လားရှိုးမြို့တွင် ဆိုင်ကယ်ဗုံးပေါက်ကွဲ

Views


ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့ပေါ် အမှတ် ၃ ရပ်ကွက်ရှိ RD ကုန်မာဆိုင်ရှေ့တွင် ယနေ့ မွန်းလွဲ ၂ နာရီ ၅ မိနစ်အချိန် ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။

-


"ဆိုင်ကယ်ပေါ်မှာ ဗုံးထောင်ထားတာ။ ပေါက်ကွဲသံက နှစ်ချက် အကျယ်ကြီးပဲ။ လူတော့ ထိခိုက်တာမရှိဘူး။ ဗုံးပေါက်တာက RD ကုန်မာဆိုင်ရှေ့မှာပေါက်တာ။ ဗုံးပေါက်ပြီးတော့ မီးလောင်နေလို့ ကုန်မာဆိုင် ဝန်ထမ်းတွေနဲ့ အနားက လူတွေက ရေနဲ့ ဖြန်းပြီး ငြိမ်းတာတွေ့တယ်။ ဗုံးကွဲ အသံတော့ အတော်ကို ကျယ်တာ။ လူထိခိုက်တာမတွေ့ဘူး" ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။



#crd

Post a Comment

Previous Post Next Post