အကြမ်းဖက်သမားတွေက ရွှေတိဂုံဘုရားကို မျက်စပစ်ခဲ့မယ်ဆိုရင်

Views

 


တရုတ်သံရုံးက သံမှူးကြီး Dr Zheng Zhihing က "နိုင်ငံတချို့က တရုတ် - မြန်မာနှစ်နိုင်ငံကိုတစ်ဖက်သတ် အရေးယူမှုလုပ်ဆောင်နေလို့ နိုင်ငံတကာစာမျက်နှာမှာ မြန်မာနိုင်ငံအတွက် အမှန်တရားဖက်မှ ရပ်တည်ပြောဆိုမယ်" လို့ ဇန်နဝါရီလ ၂၄ ရက်နေ့က ရန်ကုန်မြို့ Govenor's Residence မှာပြောတယ်။
-
သူပြောတာတွေအများကြီးပါ။ မြန်မာနိုင်ငံမြောက်ပိုင်း လက်နက်ကိုင်တွေရဲ့စစ်ရေး ကိစ္စတွေလည်းပါတယ်။ တချို့တွေမဆွေးနွေးတော့ဘူး။ မြန်မာနိုင်ငံမြောက်ပိုင်းကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ၁၀၂၇ မဖြစ်တုံးကလို ပြန်ဖြစ်လာအောင် တရုတ် လုပ်ပေးနိုင်မလား မလုပ်ပေးနိုင်ဘူးလား ဆိုတာကိုပဲစောင့်ကြည့်တော့မယ်။
-
သဘောက မြန်မာနိုင်ငံမြောက်ပိုင်းမှာ သက်ဆိုင်တဲ့နေရာတချို့မှအပ ကျန်ဒေသတွေမှာ မြန်မာအစိုးရအာဏာ ပြန်သက်ရောက်မလား မသက်ရောက်တော့ဘူးလား ဆိုတာကိုပဲကြည့်ပြီး တရုတ်က မြန်မာအပေါ် တကယ်ကောင်းတာလား ဟန်ဆောင်နေတာလား ဆုံးဖြတ်တော့မယ်။ ဟန်ဆောင်နေတာဆိုရင်လည်း ဟန်ဆောင်တဲ့အတိုင်း ပြန်ဆက်ဆံရုံပေါ့။
-
တရုတ်သံမှူးကြီး ပြောသွားတဲ့ထဲမှာ ကိုးကန့်တွေ ဘုရားစေတီကို တူနဲ့ထုတဲ့ ကိစ္စပါတယ်။ အမှန်တော့ မြောက်ပိုင်းမှာ ကိုးကန့်က ဘုရားကိုတူနဲ့ ထုဖြိုတာတင်မဟုတ်ဘူး ဘုန်းကြီးကျောင်းတွေကို ပါဗုံးခွဲဖျက်စီးတယ်။ TNLA တို့လည်း နမ့်ခမ်းမြို့ဦးက စေတီကိုဖြိုပြီး ဌာပနာတွေဖောက်သွားသေးတယ်။
-
ဘုရားဆင်းတုတွေ ဘာသာရေးအထိမ်းအမှတ်တွေ ဖျက်စီးပစ်တာတွေလည်းရှိတယ်။ ပညာရည်နိမ့်တဲ့ ယဉ်ကျေးမှုဘာသာမရှိတဲ့သူတွေ လက်နက်ကိုင်ထားရင် ယဉ်ကျေးမှုတို့အမွေအနှစ်တို့ ဆိုတာနားမလည်တော့ဘူး။
-
ကိုးကန့်တို့ TNLA တို့ ဖြိုဖျက်လိုက်တဲ့ စေတီတွေထဲမှာ တန်ဖိုးကြီးတဲ့ရတနာပစ္စည်းအများကြီးမရှိဘူး။ တကယ်လို့များ ဗုဒ္ဓဘာသာကို အလေးမထားတဲ့သူတွေ မြန်မာပြည်ကို သိမ်းလိုက်နိုင်ပြီဆို ရွှေတိဂုံဘုရားကို အန္တရယ်ပေးမလားလို့တွေးမိတယ်။ ရွှေတိဂုံဘုရားမှာ လောကီတန်ဖိုးရှိ ပစ္စည်းတွေကော လောကုတ္တရာ အမွေဖြတ်လို့မရတဲ့ တန်ဖိုးရှိပစ္စည်းတွေကောရှိတယ်။
-
ဘာအကျိုးမှမရှိတာတောင် အာဖဂန်နစ္စတန်မှာ ယူနက်စကို အသိအမှတ်ပြု သမိုင်းဝင်ဗုဒ္ဓရုပ်ပွားတော်တွေကို တစ်ကမ္ဘာလုံးတားနေကြလျက်နဲ့ ဖြိုပစ်ခဲ့တဲ့သာဓကတွေရှိခဲ့တယ်။ ဘာတန်ဖိုးမှမရှိတဲ့ စေတီထဲကဌာပနာကိုတောင် ဖြိုယူတာ မြန်မာနိုင်ငံက ရွှေတန်ချိန်ပေါင်းများစွာရှိတဲ့ ရွှေတိဂုံဘုရားကို အကြမ်းဖက်တွေ လောဘတက်မှာ သေချာပါတယ်။
-
အခုမြန်မာနိုင်ငံမှာ ဘာမှမတွေးဘူး စစ်တပ်ကိုဖြုတ်ချဖို့ အရေးကြီးတယ်ဆိုတဲ့ သူတွေရှိတယ်။ သူတို့ကအမုန်းတရားရယ်၊ အာဃာတရယ်၊ မှိုင်းရယ်တွေကြောင့် အမှန်မမြင်နိုင်တော့ဘူး။ ဒါကြောင့်မြန်မာနိုင်ငံနဲ့ ဗုဒ္ဓဘာသာအတွက် သူတို့ကိုအားကိုးယုံကြည်လို့ မရတော့ဘူး။
-
စစ်တပ်မရှိတော့တဲ့ ကိုးကန့်ဒေသအပါအဝင် ရှမ်းပြည်မြောက်ပိုင်းမှာ ဗုဒ္ဓဘာသာတွေအထွဋ်အမြတ်ထားတဲ့ စေတီပုထိုးတွေ ဖျက်စီးနေတာ ဘယ်ပြည်သူတွေ တားလို့ရလဲ။ သူပုန်ဖက်က သေနတ်ကိုင်ပြီး ဝင်တိုက်ပေးနေတဲ့ ဗမာတွေကောတားလို့ရလား။ ဝင်တိုက်ပေးနေတဲ့ သေနတ်ကိုင်ထားတဲ့ ဗမာဆိုသူတွေတောင်တားလို့မရရင် သေနတ်မရှိတဲ့ သာမန်ပြည်သူတွေ ဘယ်လိုတားမလဲ။ မြောက်ပိုင်းစစ်မှာ သတိပြုစရာတွေအများကြီးဖြစ်လာတယ်။
-
လက်နက်ကိုင်သူပုန်တွေရဲ့ လုပ်နေပုံတွေရယ် စစ်တပ်ဖြစ်ပျက်နေတာတွေရယ်က မြန်မာနိုင်ငံသားတွေ သတိပြုစရာတွေအများကြီးဖြစ်လာတယ်။ မြန်မာနိုင်ငံကို တကယ်ကာကွယ် စောင့်ရှောက်ရမယ့်သူတွေက မြန်မာနိုင်ငံသား ပြည်သူတွေပဲဆိုတာ မြင်တဲ့အထိတွေးကြည့်ပါ။ စစ်တပ်ရှုံးရင်ပြီးရောကွာ ရွှေတိဂုံဘုရားကြီး ဖြိုလည်းလက်ခံတယ်ကွာ ဆိုတဲ့သူတွေ မကြာခင်ပေါ်လာနိုင်တယ် ဆိုတဲ့အထိတွေးပါ။
-
ကာကွယ်ချင်ရင် ပေါက်ကရပြောတဲ့သူတွေ့ရင် ပေါက်ကရလာမပြောနဲ့လို့ ကျယ်ကျယ်ပြန်အော်လိုက်။ လိုအပ်ရင်ထတီးလိုက်ပေါ့။ မတွေးချင်လည်းသဘောပဲ။



