SoftPower

Views

 




သောင်းကျန်းသူ အဖွဲ့တစ်ဖွဲ့၊ တနည်းပြောရရင် သူပုန်အဖွဲ့တစ်ဖွဲ့ အားကောင်းလာတဲ့အခါ အဲဒီသူပုန်အဖွဲ့ကို နှိမ်နင်းဖို့ ဒါမှမဟုတ် ထိန်းချုပ်ဖို့ မဖြစ်မနေ ဆောင်ရွက်ရတာက တည်ဆဲအစိုးရတိုင်းရဲ့ တာဝန်ပါ။

-

ဒီလို နှိမ်နင်းမှု၊ ထိန်းချုပ်မှုတွေ လုပ်ဆောင်တဲ့နေရာမှာ Hard Power တစ်ခုတည်း၊ ကိုယ်တပ်အင်အား တစ်ခုတည်းနဲ့နှိမ်နင်း ထိန်းချုပ်မယ်ဆိုရင် ပိုပြီးခက်ခဲနိုင်ပါတယ်။

-

ကိုယ့်တပ်တွေလည်း လိုအပ်တာထက်ပိုပြီး ပင်ပန်းရ ပေးဆပ်ရတတ်ပါတယ်။

-

ဒါကြောင့် ဘယ်လိုနှိမ်နင်းသင့်သလဲလို့ အကြံပြုရရင် Soft Power နဲ့ Hard Power ကို ဟန်ချက်ညီစွာ အသုံးချပြီး နှိမ်နင်းထိန်းချုပ်သင့်ပါတယ်။

-

အကောင်းဆုံးကတော့ Soft Power ပါပဲ။ Soft Power အားကောင်းရင် ရန်သူကို တိုက်စရာမလိုဘဲ လက်နက်ချလာအောင်လုပ်နိုင်စွမ်းရှိပါတယ်။ သူပုန်မပေါ်အောင်လည်း Soft Power က ထိန်းကျောင်းနိုင် စွမ်းလည်း ရှိပါတယ်။

-

ဆွန်ဇူး ရဲ့ စစ်ပညာကျမ်းမှာ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာတိုက်နိုင်တဲ့ စစ်သူကြီးကို အကောင်းဆုံးစစ်သူကြီးလို့ မဆိုထိုက်၊ တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာ တိုက်စရာမလိုဘဲ ရန်သူက အလိုလို လက်နက်ချသွားအောင် လုပ်နိုင်တဲ့ စစ်သူကြီးကသာ အကောင်ဆုံး၊ အတော်ဆုံးစစ်သူကြီးလို့ ခေါ်ထိုက်တယ်လို့ ဆိုထားပါတယ်။ ဒါဟာ Soft Power ရဲ့ အရေးပါမှုကို တရုတ်စစ်သူကြီး ဆွန်ဇူးက လွန်ခဲ့တဲ့နှစ်ပေါင်း ၂၅၀၀ လမ်းပြခဲ့တာပါ။

-

ဒီကနေ့ အမေရိကန် တရုတ် ရုရှား တို့ဟာလည်း သူတို့တွေရဲ့ အကျိုးစီးပွားအတွက် နေရာတကာမှာ သူတို့တပ်တွေကို စေလွှတ်ပြီး Hard Power နဲ့ နှိမ်နင်းအကောင်ထည်ဖော်ဖို့ မဖြစ်နိုင်မှန်းသိတဲ့အပြင် ကန့်သတ်ချက်တွေ ရှိနေတာမို့ နိုင်ငံရေး၊ စီပွားရေး ၊သံတမန်ရေးအရ လွှမ်းမိုးနိုင်ရေးကြိုးပမ်းခြင်း၊ သူပုန်မွေးပြီး စေခိုင်းထိန်းကျောင်းခြင်း၊ ကြားခံစစ်ထားပြီး ကိုယ်စားစစ်ဆင်နွှဲစေခြင်း၊ ရုပ်သေးအစိုးရ၊ ဩဇာခံအစိုးရတွေ ထားရှိနိုင်ရေး ဆောင်ရွက်ခြင်းတွေကို အဆင့်လိုက်လုပ်ဆောင်နေတာ တွေ့ရမှာဖြစ်တယ်။

-

စစ်ပွဲမှာတောင် လက်နက်ခဲယမ်း ထောက်ပံ့ရတဲ့ အဆင့်၊ ငွေကြေးထောက်ပံ့ရတဲ့အဆင့် ကြားခံစစ် ထားရတဲ့အဆင့်၊ ကိုယ်တိုင်ပါဝင်ရမယ့် အဆင့်ဆိုပြီး ဒီလိုအတန်းတွေ ခွဲထားတာတွေ့ရပါလိမ့်မယ်။

-

ဒါကြောင့် ပြောချင်တာ ဒီလောက်သူပုန်များလွန်းတဲ့ တိုင်းပြည်မှာ တပ်အင်အားတစ်ခုတည်းနဲ့ နှိမ်နင်းတာဟာ ပြည့်စုံလုံလောက်ဖို့ ခက်ခဲနိုင်ပါတယ်။ နိုင်ငရေးအရ Soft Power ၊ စစ်ရေးအရ Hard Power တွေကို စစ်မျက်နှာ တစ်ပြိုင်တည်းဖွင့်ပြီး သောင်းကျန်းသူတွေကို နှိမ်နင်းထိန်းချုပ်သွားသင့်ပါတယ်။

