၂၈ / ၁ / ၂၀၂၄ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲသတင်း

Views




(ကျောက်တော်မြို့နယ်)
ယနေ့န့နက်ပိုင်း ၁၀ နာရီခန့်က ကျောက်တော်တပ်မဌာနချုပ်အား AA အကြမ်းဖက်အဖွဲ့မှ လက်နက်ကြီးဖြင့်လာရောက်တိုက်ခိုက်ခဲ့သဖြင့် လက်နက်ကြီးပစ်ခတ်ခဲ့သော နေရာများအား လက်နက်ကြီးများဖြင့် ပြန်လည်ချေမှုန်းခဲ့ကြောင်း၊ ယင်းအပြင် နံနက်ပိုင်း ၁၀ နာရီခန့်က ၃၇၆ တပ်အရှေ့ဘက်ရှိ ဒေါင်းတော်ယိုးရွာအတွင်း ခိုးအောင်းနေသည့် AA အကြမ်းဖက်အဖွဲ့အား သွားရောက်ရှင်းလင်းခဲ့ရာ နှစ်ဖက်တိုက်ပွဲခဏတာဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ရွာထဲမှနေ၍ ထွက်ပြေးသွားကြကြောင်း သိရှိရသည်။ တပ်မဌာနချုပ် ရန်သူလက်အောက်မကျရောက်စေရေးအတွက် လက်ရှိအချိန်၌ ၃၇၅ တပ်မှ အရာရှိ/စစ်သည်များ သွားရောက်ပူးပေါင်း၍ တိုက်ခိုက်နေကြောင်း သိရှိရပြီး ကျောက်တော်တပ်နယ်ရှိ မှီခိုမိသားစုဝင်များ စစ်တွေမြို့သို့ ယမန်နေ့ညက ကမ်းထိုးရေယာဉ်ဖြင့် ရောက်ရှိသွားပြီဖြစ်ကြောင်း သတင်းကောင်းကြားသိရပါသည်။
-


(ဘူးသီးတောင်မြို့နယ်)
ဘူးသီးတောင်မြို့နယ်နှင့် ရသေ့တောင်မြို့သို့ဆက်သွယ်ထားသည့် ဖုံညိုလိပ်တံတား(စိုင်းတောင်တံတား)နှစ်ဖက်၌ လုပ်ခြုံရေးဆောင်ရွက်နေသည့် တပ်မတော်သားများအား AA အကြမ်းဖက်သောင်းကျန်းသူများမှ ယနေ့နံနက် ၆ နာရီကျော်ခန့်မှစ၍ လာရောက်တိုက်ခိုက်ခဲ့ရာ တစ်နေ့လုံးနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းနှင့် လက်ရှိအချိန်ထိ တပ်မတော်သားများမှ ရင်ဆိုင်ထိန်းချုပ်ထားနိုင်ကြောင်းသိရှိရပြီး AA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့မှ ၎င်းတို့၏ သေဆုံး/ဒဏ်ရာရသူများအား ယနေ့ညနေပိုင်းက ကျောက်ရံရွာဘက်သို့ ကားများဖြင့် သယ်ထုတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
-
(မောင်တောမြို့နယ်)
ယနေ့နေ့လည် ၂ နာရီခန့်က AA အကြမ်းဖက်သောင်းကျန်းသူများမှ တောင်ပြိုဝဲ ရဲစခန်းအား လက်နက်ကြီး/ငယ်များဖြင့် လာရောက်ပစ်ခတ်ခဲ့သောကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး သောင်းကျန်းသူများ ဒဏ်ရာရ/သေဆုံးများစွာဖြင့် ပြန်လည်ထွက်ပြေးသွားကြကြောင်း သိရှိရသည်။
-
(မင်းပြားမြို့)


ယနေ့တွင် နယ်မြေခံတပ်ရင်းများဖြစ်သည့် ၃၇၉ နှင့် ၅၄၁ တပ်တို့အား AA အကြမ်းဖက်အဖွဲ့မှလာရောက်တိုက်ခိုက်ခဲ့သော်လည်း တပ်မတော်သားများနှင့် မှီခိုရဲမေများမှ မိမိတို့၏ တပ်ဌာနချုပ် ရန်သူ့လက်အောက်သို့ မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ခြင်း၊ လေကြောင်းပစ်ကူ/ လက်နက်ကြီး ပစ်ကူများဖြင့် ပစ်ကူပေးချေမှုန်းချင်းတို့ကြောင့် ရန်သူများဆက်လက်တိုက်ခိုက်နိုင်ခြင်း မရှိတော့ဘဲ ပြန်လည်ဆုတ်ခွာထွက်ပြေးသွားကြကြောင်း၊ ၎င်းတို့ပြန်ဆုတ်သည့် နေရာများအား လေယာဉ်ဖြင့်မျက်မြင်ဗုံးကြဲတိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
-
နှစ်ဖက်တိုက်ပွဲများအတွင်း တပ်မတော်သားအချို့ ထိခိုက်ဒဏ်ရာရရှိမှုများရှိခဲ့ကြောင်း၊ အဆိုပါနေရာများမှလွဲ၍ ကျန်မြို့များတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိကြောင်းနှင့် AA အကြမ်းဖက်အဖွဲ့ စခန်းရှိရာများသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်နိမ်နင်းခြင်း လေကြောင်းမှ ဗုံးကြဲခြင်းများရှိခဲ့ကြောင်း သိရှိရသည်။
-
AA အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်နေ့မှစ၍ နှစ်ဖက်အပစ်ရပ်ငြိမ်းချမ်းရေးဆောင်ရွက်မှုအား ဖောက်ဖျက်ကာ ရခိုင်ပြည်နယ်အတွင်း မြို့/ရွာများအား လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခြင်း၊ အများပြည်သူနေထိုင်ရနေရာများ/ဈေးများအား Drop Boom များကြဲ၍ မီးရှို့ဖျက်ဆီးခြင်း၊ ဒေသခံပြည်သူများအား ဖမ်းဆီးနှိပ်ဆက်ခြင်း၊ လူသစ်အတင်းအဓမ္မဖမ်းဆီးခြင်း၊ ပြည်သူ့စစ်သင်တန်း မတက်မနေရတက်ခိုင်းက သင်တန်းပြီးပါက ရှေ့တန်းစစ်မြေပြင်သို့စေလွှတ်ခြင်း စသည့် အကြမ်းဖက်မှုများအား နေ့စဉ်လုပ်ဆောင်နေသည့်အပြင် နယ်မြေခံ တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မြို့များအား တိုက်ခိုက်နေသည့်အတွက် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ အရေးကြီးနေရာများ၊ တပ်ရင်းဌာနချုပ်နှင့် စခန်းများ ရန်သူ့လက်အောက် မကျရောက်စေရေးအတွက် အပြင်းအထန်ပြန်လည်ခုခံတိုက်ခိုက်ချေမှုန်းလျက်ရှိနေသည်။

#MinChitOo

1 Comments

  1. ကောပီယူခွင့်ပြုပါခင်ဗျာ။
    #ရဲကိုနိုင်(ရှစ်လေးလုံး)

    ReplyDelete
Previous Post Next Post