ငါဗမာလူမျိုး .. ဘယ်နေရာသာသလဲ

Views


ဗမာတွေကြီးစိုးတယ်ဆိုတဲ့မြို့တွေမှာ ကြိုက်တဲ့ဘာသာစကားကို လွတ်လပ်စွာပြောခွင့်ရှိပေမယ့် တိုင်းရင်းသား ဒေသအတော်များများမှာ ဗမာစကားကို လက်လွတ်စပါယ်ပြောလို့မရဘူး.

(ငါဗမာလူမျိုး ဘယ်နေရာသာသလဲ...?)

-

ကျွန်တော် ရှမ်းမြောက်မှာ နေခဲ့တုန်းက ဗမာမုန်းတီးရေး စိတ်အခံရှိတဲ့ ရွာကြီးတစ်ရွာမှာ သွားနေခဲ့ရတယ်... အဲ့ဒီရွာကို ရောက်ရောက်ချင်း ဗမာစကားကို အဲ့ဒီရွာသားတွေရှေ့မှာ လက်လွှတ်စပယ် မပြောဆိုမိဖို့ သူငယ်ချင်းတွေက ရောက်ရောက်ချင်းသတိပေးတယ်...

-

ဘာဖြစ်လို့လဲဆိုတော့ လောလောဆယ် မင်းက မျက်နှာစိမ်းမို့တဲ့ မသိတဲ့သူတွေရှေ့မှာ အပြောအဆိုအနေအထိုင် ဆင်ခြင်လို့ သူငယ်ချင်းတွေက သတိပေးတယ်....

-

ရွာကိုရောက်ရောက်ချင်း အရင်ဆုံး ကျွန်တော်သွားခဲ့တဲ့ နေရာတွေကတော့ ခရစ်ယာန်ဘုရားကျောင်းနှင့် ရွာထဲက ဗီဒီယိုရုံပဲ ဖြစ်ပါတယ်.... ဤနေရာတွေကနေ မိတ်ဆွေရှာမယ် ယုံကြည်မှုတွေ တည်ဆောက်မယ် ရွာရဲ့ဓလေ့စရိုက်တွေကို လေ့လာမယ်ပေါ့....

-

နောက် ၃ လ လောက်ကြာလာတော့ ရွာထဲက လူတွေနဲ့ အတော်မျက်နှာတန်းမိလာပါတယ်.... အဲ့ဒီမှာ ကချင်တိုင်းရင်းသားများဖြစ်တဲ့ မော်ဒူးနှင့် ဇော်ဒူး ဆိုသည့် ညီအစ်ကို နှစ်ယောက်နှင့် မိတ်ဆွေစဖြစ်ကြတယ်... အခြား ရှမ်းတိုင်းရင်းသားတွေနဲ့လည်း ခင်ခင်မင်မင်ဖြစ်လာပါတယ်...

-

ထူးဆန်းတာက အဲ့ဒီ ရွာကြီးဟာ တစ်ချိန်က ရှမ်းတိုင်းရင်းသားတွေ အခြေပြုတည်ဆောက်ခဲ့တဲ့ရွာကြီး နောက်တော့ ကချင်တိုင်းရင်းသားတွေက အများစုဖြစ်လာသလို KIA ရဲ့ အမာခံရွာကြီးဖြစ်လာတယ် ဆိုပါစို့....

-

လနှင့်ချီကြာလာတော့ မော်ဒူးနှင့် ဇော်ဒူးတို့ ညီအစ်ကိုနှင့် ကျွန်တော်ဟာလည်း မိတ်ဆွေကနေ ညီအစ်ကို အရင်းတွေလို ဖြစ်သွားပြီး သူတို့ညီအစ်ကိုနှစ်ယောက်က မန္တလေးကို ရောက်ဖူးချင်တယ်ဆိုတာနဲ့ ကျွန်တော်က အကုန်ကျခံပြီး မန္တလေးကို အလည်ခေါ်လာတယ်... သူတို့ရဲ့ ဗမာမုန်းတီးရေး အစွဲကို ချွတ်ချင်တာလဲ ပါတာပေါ့...

-

သူတို့နှစ်ယောက်နှင့်အတူ လမ်းခရီးမှာ လားရှိုးမရောက်ခင်အထိ အကြိမ်ပေါင်း ၅ ကြိမ်လောက် လမ်းမှာ အစစ်ဆေး ခံရတယ်... စစ်ဆေးတဲ့အချိန်ဆို ယာဉ်ပေါ်ပါခရီးသည်တွေ အကုန်လုံး ယာဉ်အောက်ကို ခဏဆင်းပေးရတယ် .. အစစ်ဆေးခံရတယ်အလှည့်ကျ တန်းစီရတယ် သူတို့နှစ်ယောက်ကို ပြောပြတယ် တွေ့လား ငါလဲနင်တို့လို အစစ်ဆေးခံရတာပဲ..

(ငါဗမာ ဘယ်နေရာ သာသလဲလို့...?)