-

ဦးစွာလုပ်သင့်တာက သူပုန်တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကြားဆက်ဆံရေးကို အဆက်အသွယ် ပြတ်တောက် သွားအောင် နိုင်ငံရေးပါဝါမြှင့်တင်ရပါမယ်။ သံတမန်ပါဝါမြှင့်တင်ရပါမယ်။ ဘယ်လိုမြှင့်တင်ရမလဲဆိုတာကိုတော့ ကျွန်တော် အရင်ရေးဖူးလို့ မရေးတော့ပါဘူး။ ပညာရှင်တွေ အကြံပေးကြစေချင်တယ်။

-

ဒါဟာ ရန်သူအင်အားချိနဲ့စေရေး ဆောင်ရွက်ရမယ့် ပထမ အဆင့်ခြေလှမ်း Soft Power ဆိုပါတော့။

-

ဒုတိယအဆင့်က ရန်သူကို ထိန်းကျောင်း၊ ထိန်းချူပ်နိုင်မဲ့ လက်နက်ကိုင်အဖွဲ့တွေ ဖွဲ့စည်းပေးခြင်း အဆင့်ပါ၊ ဒီအဆင့်နဲ့ပတ်သက်ပြီး ယခုအခါ ပြည်သူ့စစ်တွေဖွဲ့ပြီး လက်နက်တပ်ဆင်ပေးနေတာတွေ့လို့ ဝမ်းသာမိတယ်။ နယ်မြေအခြေအနေကြည့်ပြီး လစ်ဟာမှုမရှိစေရေး ဆောင်ရွက်သင့်တယ်။ အင်အားကောင်းလာတဲ့ လက်နက်ကိုင် သူပုန်တွေရဲ့အနားမှာ မိမိတို့အားကိုးအားထားပြုရတဲ့ မိတ်ဖက်လက်နက်ကိုင်အဖွဲ့တွေကို စနစ်တကျ ဖွဲ့စည်းပေးပြီး ထိန်းချုပ်နိုင်ရေး ကြိုးပမ်းရမယ်။

-

ဖွဲ့စည်းပေးတဲ့နေရာမှာလည်း နောက်ခံသမိုင်းကြောင်းနဲ့ ဆက်စပ်ပြီးတော့ မှန်ကန်တဲ့ဖွဲ့စည်းပေးမှုမျိုး ဖြစ်သင့်တယ်။ ဥပမာ ကချင်ပြည်နယ်မှာဆိုရင် KIO/KIA ကိုထိန်းချုပ်ဖို့ ရှမ်းနီကို ပြည်သူ့စစ်ဖွဲ့ပေးတာ ဒါမှမဟုတ် BGF EAO စတဲ့ ပုံစံမျိုးနဲ့ မိတ်ဖက်အမာခံဖြစ်အောင် ဖွဲ့စည်းပေးပြီး နိုင်ငံရေးစားပွဲဝိုင်းပေါ်ဆွဲတင် ပေးတာ၊ ကချင်ပြည်နယ်ထဲက နယ်မြေတစ်ချို့ကို သူတို့ရဲ့အထူးဒေသအဖြစ် ပုံဖော်သတ်မှတ်ပေးဖို့ စီစဉ် ပေးမယ်ဆိုပါက အင်အားကောင်းလာတဲ့ KIA ကို Physical ရော Mental ပိုင်းမှာပါ ဒုက္ခပေးနိုင်စွမ်း ရှိလို့ ထိရောက် အောင်မြင်နိုင်ပါတယ်။

-

( ဒီအဆင့်ကတော့ Soft Power က နေ Hard Power ကို ကူးပြောင်းဖို့အားယူရတဲ့အဆင့်၊ အင်အားကောင်းလာပြီး တစ်ဖက်သောင်းကျန်းသူတွေကို ခြိမ်းခြောက်နိုင်စွမ်းရှိရင် ဒီအဆင့်မှာပင်ပြီးသွားတာမျိုး လည်း ဖြစ်နိုင်ပါတယ်)

-

တတိယအဆင့်ကတော့ အင်အားသုံးပြီး နှိမ်နင်း​ဖြေရှင်းခြင်းပါ။ Hard Power စစ်စစ်ကြီးဆိုပါတော့။ ဒါက အခုလည်း ဆောင်ရွက်နေပါတယ်။ ဒါပေမဲ့ ဒီနည်းလမ်းတစ်ခုတည်းနဲ့တော့ သောင်းကျန်းသူနှိမ်နင်းရေးဟာ ထိရောက်ဖို့ ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် သောင်းကျန်းသူ နှိမ်နင်းရေးဟာ စစ်ရေးသုံးသပ်ချက်ရေးသလို ဖြစ်နိုင်သမျှ နည်းလမ်းပေါင်းစုံကို စဉ်းစားပြီး အကောင်းဆုံးနည်းလမ်းကို ရွေးချယ်နှိမ်နင်းရပါမယ်။ Soft Power နဲ့ Hard Power ကို ကျွမ်းကျင်ပိုင်နိုင်စွာအသုံးချပြီး သောင်းကျန်းသူတွေကို နှိမ်နင်းနိုင်ပါစေ။

Crd:အောင်နိုင်သူ(ဇွဲကပင်)(30.1.24)


Post a Comment

Previous Post Next Post