲ့ စိတ်ဓာတ်ကျဆင်းပြီး သတ်သေမှုတွေများလာတယ်လို့ သိရပါတယ်။
-
ထွန်းမြတ်နိုင်က AA ခဲဝါအောက်ခြေအဖွဲ့တွေကို စစ်တိုက်ခိုင်းရာမှာ တပ်ဖွဲ့ဝင်တွေကို ရိက္ခာနဲ့ ဆေးကုဖို့ ဆေးဝါမထောက်ပံ့ပေးနိုင်တဲ့အပြင် သေဆုံးရင် အလောင်းကို နီးစပ်ရာမှာ ထားခဲ့တာ၊ သေဆုံးသူရဲ့ မိသားစုကို အကြောင်းမကြားတာ၊ အချို့အကြောင်းကြားတဲ့ မိသားစုတွေကို လူသစ်တစ်ဦး မဖြစ်မနေပြန်ပေးဖို့ ခြိမ်းခြောက်တာ၊ အဖွဲ့ဝင်ဟောင်းတွေကို တိုက်ပွဲတစ်ပွဲမှာ မသေရင် နောက်တစ်ပွဲ ထပ်တိုက်ခိုင်းတာတွေကြောင့် ကိုယ့်ဘာသာသတ်သေတဲ့သူ များလာတာဖြစ်ပါတယ်။

Post a Comment

Previous Post Next Post