ကော့ကရိတ်မြို့ရှိ ပြည်သူပိုင်နေအိမ်များအား စကစတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ Ayeyarwaddy Times မှ ဗြောင်လိမ်ရေးသား

Views


ကော့ကရိတ်မြို့ရှိ ပြည်သူပိုင်နေအိမ်များအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်နေ့ ခရိုင်ကျေးလက်မွေး/ကု၊ ဆည်မြောင်းရုံးနေရာ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်တွင် ရပ်ကွက် (၅၊ ၇)နေရာ၊ ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် ရပ်ကွက် (၇)နေရာ၊  ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်တွင် ရပ်ကွက် (၇)နေရာ၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်တွင် အမှတ် (၇) ရပ်ကွက်နေရာ၊ ဇန်နဝါရီလ ၁၄ ရက်တွင် အမှတ် (၃) ရပ်ကွက်နေရာ၊ ဇန်နဝါရီလ ၂၅ ရက်တွင် ရပ်ကွက်(၅)နေရာနှင့် ဇန်နဝါရီလ ၂၇ ရက်တွင် အ.မ.က (တောင်ပေါ်ရပ်)ကျောင်းနေရာများအား KNU/ PDF အဖွဲ့များက ၈ ကြိမ်တိုင်တိုင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး မီးငြိမ်းသတ်သူ မီးသတ်တပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးအဖွဲ့ဝင်များကိုလည်း နှောက်ယှက်ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ကြကြောင်း ဒေသတွင်းသတင်းများအရသိရှိရပါတယ်။ KNU/ PDF အဖွဲ့တွေက ပြည်သူပိုင်နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းကို Ayeyarwaddy Times မှ စကစတပ်ဖွဲ့ဝင်များအား အများပြည်သူများ မုန်းတီးစေရန် အပုတ်ချကာ ဗြောင်လိမ်ရေးသားထားခြင်းသာဖြစ်ပါတယ်။

Disinformation

https://t.me/factcheckmm
 

Post a Comment

Previous Post Next Post