AA မူးယစ်သူပုန်က ရမ်းဗြဲမြို့ ပညာရေးမှူးရုံးကို ဝင်ရောက်ဖျက်ဆီးသွား

Views

 



ရမ်းဗြဲမြို့၊ (၃)ရပ်ကွက်ရှိ ပညာရေးမှူးရုံးသို့ ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ULA/AA အကြမ်းဖက်အဖွဲ့မှ အသက်(၄၀)နှစ်ခန့်ရှိ မောင်ထိန်(ခ)ထိန်လင်းနှင့် အဖွဲ့ဝင် ၁၀ ဦးခန့် ရောက်ရှိလာပြီး ရုံးအားဖျက်ဆီး ခဲ့သည့်အပြင် တန်ဖိုးရှိပရိဘောဂပစ္စည်းအချို့ကိုလည်း ယူဆောင်သွားကြသည်ဟု ဒေသခံတစ်ဦး၏ ပြောပြချက် အရ သိရသည်။
-
"သူတို့(ULA/AA)က တိုက်ပွဲလုပ်ပြီး ငါတို့ကို မြို့ကနေမောင်းထုတ်တယ်၊ လူတွေမရှိတော့ အိမ်တွေကို ဖောက် ထွင်းပြီး ပစ္စည်းတွေယူတယ်၊ ပညာရေးမှူးရုံးဆိုတာ စစ်ရေးနဲ့လည်း ဘာမှမသက်ဆိုင်ဘူး၊ ရုံးမှာရှိတဲ့ စာရင်းဇယားတွေကို ဖျက်ဆီးပစ်တယ်ဆိုကတည်း ကျောင်းသားတွေရဲ့ အနာဂတ်ကို ဖျက်ဆီးပစ်တာနဲ့ အတူတူပဲလေ၊ ကလေးတွေမှာ ပညာသင်ရဖို့နေနေသာသာ သူတို့လူသစ်စုတာမခံရဖို့ တိမ်းရှောင်နေရတယ်" ဆိုပြီး ၎င်းက ပြောကြားခဲ့သည်။
-
ထပ်မံစုံစမ်းချက်အရ အဆိုပါအဖွဲ့သည် (၅)ရပ်ကွက်ရှိ အခွန်ရုံး၊ (၆)ရပ်ကွက်ရှိ ထွေအုပ်ရုံးများကိုလည်း ရိုက်ချိုးဖျက်ဆီးမှုပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
-
ရခိုင်ပြည်နယ်အတွင်း AA အကြမ်းဖက်အဖွဲ့၏ တိုက်ပွဲဖော်ဆောင်မှုတွေကြောင့် ဒေသခံကျောင်းသူ/ ကျောင်းသားများမှာ အနာဂတ်ပညာရေး ပျောက်ဆုံးနေရသည့်အပြင် ၎င်းတို့၏ လူသစ်စုမခံရရေး ထွက်ပြေး တိမ်းရှောင် နေရသော်လည်း AA ခေါင်းဆောင် ထွန်းမြတ်နိုင်မှာ ၎င်း၏ သားသမီးများ ပညာရေးနောက်မကျစေရေး ပြည်ပတွင်ကျောင်းထားကာ ပညာသင်ကြားလျက်ရှိသည်ကို တွေ့ရှိရသည်။



Post a Comment

Previous Post Next Post