တပ်နဲ့ ရဲများကို ခေတ်မီပစ္စည်းတပ်ဆင်ပေးရမည်ဟု ဝန်ကြီးချုပ်ပြောကြား

Views


နိုင်ငံ့စွမ်းပကားမြှင့်တင်ရေးအတွက် ဆောင်ရွက်ရာတွင် ကာကွယ်ရေးစွမ်းပကားကို မြှင့်တင်နိုင်ရန်လိုသဖြင့် ပြောင်းလဲနေသည့် ခေတ်မီနည်းပညာများကို အသုံးချနိုင်ရေး ဆောင်ရွက်ရန်လိုပြီး တပ်မတော်နှင့် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းများကို ခေတ်နှင့်လျော်ညီစွာ ဖြည့်ဆည်းဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။
-
ဇန်နဝါရီ ၂၉ ရက်၊ နံနက်ပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၄) သို့ တက်ရောက်အမှာစကား ပြောကြားစဥ် ယခုလို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။


-
အလားတူ နိုင်ငံ့စီးပွားရေးနှင့်ပတ်သက်၍လည်း ၂၀၁၇ ခုနှစ် နှောင်းပိုင်းမှစတင်ကာ အနုတ် ၅ ဒသမ ၉ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သည့် နိုင်ငံ့စီးပွားရေးကို နစက လက်ထက်တွင် ၃ ဒသမ ၃ ရာခိုင်နှုန်းသို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့ပြီး ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှလွဲ၍ ကျန်ရှိသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အားလုံးတွင် အပေါင်းလက္ခဏာပြခဲ့သည်ဟုလည်း နိုင်ငံတော်ဝန်ကြီးချုပ်က ပြောကြားသည်။


-
ထိုသို့ စီးပွားရေးတိုးတက်သော်လည်း မိမိတို့နိုင်ငံတွင် ကုန်ဈေးနှုန်းကြီးမြင့်မှုများရှိကြောင်း၊ အဓိကအားဖြင့် ထုတ်လုပ်မှုနှင့် လိုအပ်မှုကွာဟချက်များရှိခြင်း၊ ကုန်ထုတ်လုပ်မှု ကုန်ကျစရိတ်မြင့်မားခြင်း စသည့်အချက်များကြောင့်ဖြစ်သည်ဟုလည်းဆိုထားသည်။


-
ထို့အပြင် ကုန်ပစ္စည်းများကို နိုင်ငံခြားငွေဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းများကို ဆောင်ရွက်ရာတွင်လည်း အချို့မှာသတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် မညီစွာဆောင်ရွက်နေသည်ကို တွေ့ရသလို Non Trade income များအနေဖြင့်လည်း သတ်မှတ်စည်းကမ်းများနှင့် ညီညွတ်မှုမရှိစွာ ဆောင်ရွက်နေသည်ကို တွေ့ရသည်ဟု ပြောကြားသည်။
-
ထို့ကြောင့်ပင် နိုင်ငံခြားငွေရရှိမှုများနည်းပါးသဖြင့် ငွေလဲလှယ်နှုန်းထားများ မြင့်တက်လာပြီး နိုင်ငံခြားမှတင်သွင်းရသည့် ကုန်ပစ္စည်းများ၏ သွင်းအားစုတန်ဖိုး မြင့်တက်လာခြင်းကြောင့် ကုန်ပစ္စည်းများ၏ ဈေးနှုန်းများကြီးမြင့်လာခြင်းဖြစ်သည်ဟု နိုင်ငံတော်ဝန်ကြီးချုပ်က မှတ်ချက်ပြု ပြောကြားခဲ့သည်ဟု သရသည်။

MHTalk

Post a Comment

Previous Post Next Post