မိုးတင့်ဆွေ(ရန်ကုန်တက္ကသိုလ်)

Think about It

          In Governor’s Residence on 24 January, Chinese Minister Counsellor Dr. Zheng Zhihing said, “China will stand on Myanmar’s side for truths in the international arena as some countries are unilaterally taking actions against China and Myanmar”.

          He said a lot of things including military affairs of northern armed groups. I hereby would not discuss some matters. We have to watch whether China could restore the peaceful situation in northern Myanmar as before 1027 operation or not.

          It is meant that we have to consider whether China is actually helping Myanmar or pretending to a good neighbouring country for Myanmar by watching whether Myanmar government can control the rest in northern Myanmar except for some concerned areas or not. If China is making pretending, we have to do acts like it does. The incident of the Kokang group’s act of hitting a pagoda was also included in Chinese Minister Counsellor’s speaking. Indeed, the Kokang group not only hit a pagoda but also blew up monasteries in northern Myanmar. TNLA also demolished a pagoda near the entrance to Nam Kham and plundered the treasures housed inside it.

          Again, they destroyed Buddha Images and religious markings. If uneducated people upholding scepticism about culture and religion take up arms, they do not understand cultural heritage.

          There had no many treasures inside the pagodas demolished by Kokang and TNLA groups. What I am wondering is that Shwedagon Pagoda would be harmed if those who have scepticism about Buddhism conquered Myanmar. There have been a lot of treasures beyond price in the Pagoda for worldly goods and Buddhism as well.

          For instances, UNESCO-approved historic Buddha Statues in Afghanistan were destroyed although international community tried to stop them. Witnessing terrorists’ plunder of treasures housed inside the pagoda, it is sure that they would be definitely greedy if they saw a lot of tons gold inside Shwedagon Pagoda.

          Nowadays, there are people who are just thinking how to topple disintegrate the Tatmadaw. They cannot see the truths due to hate, grudge and bad influence being instigated. Myanmar people can no longer convince them for Myanmar and Buddhism.

          No civilians could not protect against the wreckage of pagodas and stupas sacred to Buddhist people in Shan State (North) including Kokang area because of lack of military forces. Could some Bamar people who join insurgent groups for fighting the Tatmadaw deter it? How ordinary people can deter such acts even if armed Bamar people joining in the fight were not able to deter terrorists’ acts? A lot of awareness was witnessed in armed clashes in northern Shan State.

          Again, there is a lot of awareness by seeing vandalism of armed insurgents and military affairs. You all should think about the situation until you realize that only Myanmar people have to defence and safeguard our country. You also should think about the rise of some people in near future, who just want the military force to be defeated, even if Shwedagon Pagoda would be demolished.

          If you want to defence the country, you guys should speak out loudly to those who are saying stupid words that “Don’t say any stupid words”. You guys should beat them if needed. If you don’t think about such kind of situation, it is up to you.

Post a Comment

Previous Post Next Post