တပ်မတော်သွေးရဲကြောင်းပြသနေသည့် မိုးမိတ်ဗျူဟာ

Views


ဇန်နဝါရီလ(၁၈)ရက်ကစတင်ပြီး KIA နှင့်အပေါင်းအပါတပ်များက မိုးမိတ်မြို့ကို အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်နေသော်လည်း ယနေ့တိုင် သိမ်းယူနိုင်ခြင်းမရှိပါ။
-
မိုးမိတ်ဗျူဟာလက်အောက်ခံတပ်များမှ အရာရှိ/စစ်သည်တို့၏ တပ်မတော်သားပီသစွာ ရဲရဲဝံ့ဝံ့ တိုက်ပွဲဝင်နေ သလို အထက်အကြီးအကဲများ၏ ပံ့ပိုးကူညီမှုများကြောင့် ယခုလို ကြံ့ကြံ့ခံတိုက်ပွဲဝင်နိုင်ခြင်းဖြစ်သည်။
-
ဆုံးရှုံးသွားသည့် ပြည်ထောင်စုနယ်မြေများမှ ဖြစ်စဉ်များကို သုံးသပ်ပြင်ဆင်ပြီး တပ်မတော်သားများ နောက်ဆံ မတင်းဘဲ တိုက်ပွဲဝင်နိုင်အောင် တပ်မိသားစုဝင်များအား ဘေးကင်းရာသို့ ဘေးမသီရန်မခ ပို့ဆောင်ပေးနိုင်ခြင်း ဟာလည်း တိုက်ပွဲဝင်စစ်သည်များအတွက် ခိုင်မာသည့်တိုက်ပွဲဝင်စိတ်ကို ဖြစ်ပေါ်စေခဲ့သည်။
-
တပ်မတော်သမိုင်း မရိုင်းရလေအောင် အရာရှိ/စစ်သည်များနှင့်အတူ ရဲဝံစွာတိုက်ပွဲဝင်နေသည့် မိုးမိတ်ဗျူဟာမှူး ကြီးကို လေးစားမိပါတယ်။
-
မိုးမိတ်မြို့ ရန်သူ့လက်မကျနိုင်ပါဘူး၊ မိုးမိတ်ဗျူဟာနဲ့တပ်မတော်သားများ၏ ရဲစွမ်းသတ္တိကို ယုံကြည်ပါတယ်။

1 Comments

Previous Post Next Post