-

လမ်းခရီးမှာ ထမင်းအတူတူစားတယ် ဟင်းကိုလည်း ပုံစံတူ မှာစားတယ် ပြီးလျှင် ပိုက်ဆံရှင်းတဲ့အခါ သူတို့ကိုပြတယ်... တွေ့လား နင်တို့ စားတာလဲ တစ်ပွဲ ၈၀ (အဲ့ဒီ အချိန်က ထမင်းအဝစား တစ်ပွဲ ၈၀ကျပ်)ငါစားတာလဲ တစ်ပွဲ ၈၀

(ငါဗမာ ဘယ်နေရာသာသလဲ .. ?)လို့ မေးမိတော့ နှစ်ယောက်လုံးက ပြုံးပြုံးကြီးကြည့်ကာခေါင်းငြိမ့်ကြတယ်...

-

ဒီလိုနဲ့ မန္တလေးကိုရောက်ရောက်ချင်းသူတို့ဟာ ခရစ်ယာန်ဘာသာဝင်တွေ ဖြစ်ပေမဲ့ မဟာမြတ်မုနိဘုရားကြီးကို အရင်သွားမယ်ဆိုလို့ လိုက်ပို့ဖြစ်တယ်... မန္တလေးက အထင်ကရ နေရာတွေ လိုက်ပို့တယ် ရုပ်ရှင်သွားကြည့်တယ် အတူတူ ရုပ်ရှင်လက်မှတ်တန်းစီဝယ်တယ် ပြီးလျှင် သူတို့ကို ပြောပြတယ်...

(ငါဗမာ ဘယ်နေရာသာသလဲလို့...?)

-

ဒါတွေတင် ဘယ်ကမလဲ မန္တလေးက နာမည်ကြီး ကချင်ရိုးရာအစားအစာတွေ ရောင်းတဲ့ကချင်ဆိုင်တွေကို ခေါ်ပြတယ်... တွေ့လား ဒီဆိုင်ကို လာအားပေးတာ ဗမာတွေချည်းပဲဆိုပြီးပြတယ် တို့ဗမာတွေက ဒီဆိုင်က ခေါင်ရည်ကို ကြိုက်လို့ တကူးတကကို လာအားပေးကြတာနော် ဒါကချင်လူမျိုးဆိုင်ဆိုပြီး ဘယ်သူမှ ရှောင်မသွားဘူး တွေ့တယ်နော်လို့သူတို့ကို ပြောပြလိုက်တော့ သူတို့မျက်နှာလေး တစ်ချက်ညှိုးသွားပြီး ခေါင်းငြိမ့်ရှာတယ်...

-

ဘာဖြစ်လို့ မျက်နှာ ပျက်သွားတာလည်းလို့ ကျွန်တော်မေးမိလိုက်တယ် အိမ်ကို လွမ်းလို့လား နေမကောင်း လို့လားလို့ မေးမိလိုက်တော့... မဟုတ်ပါဘူး အစ်ကိုရယ် ငါတို့ထင်ထားတာနဲ့ တစ်ခြားစီ ဖြစ်နေလို့ပါ..... ငါတို့ နင်တို့ဗမာတွေအပေါ်မှာ မုန်းတီးစိတ်တွေများခဲ့တယ် ငါတို့ မန္တလေးကို ရောက်လာတော့ ငါတို့ထင်နေသလို တစ်ခုမှ မဟုတ်ဘူး ဗမာတွေက ငါတို့ထက် သဘောထားပြည့်ဝလွန်းလို့ ငါတို့အမှားကိုငါတို့ ခံစားမိလို့ပါတဲ့...

-

ကဲကဲ ထားပါတော့ စိတ်မကောင်း ဖြစ်မနေနဲ့ .. သွားကြမယ်ဆိုပြီး ၃၅ လမ်းထဲက နာမည်ကြီး ရှမ်းတိုင်းရင်းသားဆိုင်တွေကိုလဲ သွားထိုင်ပြီး ဗမာတွေအကြောင်းကို သူတို့ကို ပြောပြလိုက်တယ်...

-

တကယ်တော့ နင်တို့ငါတို့ဟာ ပြည်ထောင်စုဖွားတိုင်းရင်းသား ညီအစ်ကိုတွေဖြစ်တယ်.... စနစ်အမှားတွေ အတ္တတွေကြောင့်သာ မငြိမ်းချမ်းခြင်း မဖွံ့ဖြိုးခြင်းဆိုတဲ့ ဒုက္ခအဝဝကို ခံစားနေကြရတာဖြစ်တယ်...

-

ဘယ်ဗမာ မှ အလုပ်မလုပ်ပဲ မချမ်းသာသလို ဘယ်တိုင်းရင်းသားကိုမှ ဗမာအများစုက ချိုးနှိမ်နေတာ တွေ့ခဲ့သလားလို့ မေးမိနေရင်း...

-

ငါဗမာလူမျိုး ဘယ်နေရာသာသလဲ.....?



crd

Post a Comment

Previous Post Next Post